U N I C O D E
October လ ရဲ့ ရာသီဥတုသည် ပူလွန်းလှသည်။ နေ့နေ့ညည ပူအိုက်စပ်လွန်းလို့ အဝတ်တွေတောင် မကပ်ချင်တော့ပေ ။ အခုလည်း ပူလွန်းလို့ ရေအခါခါချိုး ၊ အဝတ်အခါခါ လျှော်ပြီး ကွပ်ပျစ်ပေါ်မှာ ထိုင်နေတာ ဖြစ်သည် ။ ဆူရီ နဲ့ ဆူဂီ ကိုလည်း မတွေ့ ...ဘယ်သွားကြပါလဲနော် ။ ထိုအချိန် ဆူဂီ မှ ငိုပြီး လမ်းမှ ပြန်လာတာကို ထယ်ယောင်း တွေ့လိုက်သည် ။ ထယ်ယောင်းလည်း ငိုပြီး ပြန်လာတဲ့ ကလေးကို ခေါ်ပြီး မေးဖို့ လုပ်လိုက်သည် ။
"ဆူဂီ ၊ ညီလေး....ဘာဖြစ်လာတာလဲ "
"အီးဟီး....ကိုကို ထယ်ယောင်း ၊ သားကို သူကြီးသားက ဂွေးစေ့ နဲ့ ပစ်တယ် "
"ဟေ !! "
ထယ်ယောင်းမှာ ' ဟေ ' လို့ တ ရသည့် အထိပင် ။ သူကြီးသားက ငါ့ညီကို ဂွေးစိနဲ့ ပစ်တယ်...ဘယ်လိုတောင် ရိုင်းစိုင်းမှုလဲ... ငါနဲ့တွေ့မယ် ။
"လာ ၊ ဒီကိစ္စ ကို အခု သွားရှင်းမယ် "
"အီးဟီး...ကိုကို ထယ်ယောင်း "
အဲ့လိုနဲ့ ထယ်ယောင်းနဲ့ ဆူဂီ တို့နှစ်ယောက် သူကြီးသားနဲ့ ဂွေးစေ့ ပစ်မှုကို သွားရှင်းလေရဲ့ ။
"သူ...ကြီး...သား !! "
သူကြီး အိမ်ရှေ့ သွားပြီး လူမိုက် style ဖြင့် သူကြီးသား အား တစ်လုံးချင်း ခေါ်လိုက်၏ ။
"ဘာလဲ !! "
"ချီး..ကို ဘာလဲ ရမှာလဲ ?? မင်း ငါ့ ညီကို ဂွေးစိနဲ့ ပေါက်တယ်ဆိုကွ !! "
"ဘာ!! "
"အေး ...အဲ့ကိစ္စ လာရှင်းတာ "
ထိုအချိန် အိမ်မှာ ရှိနေသော သူကြီးက ထွက်လာတာကြောင့် ထယ်ယောင်း လည်း ကြောက်ပင်မဲ့ အားတင်းလိုက်သည် ။ သူ့ညီအတွက် တရားမျှတမှုကို သူကိုယ်တိုင် ရှာပေးမယ် ။
"ဘာတွေ ဖြစ်နေတာလဲ...လူလေး "
"သူကြီး ခင်ဗျ ၊ သူကြီးသားက ကျနော့် ညီကို ဂွေးစိနဲ့ ပေါက်တယ်တဲ့... ပြန်လာတော့ ကျတော့်ညီက ငိုလာပြီး လာတိုင်လို့ ကျနော် စာရင်း လာရှင်းတာ "
"ဟေ "
သူကြီးလည်း ထယ်ယောင်း နည်းတူ ' ဟေ ' လို့ တ သွား၏ ။ ဘယ်လောက်တောင် နှာဗူး ကျသလဲလို့ ကလေးကို ဂွေးစိနဲ့ ပေါက်တာ လွန်သွားပြီ။