Pt.2

3.3K 356 170
                                    

အပြန်ကားပေါ်တွင် တိတ်ဆိတ်နေသောနှစ်ယောက်သား.. အသွားတုန်းကထက်ကို ပိုတိတ်ဆိတ်နေတာ..

အိမ်ပြန်ရောက်တော့ ကိုယ့်အခန်းကိုယ်စီထဲ၀င်သွားကာ ကုတင်ပေါ်တွင် ထိုးအိပ်လိုက်ကြလေသည်...

~~~~~~~~~~~××××××××××~~~~~~~~~~~

မနက် Seokjin နိုးလာတော့ သူ့ကုတင်ဘေးနားတွင် အိမ်အကူအမကြီး၂ယောက် ရေဇလုံနှင့်၊ သူ့နဖူးကို အ၀တ် ရေအေးဆွတ်ကာ ကပ်ပေးနေကြသည်..

အခိုင်းအစေခြင်းအတူတူ သူ့ကိုတော့တမူးပိုသာပြီး ပြုစုနေရတော့ မျက်နှာများကမကြည်မလင်.. သို့သော်လည်း အိမ်တော်ထိန်းမင်၏စကားကို မပယ်ရှားရဲချေ..

တကယ်တော့လဲ Seokjin က သူတို့ထက်စာရင် အခွင့်ထူးခံပိုရပါသည်.. ကျောင်းတက်ခွင့်ရှိသည်၊ Jeon အိမ်တော်ကသားငယ် တမိုးအောက် Jeon Jungkookနှင့် ကားအတူစီးခွင့်ရှိသည်၊ ထမင်းတစ်စားပွဲ၀ိုင်းထဲတွင် ထိုင်စားခွင့်ရှိသည်..

သခင်လေး Jungkook ကသာ "မင်းကငါ့ကျွန်၊  ငါ့အိမ်ကအစေခံ" ဆိုသည့် စကားကိုသာ တတွင်တွင်မပြောရင် Seokjin ကို ဘယ်သူမှ အခိုင်းအစေလို့ မြင်မည်မဟုတ်ချေ..

Omega မိန်းကလေးများထက်ပင် ချောမောနူးညံ့ပြီး သန့်ပြန့်လှသောမျက်နှာ‌လေးနှင့် မလိုက်ဖက်စွာ ရေခဲရိုက်အပြုံးများကိုသာ ဆင်မြန်းထားသော  Seokjin သည် သူ့ကိုမကြည်ဖြူသူများကို သူကလည်း အဖက်မလုပ်စွာ  လျစ်လျုရှုနိုင်သူတစ်ဦးပင်...

“သက်သာလား Seokjin”

Seokjin ၏ အိပ်ခန်းထဲ၀င်လာသူက အိမ်တော်ထိန်းမင်.. 

Beta သမားတော်ဆရာ၀န် ပီသစွာ စန္ဒာကူးပန်းရနံ့တချို့ Pheromone ကို ထုတ်လွတ်လျက် သူ့ဆီ ဖြေးဖြေးလျှောက်လာသည်.. သူကတော့ ဘာအနံ့မှ မရနိုင်ပေမဲ့လည်းပေါ့...

“ဟုတ်ကဲ့”

သူ့နဖူးကိုလာစမ်းကာ..

“အပူတော့နဲနဲကျသွားပါပြီ.. မင်း တညလုံးအဖျားတက်နေတာ”

“အင်း”

“မျက်နှာသစ်ပြီး မနက်စာထစားလိုက်ဦး.. ပြီးမှပြန်နား..တော်သေးတယ် ကျောင်းပိတ်ရက်ဖြစ်လို့”

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now