အပိုင်း ( ၁ ) Uni + Zaw

295 17 1
                                    

ရွှေဝါရောင်အတိလွှမ်းနေတဲ့ အလှတရားနှင့်အတူ နွေဦးဂိန်မှန်ဟာ တစ်ဖန်‌ရောက်လာခဲ့လေပြီ။
နွေလေရူးရဲ့ ခေါ်ဆောင်ရာ လမ်းတစ်လျှောက် ရာသီအလိုက် ပန်းရနံ့တို့က ကြိုင်လှိုင်စွာ လွင့်မျောလျက်ပင်။

" အေးရိပ်မွန်လမ်း " ဆိုသည့်အတိုင်း
လမ်းတစ်လျှောက် အစီအရီပေါက်နေတဲ့
ဗန်ဒါပင်‌တွေနဲ့ ကုက္ကိုလ်ပင်တို့က မြင်သူအဖို့ မျက်စိပဿဒဖြစ်စေ၏။ ဗန်ဒါရွက်ခြောက်တွေရဲ့တဖြုတ်ဖြုတ် ကြွေကျသံကပင် သဘာဝရဲ့ နှစ်သက်စရာ သံစဉ်တစ်ခုသဖွယ် . . .။

‌အနက်ရောင် ကားလေးတစ်စီးသည် ဖုန်တထောင်းထောင်းထနေသည့် ‌မြေသားလမ်းကလေးအတိုင်း မောင်းနှင်လာရင်း ‌အရောင်အသွေးစုံပန်းများ ဝေဆာနေသော ခြံဝန်းကြီးတစ်ခုထဲသို့ ဝင်သွားလေသည်။

ခြံရှေ့ရှိ ကျွန်းနက်သားဆိုင်းဘုတ်ပေါ်တွင်
ကနုတ်လှလှ‌လေးများဖြင့် ထွင်းထုထား
သောနာမည်ဟာ အထင်းသား . . . ။

{ ဒေါနရိပ်မြုံ }

မိမိဆယ်နှစ်သားအရွယ်ကတည်းက ခွဲခွာခဲ့သော အိမ်ကြီးဟာ ယခုထိတိုင် ခမ်းနား တင့်တည်မှုတို့ လွှမ်းခြုံနေသည်။ ခြံစောင့်လင်မယား နှစ်ယောက်ရဲ့ ဂရုတစိုက်စောင့်ရှောက်ပေးမှုကြောင့် ဒေါနရိပ်မြုံဟာ ထည်ဝါစွာ တည်ရှိလျက်။

" မမကြီး . . . "

ပြိုင်တူထွက်ပေါ်လာသည့် အသံနှင့်အတူ
ခြံစောင့်လင်မယားက ဒေါ်ခင်ဒေါန ဆိုသည့် အမျိုးသမီးဆီသို့ မြန်ဆန်စွာလျှောက်ကာ အပြုံးပန်းများဖြင့် ဆီးကြိုလေသည်။ ဒေါ်ခင်ဒေါန၏ နောက်တွင်တော့ ခရီးဆောင်အိတ်များဖြင့် ၃၅ နှစ်အရွယ် ယောကျာ်းတစ်ယောက်။

" မမကြီး ဒီလူလေးက . . . "

မပုရဲ့ အံ့သြတကြီး စကားသံအဆုံးတွင်
" နင်မမှတ်မိတော့ဘူးလား " ဟူသော
အကြည့်တို့ဖြင့်ကြည့်ကာ မပုရဲ့အမေးကိုဖြေ၏။

" ကျွန်မရဲ့ တစ်ဦးတည်းသော သားလေးလေ မပုရယ် "

" အမလေး သားမောင်ရယ် . . .
ချောလာ ခန့်လာလိုက်တာကွယ် မျက်မှန်နဲ့ဆိုတော့ ကြီးပုကငယ်ရုပ်လေးကို မေ့နေတာကွယ့် သားမောင်လေးအခုလိုမျိုး ကြီးပြင်းလာလို့
ကြီးပု‌သိပ်ပီတိဖြစ်တာပဲ "

သူဝှက်ထားတဲ့ ချစ်ကဗျာ ( သူဝွက္ထားတဲ့ ခ်စ္ကဗ်ာ )Where stories live. Discover now