812 112 43
                                    

"Nong Fourth မင်္ဂလာပါခင်ဗျ..."

ဆေးရုံဝန်းရှေ့ ဗာဒံပင်အောက်က သစ်သားခုံတန်းလေးမှာထိုင်ပြီး Gem လာအကြိုကိုစောင့်နေတုန်းဘေးမှာထိုးရပ်လာတဲ့ဆိုင်ကယ်တစ်စီးနဲ့အတူ နားထဲတိုးဝင်လာတဲ့နှုတ်ဆက်စကားသံက လိုတာထက်ပိုပြီး ချိုချိုအီအီ......

"Awww.....Khun Pan မင်္ဂလာပါခင်ဗျ"

ဘာသောက်တင်းလာတုပ်အုံးမလဲမသိ.......

မကောင်းတက်လို့ပြန်နှုတ်ဆက်လိုက်ရပေမယ့်အလိုက်မသိတဲ့ဘဲက ဆိုင်ကယ်ကြီးဒေါက်ထောက်ပြီး Fourth ထိုင်နေတဲ့ခုံတန်းစီးလှမ်းလာနေလေပြီ.….

စိတ်မပါဘဲပြုံးပြရအုံးမည်....
ဟူး...မောပ

ဘေးနားမလဲထိုင်စရာခုံတွေရှိပါလျက်နဲ့ Fourth ထိုင်တဲ့ခုံတန်းမတိုမရှည်လေးမှာပဲ ထိုင်ဖို့ဓာတ်ကျတဲ့ ဒီဘဲက တကယ့်သောက်ဂွ......
Fourth ကြိုပြီးဘေးကပ်ထိုင်ထားလိုက်ရသည်.....

Gem သဘောမကျတဲ့သူနဲ့ Fourth အသားချင်းထိကပ်ပြီးမထိုင်ချင်ပေ.......

"ဒီနေ့အလုပ်ဆင်းတာနောက်ကျတယ်နော်"

"ဟုတ်တယ်ဗျ..... Khun Pan ရော ဒီဘက်ကိုကိစ္စရှိလို့လာတာလား"

"ဟုတ်တယ် နောက်တစ်ပတ် Friday ကကိုယ့်မွေးနေ့လေ
အဲ့ဒါ ခြံထဲမှာပဲ wine party လုပ်ဖို့ရှိတယ် Nong Fourth ကိုကိုယ့်ရဲ့မွေးနေ့လေးတက်ရောက်ချီးမြှင့်ပေးဖို့လာဖိတ်တာ
Nong Fourth သာကိုယ့်မွေးနေ့ကိုလာမယ်ဆိုရင် ကိုယ်တော့အတိုင်းမသိဝမ်းသာမိမှာပဲ"

"ဟုတ်ကဲ့အချိန်ရရင်လာခဲ့ပါ့မယ်ဗျ"

"လက်ဆောင်ဘာညာ ယူလာစရာမလိုဘူးနော်
Nong Fourth လာခဲ့ပေးမယ်ဆိုရငိပဲ ကိုယ်ကဝမ်းသာလှပါပြီ"

"ဟုတ်ကဲ့ပါခင်ဗျ"

စနစ်တကျပုံသွင်း ရိတ်သင်ထာတဲ့ မုတ်ဆိတ်မွှေးမတိုမရှည်ခပ်ပါးကိုမကြာခဏသပ်ရင်းစကားပြောတတ်တဲ့ လူရည်သန့် လူခန့် Khun Pan က အဝတ်အစားအနေအထိုင်သန့်ပြန်ကျော့ကော့လွန်းနေပေမယ့် Fourth စိတ်ထဲမှာတော့ ဖရိုဖရဲဆန်တယ်လို့မြင်နေမိသည်မှာဘာကြောင့်မှန်းမသိ.......

"ဒီမှာ ကိုယ် Nong Fourth အတွက်ဖိတ်စာယူလာခဲ့တယ်"

"ဟုတ်ကဲ့"

ကျွန်တော့်ရည်းစား သူကြီးသားWhere stories live. Discover now