အပိုင်း ( ၆ ) Uni + Zaw

54 5 2
                                    

ဂျောက် ~~~ ဂျောက် ~~~~ ဂျောက်

လက်နှိပ်စက်ပေါ်တွင် ပြေးလွှားနေသော
လက်ချောင်းများဟာ စည်းချက်ညီစွာ
လှုပ်ရှားလို့နေသည်။ ခါတိုင်းသကဲ့သို့
ဆံပင်တို့ကို သပ်တင်ထားခြင်းမျိုးမရှိသောကြောင့် နက်မှောင်နေသည့် ဆံစများဟာ  နဖူးပေါ်သို့ပုံ၍ကျနေ၏။

ဒေါနကလက်နှိပ်စက်ကိုသာ အာရုံထားနေပြီး မျက်လုံးအစုံဟာလည်း စာရွက်အဖြူလေးပေါ်သို့ အဖန်တလဲလဲ စူးစိုက်နေမိသည်။ ဟောင်းနွမ်းနေသော်လည်း ကောင်းခန်းတွင်ခဲ့သည့် အိုလံပီယာတံဆိပ် ( Olympia ) လက်နှိပ်စက်ကလေးဟာဖြင့် အဖိုးဖြစ်သူဆီမှ သူရလိုက်သောတန်ဖိုး‌မဖြတ်နိုင်သည့် အမွေအနှစ်ကလေးတစ်ခုပင်။

ထိုလက်နှိပ်စက်အား အဖိုးဖြစ်သူအသုံးပြုနေခြင်းကို စိတ်ဝင်စားခဲ့ပြီး ငယ်ကတည်းကပင် လက်နှိပ်စက်ရိုက်နည်းကို သင်ယူတတ်ခဲ့သည်။ ထို့နောက်တစ်ခါတလေ မိမိဘာသာ အတွေးပေါ်ရာစာစုတွေကို လက်နှိပ်စက်ဖြင့်သာ အကျင့်ပါတဲ့အထိ ရိုက်နှိပ်ဖြစ်ခဲ့သည်။ အခုများဖြင့် ထိုလက်နှိပ်စက်ကလေးဟာ ဒေါန၏ အတွေးများအား ပုံဖော်ပေးနေသော တာဝန်များကိုသာ ဆက်လက်ထမ်းဆောင်နေရပေသည်။

သက်တမ်းရင့်လာသော၊ မကြာခဏယိုယွင်းစပြုလာသော လက်နှိပ်စက်ကလေးအား ‌သူမစွန့်လွှတ်နိုင်ပါ။ ထိုလက်နှိပ်စက်ကလေးအား မည်သို့သောနည်းဖြင့်မဆို တဂျောက်ဂျောက်သံများ ပဲ့တင်ထွက်လာရန် အမြဲကြည့်ရှုစစ်ဆေးတတ်သေးသည်။

နယ်မြို့လေးသို့ရောက်သည်နှင့် ကဗျာမရေးဖြစ်သည်မှာ တစ်လခန့်ပင်ရှိနေပြီ။
နောက်လတွင်ထုတ်ဝေမည့်  လုံးချင်းဝတ္ထုတစ်ပုဒ်အား သေသပ်စွာဖြင့် အပြီးသတ်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့်သာ အချိန်ရရင်ရသလိုပင်
စာမူများအား တဂျောက်ဂျောက်ဖြင့် ရိုက်နှိပ်နေတော့သည်။

လက်ရေးမူနှင့်ကဗျာစာမူများအား ပေးတတ်လေ့ရှိသော်လည်း ဝတ္ထုဟူကားအတော်ပင်အရေးများသည်ဟူသောကြောင့် လက်နှိပ်စက်ပေါ်တွင်သာ စာရိုက်ပြီး ပေးတတ်လေ့ရှိသည်။
နာရီဝက်မျှအချိန်ကုန်သည့်အခါတွင်
လုံးချင်းဝတ္ထုတစ်ပု‌ဒ်အား လှပစွာအပြီးသတ်လိုက်‌လေပြီ။

သူဝှက်ထားတဲ့ ချစ်ကဗျာ ( သူဝွက္ထားတဲ့ ခ်စ္ကဗ်ာ )Where stories live. Discover now