အပိုင်း - ၅၆

25 1 0
                                    

ရုံးခန်းထဲတွင် ညီထက်ဇော်တစ်ယောက်တည်း
ခုံမှာထိုင်ပြီး သူ့ရှေ့စာပွဲပေါ်၌အသင့်ထိုးထားသည့် ပန်းပွင့်လေးများကို ငေးငေးမိုင်မိုင်နဲ့ကြည့်ပြီး
လက်နှင့် အသာယာထိတွေ့ကာ
တစ်ခုခုကိုစဥ်းစားနေသလို၊ သူအတွေးများ
ဝင်နေမိသည်။

အခန်းထဲသို့ ခန့်သော်ဝင်လာသည်ကို
ညီထက်ဇော်သိသည်။
သို့သော် သူခန့်သော်ကို ဘာမှမပြောခဲ့။
ခန့်သော်က ညီထက်ဇော်ဆီကြည့်ပြီး စာပွဲအနားကိုလျှောက်လာကာ။

" ကိုလေးညီ ကျွန်တော်စာရင်းတွေပြီးလို့ လာပို့တာပါ "

" ထားခဲ့လိုက် "

ညီထက်ဇော် တဈခြက်မြှမော့မကွညျ့လပေဲ ခန့်သော်ကို တစ်ခွန်းတည်းပြောလိုက်သည်။
ခန့်သော်လည်း ကြောင်နေပြီး ခေါင်းကိုကုတ်၍
စာအုပ်ကို စာပွဲပေါ်သို့အသာတင်ပေးလိုက်ပြီး
နောက်
ညီထက်ဇော်ဆီတစ်ချက်ကြည့်ကာ အခန်းထဲမှ
ထွက်ခဲ့တော့သည်။

အလုပ်ဆိုက်ထဲတွင်တော့ ဝမ်တန်းအချင်းချင်း
တီတိုးပြောဆိုနေတာကအစ။

" ဟဲ့
ဟိုကောင်လေးလည်း လာတာမတွေ့တော့ဘူးနော် ကိုလေးညီရဲ့ ညီလို့တော့ပြောတာပဲ အရမ်းချောတာနော် အမလေး ငါလေ မြင်မြင်ချင်း ဘယ်လိုတောင်ဖြစ်သွားလဲကိုမသိတာဟယ်. . .
တကယ်ချစ်စရာလေး "

ထိုသို့ဝမ်တန်းမလေးတစ်ဦးက စကားအရင်စပြောလာစဥ် တခြားဝမ်တန်းတွေကပါ တစ်မျိုးဆီပြောလာကြတော့သည်။

" ငါကြားတာတော့ ကိုလေးညီမှာက ညီမရှိဘူးတဲ့
ညီမလေးတစ်ယောက်တည်းရှိတာတဲ့နော် ဟိုတစ်ခါလာတဲ့ ကောင်လေးက သူ့ညီမဟုတ်လောက်ဘူး သူငယ်ချင်းပဲဖြစ်မှာ "

ဒီတစ်ခါတော့ တခြားဝမ်းတန်းမလေးတစ်ယောက်က ဝင်၍ပြောလာလေသည်။

" သူငယ်ချင်းကလည်း မထင်ရဘူးနော် ခလေးလေးအတိုင်းပဲ ချစ်စရာလေး နောက်ပြီး ကိုလေးညီကလည်း နှုတ်ကနေ တညီညီနဲ့ခေါ်နေတာ မသိရင် သူတို့နှစ်ယောက်က တကယ့်ညီအကိုတွေလိုပဲ
အရမ်းချစ်နေကြတယ်နော် မဟုတ်မှ သူတို့နှစ်ယောက်က ဘာညာ ဘာညာလား "

"
ဟယ်း. . .သူတို့နှစ်ယောက်က တကယ်ပဲ ဘာတွေလဲ ငါစိတ်ဝင်စားလာပြီနော် "

နှလုံးသားသည် ညီအတွက်ဖြစ်စေWhere stories live. Discover now