နိဂုံး(Uni)

991 95 9
                                    


"ဒါလေးတော့ခွင့်ပြုပေးပါနော်မောင်"

"မောင်ခွင့်မပြုချင်ဘူး... Jiminကအဲ့အိမ်ကိုပြန်သွားရင် မောင့်ကိုသတိတောင်မရတော့ဘူး ဒီကကောင်ကမင်းမရှိရင်တစ်ရက်လေးတောင်မနေတတ်တာသိရက်နဲ့"

ဧည့်ခန်းထဲ၌မောင်နဲ့Jiminအတိုက်အခံဖြစ်နေသည်။ဖြစ်ပုံက ဘူဆန်ကကိုယ့်မိဘတွေရဲ့အိမ်ကိုJiminအလည်ပြန်ချင်၍မောင့်ကိုခွင့်တောင်းခြင်းကိုမောင်ကလက်မခံ၍ဖြစ်သည်။

"ဒီတစ်ခါရက်အကြာကြီးမသွားတော့ပါဘူးမောင်ရဲ့ ၃ရက်ထဲပါ‌။ခွင့်ပြုပေးပါနော်"

"၃ရက်ထဲလည်းခွင့်မပြုချင်ဘူး"

မောင့်ပုံစံကလုံးဝပင်ခွင့်မပြုချင်သည့်ပုံစံဖြစ်၍Jiminဆက်မပြောတော့ဘဲလက်လျော့လိုက်သည်။စိတ်‌
ကောက်ကာမောင့်နားကထွက်သွားပြီးအိပ်ခန်းထဲသို့သာဝင်၍ကုတင်ပေါ်၌လှဲအိပ်လိုက်သည်။
အမှန်တိုင်းပြောရရင်Jiminမောင့်ကိုဒီတစ်ခါစိတ်ဆိုးသည်။Jiminမှာတစ်ခါတလေလေးကိုယ့်မိဘအိမ်ပြန်ချင်တာကိုတောင်မောင်ကခွင့်မပြုပေးချင်ဘူး။အကြောင်းပြချက်က ကိုယ်မရှိဘဲအကြာကြီးမနေတတ်လို့တဲ့လေ။Jiminလည်းဘာမှဆက်မပြောချင်တော့၍ စောင်ကိုခေါင်းမှီးခြုံကာပင်အိပ်လိုက်သည်။
ညနေစောင်းတော့မောင်က ကိုယ့်လက်မောင်းလေးအားကိုင်ကာလှုပ်နှိုးလာသည်။

"Jiminလေး ထတော့ ညနေစောင်းနေပြီ အကြာကြီးအိပ်ရင်ဟိုတစ်ခါကလိုနေမကောင်းဖြစ်နေမယ်။မောင်ညနေစာအကုန်ပြင်ပြီးပြီ မောင့်Jiminလေးအကြိုက်တွေချည်းဘဲ"

"တော်ပြီ မစားတော့ဘူး "

"ဟောဗျာ အခုမောင့်ကိုဆန္ဒပြနေတာလား ပြော"

ဆောင့်‌ဆောင့်အောင့်အောင့်ထွက်လာသောအသံလေးကြောင့်သူ့အချစ်လေးစိတ်ကောက်နေပြီမှန်းမောင်ကတန်းသိလိုက်သည်။ခက်တာက Jiminသူ့မိဘတွေအိမ်ပြန်တာကိုJungkookခွင့်မပြုပေးချင်။မောင့်ဘဝထဲJiminဝင်လာပြီးထဲက Jiminမရှိရင်ကိုမောင်မနေတတ်တော့တာအကျင့်ဖြစ်နေလေပြီ။

"မဟုတ်ပါဘူးMinတကယ်မဆာလို့"

"မောင့်Jimin‌လေးကတကယ်ကြီးဆန္ဒပြနေတာပဲ ပြီးရောကွာ Jiminအဲ့လောက်သွားချင်ရင်လည်းမောင်ခွင့်ပြုလိုက်မယ်"

အချစ်ရူး (Completed)Where stories live. Discover now