814 110 74
                                    

"Gem Gem ရေ မေမေဝင်ခဲ့လို့ရလား"

"ဟုတ်ကဲ့.....ဝင်ခဲ့လို့ရတယ်မေမေ"

Gem အခန်းတံခါးကိုသွားဖွင့်ပေးလိုက်တော့ မေမေက ဝိုင်ပုလင်းထည့်ထားတဲ့ကြိမ်ခြင်းတောင်းလေးကိုပိုက်ပြီး Gem အခန်းထဲပြုံးပြုံးလေးဝင်လာ၏.....
ဝိုင်အရသာလာမြည်းခိုင်းတာပဲဖြစ်မည်....

table type(စပျစ်စို) wine type(ဝိုင်စပျစ်) rasin type(စပျစ်ခြောက်)
ဆိုပြီး‌ သုံးစွဲပုံအလိုက်အကြမ်းအားဖြင့်စပျစ်အမျိုးအစားသုံးမျိုးရှိတဲ့အထဲမှာမှ Gem တို့က table type နဲ့ rasin type ကိုသာစီးပွါးဖြစ်စိုက်ပျိုးပြီး wine type ကိုတော့ တစ်နိုင်တစ်ပိုင်ပဲစိုက်ပျိုးတာဖြစ်သည်......

ဒါဟာလည်းမေမေဝိုင်ထည့်ဖို့အတွက်သာ........

"ဝိုင် မြည်းကြည့်ပေးအုံး"

"ရတာပေါ့"

ထင်ထားတဲ့အတိုင်းပါပဲ.....

မေမေက Gem အလုပ်စားပွဲမှာပဲ Gem နဲ့အတူဝင်ထိုင်လိုက်ပြီး ဝိုင်ပုလင်းကိုဖွင့်ကာ အသင့်ယူလာတဲ့ဝိုင်ခွက်လေးထဲ အနဲငယ်ငှဲ့ထည့်ပေးရင်း Gem ကိုကမ်းပေးသည်......

"ဒီတစ်ခေါက်ကအနံ့ပိုကောင်းတယ်မေမေ"

Gem ကဝိုင်ခွက်လေးကိုဝေ့ရမ်းအနံ့ခံရင်းပြောလိုက်တော့ မေမေကမျက်လုံးလေးတွေတဖျတ်ဖျတ်လတ်ရင်း အားတက်သရောပြန်မေးလာလေရဲ့.......

"ဟုတ်လား"

"ဟုတ်ပဗျာ.....အရသာမြည်းအုံးမယ်"

ဝိုင်ခွက်လေးကိုအနဲငယ်စောင်းရင်း တစ်ငုံစာစုပ်ယူမြည်းစမ်းကြည့်လိုက်တော့ လည်ချောင်းတစ်လျှောက်နွေးမြစွာစီးဝင်သွားတဲ့ စပျစ်ဝိုင်က အနံရောအရသာပါပြီးပြည့်စုံလွန်းလှလေသည်.......

"မေမေ yeast ပြောင်းသုံးထားတာလား နဲနဲလဲ ပိုပြင်းသလိုပဲ"

"ဟုတ်တယ် yeast ကမေမေ့ဘာသာလုပ်ထားတာ ဘယ်လိုနေလဲအရသာ"

"အရမ်းကောင်းတာပေါ့ ခါးစိမ့်စိမ့်လေး ရှေ့တစ်ခေါက်က ဖောက်တဲ့စည်ထက်ပိုကောင်းတယ်
မေမေလုပ်တဲ့ဝိုင်က ကမ္ဘာပေါ်မှာအကောင်းဆုံးပဲ"

"အမလေးတော် ကိုယ့်ဖက်ကိုယ်ယက်တဲ့လိပ်ကလေး"

"အတည်ပြောတာမေမေရဲ့"

ကျွန်တော့်ရည်းစား သူကြီးသားWhere stories live. Discover now