Part-1

568 60 2
                                    

၂၁ရာစုဆိုတဲ့ အချိန်မှာ အရာရာဟာ ခေတ်မီဆန်းသစ်
ပြောင်းလဲနေဆဲပင်။ ဒီလိုခေတ်မီတိုးတက်နေတဲ့
၂၁ရာစုကြီးမှာ ဒဏ္ဍာရီလာပုံပြင်တွေကနေ ရှိစမြဲပဲ။
အဲ့လိုပဲ ထိုပုံပြင်တွေနဲ့ ပတ်သတ်သည့် ပန်းချီကား
ဆိုတာလဲ ရှိနေမှာပဲ

_______________________

မိတ်ဆတ်ရမယ်ဆိုရင် ကျွန်တော့်နာမည်က Fourth Nattawat ပါ အလွယ်ခေါ်မယ်ဆိုရင်တော့ fourthပေါ့
အသက်အားဖြင့် ၁၉နှစ်ရှိပြီး အခုလောလောဆယ်တော့
Chulaမှာ ဥပဒေကျောင်းသားတစ်ယောက်ပေါ့ ဟဲဟဲ

ကျွန်တော့်ရဲ့ ဝါသနာကတော့ ပန်းချီကားတွေစုတာပဲ
ပန်းချီဆွဲတက်လားဆိုရင်တော့ နိုးပါ လုံးဝမဆွဲတက်ဘူး
ဒါပေမဲ့ ပန်းချီကားတွေစုရတာကို ကျွန်တော်နှစ်သက်တယ် ကျွန်တော့ သူငယ်ချင်းတွေထဲမှာ ပေါက်ပေါက်ရှာရှာပုံပြင်တွေ စိတ်ဝင်စားတဲ့သူရှိတယိ
သူကတော့ markတဲ့

ကျွန်တော့်ကတော့ ဒီလိုယုံတမ်းပုံပြင်တွေကို
ကလေးပုံပြင်တွေလို့ပဲ မှတ်ယူတယ် markဆို
နေ့တိုင်း အဲ့တာတွေဖတ်ပြီးအရူးထနေတာ..
သူအမြဲပြောတာ vampire ဆိုလား ဘာဆိုလား
အဲ့အကောင်ဟာ အခုထက်ထိ ရှိနေတုန်းတော့..
ကျွန်တော်ကတော့ မယုံကြည်ပါဘူး ဒီလိုမျိုး
တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အဲ့လိုမျိုးဟာတွေ
ကလေးသွားပြောရင်‌တောင် မယုံဘူး...

" ဟျောင့်Fourth!!.."

" ဟမ် ပြောလေ.."

" ခေါ်နေတာအာညောင်းနေပြီ ငါတွေစဉ်းစားပြီး
လေလွင့်နေတာလဲ.."

" မဟုတ်ပါဘူး မင်းပြောတဲ့ vampire ဆိုတဲ့အကောင်
အဲ့အကောင်အကြောင်းစဉ်းစားနေတာ.."

" အမယ် သူငယ်ချင်းလေး ပြောတော့ စိတ်မဝင်စားဘူးဆို.."

" စိတ်မဝင်စားပါဘူး..ဒီတိုင်းတွေးမိသွားလို့.."

" နေဦးမင်းတို့တွေ.."

သူတို့ထဲမှာ အနည်းငယ်မျှအေးသည့် satangက
ဖုန်းကြည့်ရင်းထပြောလေသည်..။ သူတို့နှစ်ယောက်စလုံးရဲ့ အာရုံတွေကို satang ဆီလွှဲပြောင်းလိုက်သည်..။

" Fourth arts gallery မှာ ထူးဆန်းတဲ့ ပန်းချီကား
ရောက်တယ်လို့ ဒီမှာတင်ထားတယ်.."

PAINT FOR YOU { COMPLETED}Where stories live. Discover now