ရွာ ရဲ့ ကထိန်

387 40 4
                                    

U N I C O D E

ထယ်ယောင်းတို့ ဘာလိုလိုနဲ့ လက်ထပ်တာ တစ်လပင် ပြည့်တော့မည် ။ ထယ်ယောင်းမှာ သူကြီးသားကို အခုထိ တစ်စက်မှ ကြည့်မရသေးပေ ။ သူနဲ့ ပတ်သက်တိုင်း ထယ်ယောင်းမှာ အမြဲ ကံဆိုးနေခဲ့တာ ၊ အခုလည်း ကြည့် ပါလား တစ်စက်မှ အပိုးကို မကျိုးပါဘူးလေ ။

အခုလည်း တန်ဆောင်တိုင် ကထိန် ခင်းဖို့ ရွာဘုန်းကြီးကျောင်းကို ပဒေသဘင် ပို့ဖို့ သူကြီးအိမ်မှာ ကာလသားပေါင်းစုံ နေကြသည် ။ ဂျောင်ဂုကတော့ တန်ဆောင်တိုင် မရောက်ခင်ကတည်းက အိမ်ကပ်တယ် မရှိ ၊ အခုလည်း မနက်ထဲက ထွက်သွားတာ တစ်ချက်မှ ပြန်ပေါ်မလာပေ ။ ဒီမှာတော့ သူ စားဖို့ အပင်ပန်းခံပြီး ကြက်ဥကြော်ပေးထားတာကို စားမဲ့ သူကတော့ မရှိ ။

.
.
.
.
.
.
.
.
.
.
.
.
.

LOVE VILLAGE

ဂျောင်ဂု ရွာဘုန်းကြီးကျောင်းကို ပို့ဖို့ ပဒေသဘင် စီစဉ်နေကြတာ ဖြစ်သည် ။ ဂျောင်ဂုတို့ ရွာဘုန်းကြီးကျောင်းက နှစ်စဉ် ၊နှစ်တိုင်း ရွာပေါင်းစုံ
စုဆုံပြီး ရွာအသီးသီးက ပြုလုပ်ကြတဲ့ အရုပ်များဖြင့် ရွာတိုင်း ယှဉ်ပြိုင် က ကြလေ့ရှိသည် ။

ဂျောင်ဂုတို့ ရွာကတော့ ပီနံကြိုး များ ဖြင့် တစ်ရစ်ချင်း ရစ်ကာ အလှစီထားသော သိုးနယား ကောင် ဖြစ်သည် ။ ဂျောင်ဂုတို့မှာ ကိုယ့်ရွာ နိုင်ဖို့ အကောင်းဆုံး အက တိုက်ပြီး ယှဉ်ပြိုင် က ကြရမှာ ဖြစ်သည်။
အခုလည်း ရွာက ကာလသားများကို စုဝေးကာ က ပြဖို့ လေ့ကျင့်ခိုင်းထားသည် ။ ဂျောင်ဂုကတော့ သူကြီးသား ပီပီ အရာရာ ဦးစီးကာ အားလုံးကို စီမံရသည် ။

အခုလည်း မနက်ကတည်းက နေ့လယ်အထိ ဂျောင်ဂုတို့ တစ်စက်မှ မနားရသေးပေ ။ ကထိန်အတွက်လည်း ပဒေသဘင် သီး ဖို့ စီမံရသလို ၊ ရွာဘုန်းကြီးကျောင်းမှာ က ပြ ဖျော်ဖြေဖို့ အက ကိုလည်း ကြည့်ရသေးသည်။ အရာရာ ဗျာ များနေသည်မို့ အိမ်ကလူ ဆီလည်း မပြန်နိုင်သေးပေ ။

.
.
.
.
.
.
.
.
.
.
.
.
.
.

Love Village

ဒီနေ့ တန်ဆောင်တိုင် လပြည့်နေ့မို့ ရွာဘုန်းကြီးကျောင်းကို သွားဖို့ ရွာသားတိုင်း တက်ကြွ နေကြသည် ။ ထယ်ယောင်းတို့လည်း မနက် လင်းကတည်းက ပြင်စရာ အကုန် ပြင်ပြီး ရွာဘုန်းကြီးကို သွားကြသည် ။ အိမ်က သကောင့်သားကတော့ အရိပ်တောင် မတွေ့ပါဘူး ၊ တကယ် ဘာတွေ ဒီလောက်တောင် အလုပ်ရှုပ်နေပါသလဲ လို့ မေးစမ်းချင်ပါဘိ ။

• love village •Where stories live. Discover now