အပိုင်း - ၅၅

13 1 0
                                    

" မလာဘူး "

" ဘာဖြစ်လို့လဲ "

" အစ်ကိုပဲ စိတ်ဆိုးနေပြီးတော့ "

အဲ့ဒါကြည့်တော့ပေါ့။
ကျွန်တော်ဘယ်လိုလုပ်ပြီး ညီအပေါ်မှာ ကြာကြာ
စိတ်ဆိုးနိုင်မှာလည်း။
နောက်ဆုံးတော့ ကျွန်တော်ကပဲ အလျှော့ပေးရပြန်ပါပြီ။

" မဟုတ်တာ. . .ကိုယ်အခု ညီနဲ့မတွေ့ရတာဘယ်လောက်ကြာပြီလဲ ဖုန်းနဲ့လည်းစကားမပြောရဘူး အဲ့ဒါကြောင့် ညီနဲ့တွေ့ဖို့ပြောရတာ
ကိုယ်မင်းကိုစိတ်ဆိုးလို့မဟုတ်ပါဘူး  "

" အဲ့ဒါဆို ဘာလို့စောနက စိတ်တိုနေသေးတာလဲ
အစ်ကို ကျွန်တော့်ကို ဒေါသတွေထွက်နေတာမို့လား စကားပြောတာကအစ ခပ်ဆက်ဆက်နဲ့ "

" မဟုတ်ပါဘူးကွာ. . .ကိုယ်အဲ့လိုပြောမိခဲ့တာဆိုရင် ကိုယ်တကယ်တောင်းပန်ပါတယ်
ကိုယ်ကလေ ညီကို အရမ်းစိုးရိမ်သွားလို့ပါ "

" ကျွန်တော်က ဘာဖြစ်နေလို့လဲ
မပြောချင်ဘူး ဖုန်းလေးမကိုင်မိတာကို လူကိုလာပြီး စိတ်တိုနေရတယ်လို့ သူ့ရည်းစားလည်းမဟုတ်ပဲနဲ့ အဲ့လိုလေသံမာမာပြောတာကို မကြိုက်ဆုံးပဲ "

" အာ. . .ဟုတ်ပါပြီညီရယ်. . .ကိုယ်မှားသွားပါတယ် ကိုယ်တောင်းပန်တယ်နော် တကယ်ပဲကိုယ်ကစိတ်လောသွားလို့ပါ
ကိုယ့်ကို စိတ်မဆိုးနဲ့နော် ညီ "

ယခုတော့ ညီထက်ဇော်မှာ သူကိုယ်တိုင်စိတ်မဆိုးရလေပဲ ညီဖြစ်သူကသာ စိတ်ပြန်ကောက်သွားလေတာကြောင့် ချစ်ရသူလေးစိတ်ကျေနပ်အောင် အရင် ချော့ကာပြောနေရလေသည်။

တံခွန်နွေကတော့ သိတဲ့အတိုင်း အစ်ကိုဖြစ်သူနဲ့ဆိုလျှင် သူကြီးပဲ စိတ်ကောက်ပစ်ဖို့ တွေးထားလေသလား မသိ၊
ယခုလည်း စိတ်က အလိုမကျသေးဟန်နှင့်။

" ဆိုးတာပေါ့ အစ်ကိုက ဘာအပြစ်မှမလုပ်ပဲ
လာပြီးအရင် စိတ်ဆိုးပြတာကို "

" ဟုတ်ပါတယ် ညီမှာအပြစ်မရှိပါဘူး ကိုယ်ကသာ မဆငျမခြဥျပွောလိုက်မိလို့ ကိုယ့်မှာပဲအပြစ်ကရှိပါတယ် အဲ့ဒီအတွက် ကိုယ်တကယ်တောင်း
ပန်နေတာပါ "

တံခွန်နွေ စိတ်ပြေသွားဟန်ဖြင့် အနည်းငယ်ပြုံးမိလေသည်။

" အဲ့ဒါဆို နောက်တစ်ခါ အဲ့လိုစကားမျိုးမပြောရဘူး ဘယ်တော့မှ ကတိပေး "

နှလုံးသားသည် ညီအတွက်ဖြစ်စေWhere stories live. Discover now