အပိုင်း- ( ၂၂ )

19 1 0
                                    

" ခွမ်း "

" ဟား "

ညီထက်ဇော်ထက်ထဲမှ ရုတ်တရက် မြေပန်းအိုးလေးလွတ်ကျကာ တစ်စစီကွဲအပ်သွားတော့သည်။

သူသေချာကိုင်လာကာမှ ဘယ်လိုပင်လွတ်ကျသွားမှန်းကိုမသိချေ၊ မယုံနိုင်စွာအံ့ေဩာျလကြျ တစ်စဆီကွဲကြေသွားသော
မြေပန်းအိုးလေးဆီကြည့်ရင်း ညီထက်ဇော်တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားမိသည်။
ထိုစဉ် အမေဖြစ်သူမှာ သူ့အနားကိုရောက်ရှိလာပြီး ။

" ဟဲ့. . .ဘယ်လိုဖြစ်တာလည်းညီထက်ဇော်ရယ်. . .
ဒီမနက်ပဲဝယ်လာတဲ့ငါ့မြေပန်းအိုးလေးတော့ ကွဲပါပြီ
မင်းနှယ် ဘယ်လိုကိုင်လို့အခုလိုကျကွဲရတာလည်းနော်. . .
သွားပြီ ငါ့ပန်းအိုးလေး "

အမေဖြစ်သူက ပြောပြောဆိုဆိုနှင့် ပန်းအိုးကွဲစတွေကိုသေချာကောက်ယူထည့်လေသည်။

သူ့မှာတော့ ယခုချိန်ထိကြောင်နေတုန်းပင်၊
ဘယ်လိုဖြစ်သွားလည်းဆိုတာကို သူကိုယ်တိုင်သည်လည်းတွေး၍မရ။
ထိုအခါ ညီမဖြစ်သူကပါ ပြေးရောက်လာခဲ့ပြီး။

" ဘာဖြစ်လို့လဲအမေ "

" ဘာဖြစ်ရမှာလဲ. . .နင့်အကိုလေ ပန်းအိုးကိုကျကွဲအောင်ဘယ်လိုလုပ်လိုက်လဲကိုမသိဘူး တကယ်ပဲ ရှားရှားပါးပါး အရောင်လေးကချစ်စရာကောင်းလွန်းလို့ဝယ်လာခဲ့တာ အခုတော့ ညီထက်ဇော်လုပ်လိုက်တာ သွားကုန်ပြီ အသစ်ထပ်ဝယ်မှရတော့မယ် ဟွန်း "

ဆိုရင် အမေဖြစ်သူက ပန်းအိုးစတွေကိုသိမ်းပြီးထထွက်သွားခဲ့လေသညျ။
အမေဖြစ်သူထွက်သွားသည့်အခါမှ သူ၏ညီမဖြစ်သူကရယ်နေ၍။

" ကိုကိုကလည်းနော်. . .စိတ်တွေဘယ်ရောက်နေတာလဲ ၊ ခါတိုင်းအဲ့လိုမဖြစ်ဖူးပါဘူး မှန်မှန်ပြော ဘယ်တစ်ယောက်ဆီစိတ်ကရောက်နေတာလဲ "

" မဟုတ်ပါဘူး ညီမလေးရယ်. . . ကိုယ်သေချာကိုင်လာတာပါ ကိုယ်လည်းဘယ်လိုဖြစ်သွားမှန်းကိုမသိလို့ စဉ်းစားနေတာ "

" အင်. . .ဒါမှမဟုတ် နိမှိတ်ပြတာမျိုးလား တစ်ချို့လူကြီးတွေပြောတာညီမလေးကြားဖူးတယ်
တစ်ခုခုဖြစ်တော့မယ်ဆိုရင် ဘုရားပန်းလည်းနေရင်းနဲ့ရုတ်တရက်ကြီးပန်းအိုးကျကွဲတာတို့၊ သစ်ကိုင်ကိုယ့်ရှေ့လာကျတာတို့ အများကြီးပဲသိလား အဲ့လိုဘာမှမလုပ်ပဲသူ့ပါသူကျတာက ကောင်းတဲ့နိမှိတ်ပေးသလို မကောင်းတဲ့နိမှိတ်ပေးတာမျိုးလဲ ဖြစ်တယ်တဲ့ "

နှလုံးသားသည် ညီအတွက်ဖြစ်စေNơi câu chuyện tồn tại. Hãy khám phá bây giờ