1.1K 124 59
                                    

"အလုပ်လေးတစ်ပတ်မှတစ်ရက်ပဲနားရတာကို အေးအေးမနားပဲအခင်းထဲလိုက်ချင်သေးတယ်
မင်း မပင်ပန်းဘူးလား.....ဟမ်
လူကြည့်တော့သေးသေးလေးနဲ့အကြောတင်းလိုက်တာ"

တကယ်လည်း ဒီအင်ဂျင်နီယာလေးဟာ အကောင်သေးသလောက်အကြောသိပ်မာတာ.....

နာမည်ကောင်းရှိပြီး အောင်မြင်တဲ့ Construction Group ရဲ့သားအထွေးဆုံးလေးဖြစ်တဲ့အပြင် လူကလည်းမင်းသားရှုံးအောင်ဖြူအုနုဖတ်နေတာမို့ တွေ့စက အလုပ်လက်ကြောမတင်းလောက်ဘူးလို့ ထင်ထားခဲ့တဲ့ Gem ရဲ့အထင်ဟာ Fourth ရဲ့အလုပ်လုပ်နိုင်တဲ့အရည်အချင်းကိုမြင်ရတော့မှ တက်တက်စင်အောင်လွှဲသွားပြီးဆိုတာလက်ခံလိုက်ရသည့်အဖြစ်.......

Monday to Saturday ကို
မနက်ခုနှစ်နာရီခွဲ‌က ညနေငါးနာရီအထိ ‌အလုပ်သမားတအုံးအုံးနဲ့ တနေကုန်အလုပ်လုပ်နိုင်တဲ့အပြင် အိမ်ပြန်ရောက်ရေမိုးချိုးညစာစားပြီးတာတောင်မှ laptop တစ်လုံးရှေ့ချပြီးနောက်နေ့အတွက်ကြိုတင်ပြင်ဆင်တတ်တဲ့ Fourth က တကယ့်ကိုမှအလုပ်သရဲ......

အခုလဲတစ်ရက်လေးနားရတာကို အိမ်မှာအေးဆေးမနေပဲ Gem နဲ့အခင်းထဲလိုက်ခဲ့ပေအုံးမည်..…..

ဒီကိုယ်လုံးသေးသေးလေးထဲ energy တွ ဘယ်‌လောက်တောင် store လုပ်ထားလဲမသိ......

Fourth Natawat ကတကယ့်အကြောတင်းလေး......

"ငါမပင်ပန်းပါဘူး အလုပ်ထဲမှာကိုယ်တိုင်လုပ်ရတာမှမဟုတ်တာလိုက်ကြီးကြပ်ရုံပဲကို အခုကငါအခင်းထဲမရောက်တာကြာလို့လိုက်လည်ချင်လို့ပါ
ဘာလဲ ငါလိုက်လာရင်မင်းအလုပ်ရှုပ်မှာစိုးလို့လား"

ဟော.....ကြည့်
သူပင်ပန်းမှာစိုးလို့ Gem ကနားစေချင်တဲ့စေတနာနဲ့ပြောတယ်ဆိုတာ သိသိရက်နဲ့ရန်လုပ်နေပြန်ပြီ......

"အနားယူစေချင်လို့ပြောနေမှန်းသိသိကြီးနဲ့စွာပြန်ပြီ
ငါက မင်းပင်ပန်းမှားစိုးလို့ပြောနေတာ
မင်းလိုက်လာတော့ပိုတောင်ကောင်းသေးတယ်
မင်းမလာတာကြာလို့အခင်းထဲကလူတွေကမင်းကိုလွမ်းနေကြတာ"

ပြီးတော့......ငါရောပဲ .....

မင်းနဲ့တစ်နေကုန်အတူတူရှိမနေရတာဘယ်လောက်တောင်ကြာပြီလဲ......
အခင်းထဲကလူတွေနဲ့လွတ်လွတ်လပ်လပ်စကား‌တွေပြောပြီးရယ်မောပျော်ရွှင်နေတဲ့မင်းမျက်နှာလေးကို‌ငေးခွင့်မရတာဘယ်လောက်တောင်ကြာပြီလဲ......

ကျွန်တော့်ရည်းစား သူကြီးသားWhere stories live. Discover now