940 109 43
                                    

ရတ်ချဘူရီမြို့ပေါ်ကနေတစ်နာရီကျော်လောက်ဆိုင်ကယ်စီးပြီးတဲ့နောက်မှာတော့ Fourth ဟာ ထိုင်းနိုင်ငံ အနောက်တောင်ပိုင်းက စပျစ်စိုက်ပျိုးတဲ့ရွာငယ်လေးကိုရောက်ရှ်ိသွားပြီဖြစ်သည်......

လေရဟတ်အိမ်လေးကိုစပျစ်ပင်လေးကရစ်ပတ်ထားတဲ့ပုံစံအလှဆင်ထားတဲ့ ရွာအဝင်ဆိုင်းဘုတ်လေးကိုမြင်လိုက်နဲ့အချိန်မှာပဲ Fourth ရဲ့အထင်နဲ့အမြင် ဟာ တတ်တတ်စင်အောင်လွဲသွားပြီဆိုတာကို သိလိုက်ရလေတော့သည်......

ရွာလေးက ထင်မထားလောက်အောက်ကိုလှရက်လွန်းသည်.….....

တောင်ကုန်းမို့မို့လေးတွေကိုကွေ့ပတ်ဖောက်လုပ်ထားတဲ့ ကွန်ကရစ်လမ်းလေးက ညီညီညာညာသပ်သပ်ရပ်ရပ်......

လမ်းလေးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ခြံဝင်းကျယ်ကျယ်နဲ့လူနေအိမ်‌ လေးတွေက လှလှပပစီစီရီရီ.....

အရမ်းချစ်စရာကောင်းတဲ့ Vintage ဆန်ဆန် wine bar လေးကလဲရှိသေးသည်....

Fourth သဘောအကျဆုံးကတော့ သစ်လုံးစားပွဲလှလှ‌လေးတွေကို ဝိုင်စည်ပိုင်းပျတ်ထိုင်ခုံလေးတွေနဲ့ဝိုင်းပတ်ခင်းကျင်းထာပြီး စပျစ်နွယ်ပင်လေးတွေမျက်နှာကျက်ကတွဲလောင်းကျနေတဲ့ပုံစံလေး အလှဆင်ထားတဲ့ bakery ဆိုင်‌လေး......

လှလိုက်တာရက်ရက်စက်စက်ပဲ......

ဒီ‌ bakery ဆိုင်လေးမှာ တစ်ရက်သားတော့ကော်ဖီသောက်ဖြစ်အောင်လာသောက်ဖို့ Fourth တေးထားလိုက်တော့သည်........

"ဝေ့......Gem Gem ဘယ်ကပြန်လာတာတုန်းဟေ့"

တစ်နေရာရောက်တော့ အသက်ခုနှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့အဖွားတစ်ယောက်က လှမ်းပြီးနှုတ်ဆက်တာကြောင့်သူကြီးသားက ဆိုင်ကယ်ကိုအရှိန်လျော့ကာ လမ်းဘေးမှာရပ်ပြီးပြန်နှုတ်ဆက်သည်......

"ဘန်ကောက်ကလာတဲ့ဧည့်သည်သွားကြိုတာဖွားရေ......"

"နောက်ကပါလာတဲ့ ကလေးမလေးလား"

အဖွားစကားကြောင့် Fourth ရဲ့စိမ်းညို့နေတဲ့မျက်ခုံးတွေတွန့်ခနဲ.....

"ဟုတ်တယ်ဖွား.....သားမနက်ဖြန်စိုက်ခင်းကအပြန်ကျမှပဲဝင်တော့မယ်နော် အနောက်က ကလေးမ အအေးပတ်မှာစိုးလို့သွားတော့မယ်"

ကျွန်တော့်ရည်းစား သူကြီးသားWhere stories live. Discover now