အပိုင်း - ( ၂ )

99 3 0
                                    


" ဟေ့လူတွေ ခင်ဗျားတို့ရန်ဖြစ်တာအကြောင်းမဟုတ်ဘူးနော်၊
ဒီမှာကျွန်တော့်သူငယ်ချင်းရဲ့ခေါင်း ကိုလာထိတယ်ဗျ၊ သည်းမခံနိုင်ဘူးနော် ခင်ဗျားတို့အပြင်ထွက်မှာလား၊
မထွက်ဘူးလား မဟုတ်ရင် အဆိုးမဆိုနဲ့နော် "

ထိုသို့ မြတ်ပိုင်က ပြောတော့လိုက် မှဖြင့် ဟိုလူမှာ ရိန်းကိုကြည့်ပြီး အတော်လေးအားနာသွားမယ်ထင်လေသည် ထိုအချိန်ဆိုင်ရှင်ဦးလေးကြီးက ရောက်လာပြီးတော့။

" ဟေ့ မင်းသွားမှာလားမသွားဘူးလား၊ ငါရဲခေါ်လိုက်မှာနော်၊ ကျန်တာမင်းတို့ပြဿနာငါမသိဘူး၊ အခုငါ့ဆိုင်ထဲကထွက်သွားတော့၊ အပြင်မှာဖြစ်ကြ
ငါ့ဆိုင်မှာလာမဖြစ်ကြနဲ့၊ မင်းတို့ကြောင့်ဆိုင်မှာရှိတဲ့ငါ့ဧည့်သည်တွေစိတ်အနှောက်ယှက် မဖြစ်စေချင်ဘူး၊ လူကမွေးရင်လူလိုနားလည်မှပေါ့ကွ၊ သွားသွား အဲ့လိုမှမဟုတ်ရင် ငါရဲခေါ်မှာ၊
ငါ့ဆိုင်မှာဒါမျိုးလာမလုပ်နဲ့ကောင်လေး၊ အခုပဲ ရဲကိုဖုန်းဆက်လိက်ရမလားကွ "

ဆိုင်ရှင်ဦးလေးကြီးက ထိုသို့ပြောလိုက် တစ်ဖက် မှဖြင့်။

" မလုပ်ပါနဲ့ဗျာ ၊ ဦးလေးကိုအနှောက်အယှက် မပေးတော့ပါဘူး၊ ကျွန်တော်သွားမှာပါ "

ထို့နောက် သူသည် သူ့ရှေ့၌ရပ်နေသည့်
လူကိုမကြည်ကြည့်နှင့်တစ်ချက်ပြန်ကြည့်ကာ လှည့်ထွက်သွားတော့၏။
ထိုလူထွက်သွားပြီးနောက်၌တွင် ကျန်ခဲ့သည့်တစ်ယောက်ကပင် ဆိုင်ရှင်ဦးလေးကြီးအား တောင်းပန်စကားဆို၍။

" အခုလိုဖြစ်သွားလို့ ကျွန်တော်တောင်းပန်ပါတယ်ဗျာ၊
တကယ်တော့ သူအရင်ရန်စလို့ဖြစ်ရတာပါ၊ နောက် မဖြစ်စေရပါဘူး "

သူ့ဘက်က အလိုက်တသိ တောင်းပန်လာတော့လည်း ဆိုင်ရှင်ဦးလေးကြီးမှာ မနေသာ၍။

" အေ့လေ. . .ဘယ်လိုပဲဖြစ်ဖြစ် သူများဆိုင်မှာရန်ဖြစ်တာတော့မကောင်းဘူး "

" ကျွန်တော် နားလည်ပါတယ် ၊ ပြီးတော့ ၊ ဦးလေးကိုလည်းတောင်းပန်ပါတယ် "

" အေ နားလည်တယ်ဆိုလဲပြီးတာပါပဲ၊ နောက် မဖြစ်စေနဲ့ပေါ့၊ ဦးဆိုင်မှာရောက်နေကြတဲ့ဧည့်သည် တွေကိုတော့ အားနာဖို့တော့ကောင်းတယ်၊ ဟိုကကောင်လေးဆို
သူပစ်လိုက်တာတော်တော်နာသွားလားမသိဘူး၊
မင်းတို့ကြောင့်ဖြစ်တာဆိုတော့ သွားတောင်ပန်လိုက်အုံး "

နှလုံးသားသည် ညီအတွက်ဖြစ်စေWhere stories live. Discover now