Part-4

300 44 0
                                    

မနက်ခင်းမှာ မိုးရွာသံတွေကြောင့် ငါနိုးထလာတယ်..
မျက်လုံးအား ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့
ဘေးမှာ Gemသည် ငါ့အားစိုက်ကြည့်နေသည်..။

"  Good morning ကိုယ့်ဟန်နီ.."

" Good morning Gem.."

အပြုံးတစ်ခုဖန်ဆင်းစွာ မောနင်းဟုပြောလာသည့်
Gemကြောင့် ငါလဲ ထပ်တူစွာ ပြန်ပြောမိသည်..။

ရုတ်တရက် gemသည် ငါ့ခန္ဓာကိုယ်လေးအား အသာအယာပွေ့ချီလိုက်တာကြောင့် ငါလန့်သွားသည်..။

" ဘာလုပ်တာလဲgem.."

" ဘာလို့လဲမကြိုက်ဘူးလား.."

" မဟုတ်ပါဘူး.."

Gemသည် နှုတ်ခမ်းအားခက်ဖွဖွလေး တစ်ချက်အနမ်းပေးပြီး ရေချိုးခန်းဆီသို့ ဦးတည်နေသည်..။ သွားတိုက်တာအစ မျက်နှာသစ်တာအဆုံး gemက လုပ်ပေးသည်..မသိရင်ငါက ၂နှစ်‌သားလေးကျနေ‌ရောပဲ..။

" မနက်စာသွားစားရအောင်..Gem.."

" အွန်း.."

မနက်စာစားဖို့ အောက်ထပ်ဆင်းရန် အလုပ်မှာလဲ..
Gemက တစ်ခါထပ်ချီပြန်သည်...။

" လွှတ်ပါ.."

" လမ်းအများကြီးရောက်ရင် ခြေဖဝါးနုနုလေးတွေ
ပွန်းပဲ့ကုန်မှာပေါ့.."

Gemရဲ့အပြောကြောင့် ငါသဘောကျစွာရယ်မိသည်..။
ငါသည် ငါ့ကို အရမ်းချစ်တာပဲလား..

ထမင်းစားခန်းကျယ်ကြီးထဲရောက်‌တော့လဲ ‌ခုံပေါ်ကို
သေချာချပေးသည်..။အစားအစာတွေကိုလဲ
Gemကပဲ ပြင်ဆင်လေသည်..။

ငါရှေ့ကို ငါစားနေကြအတိုင်း ‌နွားနို့နဲ့ စတော်ဘယ်ရီပေါင်မုန့်ကို ချပေးသည်..။gem ဒါတွေဘယ်ကရတာလဲ..

" ဒါတွေဘယ်ကရတာလဲဟင်.."

" အော် ကိုယ့်ဆီမှာ လူသွေးတစ်ဝက်နဲ့ အခိုင်းအစေတစ်ယောက်ရှိတယ်..သူ့ကို အဲ့ဘက်သွားပြီး ယူလာခိုင်းထားတာ.."

" အော်ဟုတ်လား.."

Gemသည် ရေခဲသေတ္တာထဲက သွေးထုတ်တွေကို
ထုတ်ပြီး ပန်းကန်တစ်ခုထဲထည့်နေသည်..။

ဒီအိမ်မှာ ပြောင်းလဲသွားတာဆိုလို့ တစ်ချို့ပစ္စည်းတွေပဲရှိမယ် ရေခဲသေတ္တာ တီဗီ တစိခြား ခေတ်သစ်ပစ္စည်းတွေက အစ ဒီမှာရှိတယ် အနည်းငယ်တော့ ထူးဆန်းသည်..။

PAINT FOR YOU { COMPLETED}Where stories live. Discover now