Part-2

313 52 0
                                    

ပန်းချီကားကိုချိတ်ပြီးထဲက အချိန်တော်တော်ကြာအောင်
ငါစိုက်ကြည့်နေမိတယ်...။ ထူးဆန်းတာမျိုးတော့ မတွေ့ရပေမယ့် ငါစိတ်ထဲမှာ တစ်ခုခုထူးဆန်းသလိုမျိုးခံစားနေရတယ်..တစ်ယောက်ယောက်စောင့်ကြည့်နေသလိုမျိုး..

ပန်းချီကားရဲ့သက်တမ်းဟာ နှစ် နှစ်ရာကျော်ပြီမလား
ငါ့နာမည်က ဘယ်လိုလုပ် ဒီပန်းချီကားပေါ်ကို ရောက်နေတာလဲ..မဟုတ်မှ အရင်ဘဝက ငါဆွဲထားတာများလား
မဖြစ်နိုင်ပါဘူး..ငါကပန်းချီတောင် မဆွဲတက်တာ..
ဒီလိုလက်ရာမြှောက်တဲ့ ပုံတစ်ပုံကိုဆွဲနိုင်မှာမဟုတ်ဘူး..

" N'Fourth ညစာစားရအောင်!!.."

တွေးရင်းနဲ့ပင် အခန်းပြင်က အကိုဖြစ်သူရဲ့ အသံတော့
ငါ့အတွေးတွေ ပျက်ပြယ်သွားခဲ့တယ်..။ ညစာ
စားမည်ဆိုပြီး လာခေါ်သည်နှင့် ငါအောက်ထပ်က
ထမင်းစားခန်းထဲကို ဦးတည်လိုက်သည်..။

အဖေနှင့်အမေသည် အလုပ်ကိစ္စခရီးသွားကြတာကြောင့်
အိမ်မှာ ငါနဲ့ အစ်ကိုရယ် အလုပ်သမားအချို့ရယ်ပဲရှိသည်..။တစ်ခါတစ်လေတော့ အစ်ကို့ရဲ့ ချစ်သူဖြစ်သူ P'Pondက လာနေလေ့ရှိသည်..။

" ဘာစိတ်ကူးတွေ ပေါက်ပြန်ပြီလဲ fourth.."

" အကိုသိလား အဲ့ပန်းချီကားချပ်မှာ ကျွန်တော့်နာမည်
ရေးထားတယ်ဆိုတာ.."

Phuwin ဟာ အနည်းငယ်အံ့အားသင့်သွားတာကြောင့်
ထမင်းစားရင်းပင် ခေါင်းမော့ကြည့်လာသည်..။

" ဒီခေတ်မှာ နာမည်တူပြီး လူမတူတဲ့ သူတွေအများကြီးပါ.."

" အဲ့လိုမဟုတ်ဘူး အပြည့်အစုံ မျိုးရိုးနာမည်ပါ ပါတယ်.."

ဒီတစ်ခါတော့ Phuwin စားနေသည့် ထမင်းပါ
သီးသွားရသည်..။ မျိုးရိုးနာမည်ထိပါ ပါတယ်ဆိုတော့
ထူးဆန်းလွန်းတယ်မလား

" ပြီးတော့လေ အဲ့မှာပါတဲ့ရက်စွဲက 13/6/1804တဲ့
နှစ်ပေါင်းနှစ်ရာကျော်နေပြီမလား.."

" ဘာတွေပြောနေတာလဲfourth ပန်းချီကားအစုလွန်ပြီး
မရူတော့ မရူးသွားပါဘူးနော်.."

အကိုသည် ငါ့အားမယုံသင်္ကာဖြစ်ကာ ပြောဆိုလာသည်..။

" ဟာ အကိုမယုံရင် ပြီးရင်လိုက်ကြည့်.."

PAINT FOR YOU { COMPLETED}Where stories live. Discover now