အပိုင်း - ၄၈

16 1 0
                                    

ွကျွန်တော် ဘာလုပ်ရမှန်းမသိတော့လို့ တစ်ယောက်ထဲ ခြံအနှောက်ဘက်ရှိ အုတ်တန်းလေးမှာထိုင်နေခဲ့သည်။

ဦးလေးရဲ့စကားတွေကိုပြန်ကြားယောင်မိတိုင်း
ကျွန်တော် ဝမ်းနည်းမိသည်။

ကျွန်တော်အမေ့ကို မဆုံးရှုံးချင်ဘူး အမေ့ကို
ကျွန်တော့်အနားမှာပဲရှိနေစေချင်တယ် အမေရှိမှ
ကျွန်တော့်ဘဝက လန်းဆန်းတက်ကြွနိုင်မှာမို့လို့ပင်။

ကျွန်တော်ငယ်ငယ်လေးထဲက အဖေကဆုံးသွားခဲ့သည်။
အဖေဆုံးခဲ့စဥ်အချိန်က ကျွန်တော်အရမ်းငယ်သေးလို့ အဖေ့ကို ဆုံးရှုံးလိုက်ရမှန်းလည်းမသိခဲ့ဘူး။ ငိုရမှန်းလည်းမသိခဲ့ပါဘူး။
အဖေမရှိတော့ အမေကပဲ ကျွန်တော့်ကို ကျောင်းထား ကျွေးမွေးစောင့်ရှောက်ခဲ့ရသည်။

ကျွန်တော် ၅ တန်းရောက်တော့ အမေက ကျန်းမာရေးကြောင့် အလုပ်နားခဲ့ရသည် ကျွန်တော့်ကိုကျောင်းဆက်တက်ဖို့ပြောနေပေမယ့်
အမေ မနိုင်ခဲ့ဘူး။
တစ်ခါတလေ အလုပ်ထဲမှာသတိလစ်တာတွေရှိတော့ ကျွန်တော်စိတ်ပူပြီး အမေ့ကိုအလုပ်မလုပ်ပါနဲ့လို့တောင်ငိုပြီးပြောခဲ့ဖူးသည်။

ွအမေ့ကိုကြည့်ပြီး ပင်းပန်းလာလို့ မကြည့်နိုင်တော့တာနှင့် ကျွန်တော်ကျောင်းထွက်ပြီးအလုပ်
လုပ်မယ်အမေလို့ ပြောခဲ့စဥ်က အမေက မရ၊
ခေါင်းခါခဲ့သည်။

ဒါတောင် ကျောင်းကနေပြန်ရင် အမေမသိအောင်
ကျွန်တော် စားသောက်ဆိုင်တွေမှာသွားပြီး ပန်ကန်ဆေးခဲ့သေးသည်။
ရတဲ့ပိုက်ဆံက ေငွ''၁၀၀၀၀ လောက်ဆိုပေမယ့် တစ်ခါတလေ မစာနာတဲ့လူနဲ့တွေ့ရင်
ငွေက အဲ့လောက္ထိမရပါချေ။
ခလေးပဲဆိုပြီး မုန့်ဖိုးလောက်သာပေးတက်ပါသည်။

အဲ့ဒီရလာတဲ့ပိုက်ဆံလေးနဲ့ အမေ့အတွက် အမေစားချင်တာကိုဝယ်သွားလေ့ရှိပါသည်။
အိမ်ရောက်ရင် အမေက ဘယ်ကပိုက်ဆံတွေလဲ
မမေးပေ။
အမေ့စိတ်ထဲမှာတော့ ကျွန်တော်လုပ်ရက်တွေကိုသိနေမှာပါပဲ။
အမေ မမေးတော့ ကျွန်တော်ပျော်နေခဲ့ရတယ်
ကျွန်တော်လုပ်အားခကြောင့် ရလာတဲ့ပိုက်ဆံနဲ့
အမေ့အတွက်ဝယ်ခဲ့ပေးတဲ့ စားစရာတွေကို
ယူလို့ ကျွန်တော်အရမ်းပျော်နေခဲ့တယ်။

နှလုံးသားသည် ညီအတွက်ဖြစ်စေWhere stories live. Discover now