ခေါင်းတွေမူးဝေနေတဲ့ ခံစားချက်ကြီး...လေးပင်နေတဲ့
မျက်ဝန်းတွေကို အားယူပြီး ဖွင့်ကြည့်လိုက်တော့..
ဖယောင်းတိုင်လေးတွေသာ ထွန်းထားတဲ့ အခန်းတစ်ခန်းထဲမှာ..ငါလန့်ပြီး ထထိုင်မိတယ်..ငါဘယ်ရောက်နေတာလဲ
မှတ်ညဏ်တွေကို ပြန်ခေါ်ကြည့်တော့ ပန်းချီကားကိုပဲ
ကြည့်နေခဲ့တာပါ..ဒီကိုဘယ်လိုဖြစ်ပြီး ရောက်နေရတာလဲ..ပြန်ပေးဆွဲခံရတာလား မဖြစ်နိုင်ပါဘူး..ငါအိမ်ထဲမှာပဲ
နေ နေတာလေ..ဖြစ်စဉ်တွေကို ဆက်စပ်ပြီး စဉ်းစားနေတုန်း..
တံခါးဖွင့်သံအကျယ်ကြီးကို ငါကြားလိုက်ရသည်..။
အဲ့တံခါးကနေတစ်ဆင့် လူတစ်ယောက်ဝင်လာသည်..
ဝတ်ရုံရှည်ကြီးတစ်ခုနဲ့ ဟိုပန်းချီကားထဲမှာပါတဲ့
တစ်ယောက်နဲ့ခပ်ဆင်ဆင်..မဟုတ်မှ.." နိုးလာပြီလားဟန်နီ.."
ခန္ဓာကိုယ်ကို ငါ့ဘက်လှည့်လိုက်ရတော့ တွေ့လိုက်ရတဲ့
မျက်နှာလေး..သေချာတာကတော့ ငါအမည်မသိတဲ့
ခံစားချက်ကို ခံစားလိုက်ရသည်..လွတ်ဆွတ်နေတဲ့သူကို
ပြန်တွေ့သလိုမျိုးလား..သူစိမ်းဖြစ်နေပေမယ့် ငါ့မှာ
ကြောက်လန့်ခြင်းရှိမနေပါ..အရမ်းကို ရင်းနှီးနေသလိုမျိုးပဲ..ပြီးတော့ ဟန်နီတဲ့..အဲ့အခေါ်မှာ ငါမျက်ဝန်းထဲမှာ
အရည်လေးတွေလဲ့လာတယ်..ဘာဖြစ်မှန်းလဲ
ငါမသိပါ..အရမ်းထူးဆန်းလွန်းတယ်.." ဘယ်သူလဲ.."
ငါ့အမေးမှာ ထိုလူဟာ အနားကို ဖြေးဖြေးချင်း
လျှောက်လှမ်းလာသည်..။ ငါရှိနေတဲ့ ကုတင်ထက်မှာ
သူဝင်ထိုင်လိုက်သည်...။" ကိုယ်ပါ.."
အသံကအစ အရမ်းရင်းနှီးနေသလိုမျိုးပင်...
ဒါပေမယ့် ငါ့ဘဝတစ်လျှောက် ဒီလိုမျက်နှာမျိုးကို
မတွေ့ဖူးပါ.." ကျွန်တော်မသိဘူး.."
ငါ့စကားအဆုံးမှာ သူ့ရဲ့အပြုံးကို ဖယောင်းတိုင်
အလင်းတွေကနေတစ်ဆင့် ငါတွေ့လိုက်ရတယ်..။" ဟန်နီက မမှတ်မိတော့
မှတ်မိအောင် လုပ်ပေးရမှာပေါ့.."အနားကို တစ်ဖြေးဖြေးတိုးလာပြီး ငါ့လည်ပင်းကို
ခပ်ဖွဖွလေးကိုင်လိုက်သည်..။ ဒီလူဘာလုပ်မလို့လဲ..
ဘယ်နေရာရောက်နေမှန်းမသိတာကြောင့် ငါထွက်ပြေးလို့
မရပါ..။