End

384 56 2
                                    

တစ်ပတ်လောက်ရှိပြီလို့ငါထင်တယ်..Gemနဲ့အတူ
ဒီအိမ်ထဲမှာ သီချင်းတွေဆိုလိုက်...ပန်းချီတွေတူတူဆွဲလိုက်..ရုပ်ရှင်တွေတူတူကြည့်လိုက်နဲ့ အချိန် ကုန်ဆုံးခဲ့တယ်..အခုဆိုရင် ငါပန်းချီကို တော်တော်ဆွဲတက်နေပြီပင်..။

" Gem.."

" Yes Honey.."

" ငါမင်းပုံတူဆွဲချင်တယ် ဒါပေမယ့် မတူမှာလဲ ငါစိုးရိမ်တယ်.."

" ဟန်နီစိတ်ကြိုက်ဆွဲပါ..တူမတူကကိုယ်စိတ်မဝင်စားဘူး
အဓိကက ဟန်နီဆွဲထားတာမို့လို့ပဲ.."

Gemရဲ့ စကားကြောင့် ငါသဘောကျစွာပြုံးမိသည်..။
ပန်းချီခန်းထဲဝင်လိုက်သည်နှင့် ငါ့စိတ်တွေ အေးချမ်း
သွားသလိုပင်..။ ထိုအခန်းထဲမှာ ငါအရင်ကဆွဲထားတဲ့
ပုံတွေဟာ အများအပြားပင်..။
ထိုထဲမှာမှ Gemမွေးနေ့တုန်းက အမှတ်တရအဖြစ်ဆွဲ
ထားသည့် Gemရဲ့ ကျောပေးထားတဲ့ပုံဟာ အကြိုက်ဆုံး
ဖြစ်လိမ့်မယ် ထင်တယ်..။Gemရဲ့နောက်ကျောကို ငါအရမ်းသဘောကျသည်..။ဖတ်နေကျ ကျောပြင်ကျယ်ကြီးတွေကိုပေါ့..

" ကိုယ်ဘာလုပ်ပေးရမလဲ.."

" ရတယ် ဘေးကနေပဲ နေပေး.."

Gemရဲ့ပုံကို ကြည့်ပြီးမဟုတ်ပဲ စိတ်ကူးထဲမှာပုံဖော်ထားသည့် အရာကိုဆွဲဖို့ ငါပြင်ဆင်ထားတယ်..အောင်မြင်ရင်တော့ ကောင်းတာပေါ့..

1နာရီနီးပါး ဆွဲပြီးတဲ့နောက်မှာ အောက်ခံ Background ဟာ ပြီးသွားခဲ့သည်..။ Gemသည် ဘေးကနေ ခနခန
ကူညီပေးသည်..။ ငါမရပ်မနားပဲ ဆက်ဆွဲခဲ့သည်..။
နောက်2နာရီဝန်းကျင်အကြာမှာတော့ ငါ့ရဲ့ ပန်းချီလေးဟာ ပြီး‌ဆုံးသွားခဲ့ပြီ..

ထိုပုံထဲမှာ Gemဟာ piano ကို တီးခတ်နေခဲ့တယ်..
ဝတ်နေကျ အမဲနဲ့အနီ ဝတ်ရုံကြီး မဟုတ်ပဲ..
အဖြူရောင် ဝတ်ရုံလေးအဖြစ် ငါပြောင်းကာ
ဆွဲလိုက်သည်..အောက်ဆုံးမှာလည်း ငါ့လက်မှတ်နဲ့
ဆွဲသည့်ဒီနေ့ရက်စွဲအား ရေးထိုးလိုက်သည်..။

" သဘောကျရဲ့လားGem.."

" ဟန်နီ့လက်နဲ့ထိသမျှ အရာအားလုံး သဘောကျပြီးသား.."

" စကားတွေအရမ်းတက်နေတယ်ပေါ့.."

" အခုမှ သတိထားမိတာလား.."

You've reached the end of published parts.

⏰ Last updated: Mar 22 ⏰

Add this story to your Library to get notified about new parts!

PAINT FOR YOU { COMPLETED}Where stories live. Discover now