နိဒါန်း(Uni)

1.4K 108 4
                                    


"အခုချက်ချင်းလက်နက်ချလိုက်ပါMr.Jeon Jungkook!ကျွန်တော်တို့နောက်ဆုံးအကြိမ်သတိပေးနေတာပါ၊အခုမချရင်ကျွန်တော်တို့ဘက်ကပစ်ရပါလိမ့်မယ်"

"တစ်ယောက်မှရှေ့တိုးမလာခဲ့နဲ့ Jiminဘယ်မှာလဲ?Jiminကိုအခုချက်ချင်းခေါ်ပေး... မဟုတ်လို့ကတော့ဒီလူ့ခေါင်းထဲကိုကျည်ဆန်ဝင်သွားမယ်"

ကြီးမားကျယ်ဝန်းတဲ့Shopping mallကြီးထဲမှရုတ်ရုတ်သဲသဲမြင်ကွင်းတစ်ခု။သေနတ်ကိုင်ဆောင်ထားသည့်လူတစ်ဦးဟာဓားစာခံဟုထင်ရသည့်သူအားလက်တစ်ဖက်မှချုပ်နှောင်ကာကိုင်ထားပြီးတစ်ဖက်မှထိုသူ၏နားထင်ကိုသေနတ်ဖြင့်ချိန်ထားခြင်းဖြစ်သည်။အနီးနားတွင်လည်းရဲတပ်ဖွဲ့အများအပြားနေရာယူကာဝိုင်းထားပြီး တရားခံအားသေနတ်များဖြင့်ပတ်ပတ်လည်အသင့်အနေအထားဖြင့်
ချိန်ထားကြသည်။တရားခံသည်ဆေးရုံအင်္ကျီညစ်ထစ်ထစ်အားဝတ်ဆင်ထားပြီးမျက်လုံးများဟာလဲဂနာမငြိမ်နေ။တစ်ချက်တစ်ချက်လက်များဟာလဲတုန်ယင်နေတတ်ပြီးဖြူဖွေးနေတဲ့လက်ချောင်းများ၌အပ်ပေါက်ရာများဟုထင်ရသည့်ဒဏ်ရာတွေဟာညိုကာမဲနေသည်။ဆေးရုံဝတ်စုံဖြူလွှလွှမှာလဲမဲညစ်နေပြီး ခြေထောက်များတွင်လည်းဖိနပ်မပါ။
ခြေဖနောင့်၌လည်းဆူးနှင့်ခြစ်မိထားသည့်ဒဏ်ရာများကဲ့သို့အခြစ်ရာများလည်းရှိနေပြီးသွေးများပင်စိမ့်ထွက်နေသည်။

ညိုမဲနေတဲ့မျက်ကွင်းတွေအပေါ်ကသမင်ပုံစံမျက်လုံးလေးကတော့သူ့ရဲ့ရိုးသားခြင်းကိုတစ်စွန်းတစ်စဖော်ပြနေသလို။သို့သော်လည်းသေနတ်ပင်ကိုင်ပြီးလူတစ်ယောက်အားဓားစာခံလုပ်ထားသည့်ကောင်လေးကိုမည်သူကမှလူကောင်းတစ်ယောက်အဖြစ်မြင်လို့ရနိုင်မှာမဟုတ်ပါ။

"မောင့်Jimin‌လေးဘယ်မှာလဲ...မောင် Jiminဆီလာပြီလေ။Jiminလေးထွက်လာခဲ့ပါတော့။နောက်တစ်ခါJiminနားကတစ်ဖဝါးမှမခွာတော့ပါဘူး...မောင်ကတိပေးပါတယ်"

မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ သွေးရူးသွေးတန်းနဲ့တစ်ယောက်ထဲအရူးတစ်‌
ယောက်လိုရေရွတ်နေတဲ့တရားခံရဲ့အာရုံစူးစိုက်မှုကိုမပြတ်စောင့်ကြည့်နေတဲ့Namjoonဟာလည်းအလစ်တဲလေး
မှာပင်တရားခံဆီသို့ရုတ်တရက်ပြေး‌ဝင်ကာ တရားခံ၏လက်ထဲမှသေနတ်အားဆွဲယူဖို့ပြင်သည်။

အချစ်ရူး (Completed)Donde viven las historias. Descúbrelo ahora