အခန်း ၅ / အခန္း ၅

391 36 0
                                    

Unicode

နေဝင်ချိန်ကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာပြီမို့ ဝမ်ရိပေါ်ဟာအလွန်ပင်စိတ်လှုပ်ရှားနေပါသည်။ ခြေလှမ်းတွေကတကြွကြွနဲ့ ရင်တွေကလည်းတခုန်ခုန်။ လေအေးတစ်ချက်ဝေ့သွားတော့ အအေးဒဏ်ခံနိုင်သည့် ဝမ်ရိပေါ်ရဲ့ရင်အစုံဟာသိမ့်ခနဲဖြစ်ရတယ်။ သူအရမ်းကိုပျော်နေတာရယ်။ ရှောင်းအိမ်တော်ဆီသွားရာလမ်းကတော့ လူသူပါးနေ၏။ ပုဇွန်ဆီရောင်နေအလင်းတန်းတို့က လမ်းကြိုလမ်းကြားလေးထဲကိုပင် ဖြာကျပေးနေသေးသည်။ ဝမ်ရိပေါ်သည် အမတ်မင်းရှောင်းရဲ့အိမ်တော်နဲ့နီးကပ်လာချိန်မှာတော့ လူအရိပ်အခြေကိုဝမ်ရိပေါ်ကကြည့်လိုက်ပါတယ်။ လမ်းကြားလေးထဲမှာ လူကရှင်းနေတယ်။ လမ်းထဲမှာသူကလွဲ၍ မည်သူမှရှိမနေ။ ဒီလောက်ဆိုရင်တော့ စိတ်ချရပါပြီ သူအမတ်မင်းရှောင်းကို ခေါ်လို့ရလောက်ပြီ။ အမတ်မင်းရှောင်းဟာ အခြားသူတွေနဲ့ဇယားရှုပ်ရတာကို မနှစ်သက်သူမှန်း ဝမ်ရိပေါ်သိတာမို့ လူမရှိမှန်းသေချာမှသာ တံခါးကိုခေါက်ဖို့ပြင်ရတယ်။ တော်ကြာနေ မလိုအပ်တဲ့အာရုံစိုက်မှုတွေကိုဆွဲခေါ်နေသလိုဖြစ်နေမယ်။ ပျိုမဒီတွေကြားရေပန်းစားတဲ့ အမတ်မင်းရှောင်းအိမ်ရှေ့မှာ လူတစ်ယောက်ကတံခါးလာခေါက်တာကို တံခါးဖွင့်ပေးတဲ့အမတ်မင်းရှောင်းရဲ့မျက်နှာကို့မင်သည်နှင့် မိန်းမပျိုတွေကသကြားခဲကိုပုရွက်ဆိတ်တွေဝိုင်းသလို ဝိုင်းလာကြတော့မှာလေ။ ပြုံးရွှင်နေသည့်မျက်နှာနှင့်ဝမ်ရိပေါ်က ယဉ်ကျေးမှုရှိစွာ အိမ်တော်ဝန်းထဲမဝင်မှီ တံခါးမကြီးကိုလက်နဲ့သုံးချက်ခေါက်ပါတယ်။

"အမတ်မင်းရှောင်း ရှိပါသလားခင်ဗျ ကျွန်တော် ဝမ်ရိပေါ်ပါ"

တံခါးမကြီးရဲ့အတွင်းဘက်ကနေ ခြေသံဖွဖွကို ဝမ်ရိပ်ါကြားရတယ်။ ခြေလှမ်းတွေကအလျင်လိုနေဟန်မပေါ်ဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ လျှောက်လှမ်းလာတယ်။ မနေ့ညကသူကြားခဲ့တဲ့ခြေသံတွေလိုပဲ၊ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ မနေ့ညကနဲ့ကွဲပြားစွာ ပေါ့ပါးသွက်လက်နေတယ်။ တိုးဖျလွန်းတဲ့ခြေသံကို ဝမ်ရိပေါ်ကမနည်းအားပြုနားထောင်ရတယ်။ ခြေလှမ်းတွေဟာအနီးကပ်ဆုံးကိုရောက်လာချိန်မှာတော့ တံခါးရွက်တစ်ခုကပွင့်သွားတယ်။ ထွက်ပေါ်လာသည်က အပြုံးတစ်ပွင့်နဲ့အမတ်မင်းရှောင်းကျန့်။ သာမန်အရပ်ဝတ်လေးသာဝတ်ထားတဲ့ အမတ်မင်းရှောင်းက သခင်လေးတစ်ဦးလိုပါပဲလား။ အင်္ကျီတွေကအရည်အသွေးမကောင်းသလို အရောင်အသွေးလည်းမလှသော်ငြား အမတ်မင်းရှောင်းရဲ့အရှိန်အဝါတွေကိုတော့ နည်းနည်းလေးမှမလျော့ပါးသွားစေ။ အမတ်မင်းရှောင်းသည်ကား တကယ်ကိုပင်နတ်ဘုရားတစ်ပါးအလား။ ရှောင်းကျန့်ရဲ့ညာဘက်လက်ထဲမှာ ကိုင်ထားတာကတော့ ဓားတစ်ချောင်းပင်။ သေချာမကြည့်ရှုရသေးသော်ငြား ဓားရိုးကိုမြင်လိုက်တာနဲ့တင် ပြုလုပ်သူကစိတ်ဝိညာဉ်ကိုပါနှစ်ပြီး အသေးစိတ်ပြုလုပ်ထားကြောင်းသိရနိုင်သည်။ ထိုဓားသည်ကား သိုင်းလောကထဲလှည့်လည်နေသည့် ဝမ်ရိပေါ်ပင်မမြင်ဖူးသော ဓားတစ်လက်ဖြစ်ပေတော့သည်။

Summer Of LuoyangWhere stories live. Discover now