952 116 23
                                    

ညစာကိုအားပါးတရစားနေတဲ့ ရှေ့ကအရိုင်းအစိုင်းကောင်ကိုကြည့်ရင်း Gem ဘယ်လိုစနောက်ရင်ကောင်းမလဲစဉ်းစားနေမိသည်......

Gem တစ်သက်နဲ့တစ်ကိုယ် ဒီလောက်အဆဲသန် ရန်တွေ့သန်တဲ့ယောက်ျားသားကို တစ်ခါမှမတွေ့ဖူးပေ....

ရုပ်လေးကြည့်တော့‌ဖွေးဥဖြူနုနေပြီး စွာချက်ကတော့နှစ်ယောက်မရှိ.....

ဆဲတာကလည်းမိုးကိုမွှန်လို့......သောက်ကျင့်ကျတော့လည်းမကောင်း.....

သောက်မြင်ကပ်စရာ‌လေး.....

"သန်ဘက်ခါကျမှ သား Fourth ကို ဦးလေးက အလုပ်သမားအဖွဲ့နဲ့မိတ်ဆက်ပေးမယ်နော်
အလုပ်သမားခေါင်းဆောင်က မနက်ဖြန်ကျတခြားမြို့ကိုသွားစရာရှိသေးလို့ မအားလို့ပါတဲ့
ရောက်ရောက်ချင်းလာမနှုတ်ဆက်နိုင်လို့ သား Fourth ကို‌လည်းတောင်းပန်ပါတယ်တဲ့ ဦးလေးကိုစကားအကြုံပါးလိုက်လေရဲ့"

"ဟုတ်ကဲ့ ဦးလေး ရပါတယ် မနက်ဖြန်ကျ ကျွန်တော်မြေနေရာအရင်သွားကြည့်ထားလိုက်မယ်လေကိစ္စမရှိပါဘူးခင်ဗျ"

ဖေဖေ့စကားကိုခေါင်းတညိတ်ညိတ် ပြန်ဖြေပေးနေ‌တဲ့ပုံက မသိရင်သူက မြို့သားလူယဉ်ကျေးလေးပါ ဆိုတဲ့အထာနဲ့.....
လူကိုတစ်လမ်းလုံးဆဲဆိုလာတာသူမဟုတ်တဲ့အတိုင်း.....
မင်းသားခေါင်းဆောင်းထားတဲ့ ခွေးဘီလူးလေး.....

"မြေနေရာက ရွာလည်မှာပဲလေ သားရဲ့ ညနေဘက် Gem Gem အခင်းထဲကပြန်လာမှအေးဆေးသွားကြည့်တာတောင်ရတယ် ဒီနေ့မှရောက်တာ အေးဆေးနားပါအုံးလား ပင်ပန်းလာမှာပေါ့"

"ရပါတယ်ကြီးကြီး ကိစ္စမရှိပါဘူးဗျ"

သောက်ပိုတွေ.....စောနကလမ်းလျှောက်ရင်း လဲကျမလိုဖြစ်နေတာဘယ်သူလဲ.....

Gem  က အပိုတွေပြောပြန်ပြီ ဆိုတဲ့ပုံစံနဲ့ ဟွန့်ခနဲနှာခေါင်းရှုံ့လိုက်မိလေသည်......

ဒါကိုမျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ဂြိုလ်သားလေးက မြင်ဖြစ်အောင်မြင်သွားပြီး မျက်ခုံးကုတ်သလိုလိုဘာလိုလိုနဲ့ Gem ကိုလက်ခလယ်ထောင်ပြလာသည်..…

ရုတ်တရက်ကြီး ခံလိုက်ရတာမို့ Gem ဘာမှပြန်မတုံ့ပြန်နိုင်......

ကျွန်တော့်ရည်းစား သူကြီးသားTahanan ng mga kuwento. Tumuklas ngayon