Unicode
"ငါအဲ့ဒီကလေးကိုချစ်တယ် ပန်း"
"ဘယ်လိုရယ်...နင်က အကြင်နာလေးကို"
ပန်း၏အမေးအား ခေါင်းညိတ်အဖြေပေးလိုက်သည်။
သူကတော့ အတော်လေးအံ့ဩနေဟန်ရှိသည်။"ငါ သဘောမတူနိုင်ဘူး"
ပန်း၏မျက်နှာပျက်စွာနှင့်ပြောလာသောစကားကြောင့် သုရင်ထဲထိတ်ခနဲဖြစ်သွားရသည်။
ဘာများအမှားလုပ်မိလို့ပါလိမ့်။
"ဘာလို့လဲ ပန်းရဲ့။ငါကဘာဖြစ်နေလို့လဲ"
"နင်အဲ့ဒီကလေးကိုလှည့်စားမယ်မကြံနဲ့နော်သု...အကြင်နာကငါ့ညီမအရင်းမဟုတ်ပေမဲ့ ငါ့ညီမလေးတစ်ယောက်လိုချစ်ရတဲ့ကလေး..နင့်ရဲ့အသည်းကွဲတဲ့ဒဏ်ရာကို အဲ့ဒီကလေးနဲ့ဖြေဖျောက်ဖို့လုံးဝမတွေးနဲ့"
ပန်းအနေဖြင့်ဒီစကားများကိုအတည်ပြောနေခြင်းဖြစ်သည်။ ညီမလေးတစ်ယောက်လိုချစ်ရတဲ့အကြင်နာအားနောက်ထပ်မထိခိုက်စေလိုသောစိတ်ရင်းအမှန်ဖြစ်သည်။ဒီကလေးလေး သုကြောင့်ပင်ပန်းရပေါင်းများခဲ့ပြီ။
"ဘာလဲ ပန်း...ငါက အဲ့ဒီကလေး
ကိုအပျော်တွဲမယ်လို့နင်ထင်နေတာလား""နင်ကအပျော်တွဲချင်တယ်ဆိုရင်တောင် ရဖို့မသေချာတော့ဘူး...အကြင်နာ့မှာချစ်သူတွေရှိချင်ရှိနေမှာလေ...ဟိုကအခုဆို နင့်ကို ကြိုက်ချင်မှကြိုက်တော့မှာ"
ထိုသို့ပြောမှတော်ရာကျမယ်လို့ ထင်သည်။
ထိုကလေးကို ဘယ်လောက်အထိမုန်းကြောင်းပန်းတို့တစ်ဖွဲ့လုံးသိခဲ့သည်ပဲမဟုတ်လား။အခုမှထိုကလေးကိုချစ်ကြောင်းပြောနေသည်မှာဘယ်လိုမှယုံနိုင်စရာမရှိပါ။
ဒီကလေးကို လှည့်စားဖို့များတွေးနေရော့သလား။"နင်ဒီလိုစကားတွေနဲ့တော့ အဲ့ဒီကလေးအပေါ်ထားတဲ့ငါ့မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ပါနဲ့...နင်သိလား ငါလေ သူ့ကို ၅နှစ်လုံးလုံးသတိရနေခဲ့တာ...မမငါ့ကိုလမ်းခွဲသွားတာ၄နှစ်ရှိပေမဲ့ အဲ့ဒီ၄နှစ်အတွင်းမှာ မမကိုသတိရ ရမဲ့အစား အဲ့ဒီကလေးကိုသတိရနေခဲ့တာပါ ပန်းရယ်... ငါသူ့အပေါ်ပြောဆို ဆက်ဆံခဲ့မိတာတွေအတွက်နောင်တရနေခဲ့တာပါ..နင် ငါပြောတာကို မယုံဘူးဆိုတာ ငါသိတယ်..နင်မယုံနိုင်တာကိုလည်းလက်ခံတယ်...ဒါပေမဲ့ဟာ ငါအဲ့ဒီကလေးကိုတကယ်ချစ်သွားတာပါ...ငါ့ကိုယ်ငါတောင် လက်မခံနိုင်ဖြစ်လို့ အကြိမ်ကြိမ်ဆန်းစစ်ခဲ့တာ..ငါအခုချိန်မှာ အတမ်းတဆုံးကသူပဲ ငါချစ်မိသွားတာကလည်းသူပဲ။ ငါဘယ်တုန်းက လူတစ်ယောက်ကိုစိတ်ထဲမရှိဘဲ ပြောဖူးလို့လဲ"

YOU ARE READING
ချစ်သော အကြင်နာ(Completed)
Romanceမေတ္တာတွေသာ စစ်မှန်ခဲ့ရင်အသွားအပြန်ရှိနိုင်သလား။မေတ္တာတွေကရောင်ပြန်ဟပ်သလား။ မေတ္တာတွေကစူးတတ်သလား။ မေတ္တာတွေသာစူးခဲ့ရင် ပြန်နှုတ်လို့ရနိုင်ပါ့မလား။ အမုန်းတွေကရောအချစ်အဖြစ်ပြောင်းလဲလာနိုင်လား။အချစ်ကနေ အမုန်းဘက်ကိုပြောင်းသွားနိုင်လား။