အပိုင်း ( ၄ ) Uni + Zaw

57 5 0
                                    

" သားမောင် ဘာတွေချက်နေတာလဲ "

" ကုန်းဘောင်ကြော်ပါမေမေ စားချင်စိတ်ဖြစ်နေတာနဲ့ပဲ ကြီးပုမနက်ကဈေးသွားတော့ လိုတာလေးတွေမှာခဲ့လိုက်တာ မေမေထမင်းဆာနေပြီလား "

" မစားချင်သေးပါဘူး မနက်စာတွေများပြီး
ဗိုက်ကပြည့်နေပြီ "

" ဒါဖြင့်ဟင်းကျက်ရင်  မေမေ့အတွက်သပ်သပ်ဖယ်ထားပြီး ကျန်တာနဲ့ကျွန်တော်အရင်စားထားနှင့်မယ်နော် "

" ဟင် သားမောင်ကအစောကြီးပါလား "

" အပြင်လေးခဏသွားစရာရှိလို့ပါမေမေ "

" ဪ အေးပါကွယ် ရတယ်ရတယ် စားနှင့် "

" ဟုတ်မေမေ "

မနက်စောစော ဒေါန၏စိတ်ထဲတွင်တောင့်တနေသည်က ကြက်ကုန်းဘောင်ကြော်လေးဖြစ်သည်။ မီးဖိုချောင်တွင် ကိုယ်တိုင်ဝင်၍ မိမိစားချင်သည်ကို ချက်တတ်သည်ကလည်း ဒေါန၏လုပ်မြဲလုပ်နေကျ အကျင့်တစ်ခုဖြစ်သည်။

အချိန်အားဖြင့် နံနက် ( ၁၁ ) နာရီလောက်ရှိနေပြီဖြစ်ကာ ထမင်းစားခန်းထဲတွင် ကိုယ်တိုင်ချက်ထားတဲ့ ကြက်‌ကုန်းဘောင်ဖြင့် ထမင်းစားပြီး ခြံပြင်သို့ထွက်လာလိုက်သည်။ ခြံတံခါးသို့လျှောက်လာရင်း အာရုံထဲတွင်ပေါ်လာသည့်အတွေးက ဘေးခြံကချာတိတ်ဆီကိုပင်။

ဒေါနအကြည့်များကို တစ်ဖက်ခြံဆီဦးတည်လိုက်တော့ ခြံထဲတွင်သတင်းစာဖတ်နေသည်က လင်းငယ်၏မာမီဖြစ်သည်။ လင်းငယ်၏အခန်းဘက်ကို မော်ကြည်တော့လည်း ထိုကောင်လေး၏
အရိပ်အရောင်လည်းမမြင်ရ။ ချာတိတ်လေး ‌
ခြေငြိမ်နေပါလားဟု စိတ်ထဲရေရွတ်မိလိုက်သည်။

‌တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေဝယ်စရာရှိသဖြင့် အနီးအနားက စတိုးဆိုင်တွင် သွားဝယ်မည်ဖြစ်သောကြောင့် ကားမယူတော့ဘဲ လမ်းလျှောက်၍သာ ထွက်ခဲ့လိုက်တော့သည်။ မိနစ်အနည်းငယ်မျှ လျှောက်ပြီးချိန်တွင်တော့
စတိုးဆိုင်ကြီးတစ်ခုကိုတွေ့သည်မို့ အထဲသို့ဝင်ခဲ့လိုက်သည်။

လိုအပ်သည်များကို ဝယ်ပြီးသည်နှင့် အိမ်သို့ပြန်လျှောက်လာခဲ့ရာ မျက်နှာချင်းဆိုင်တွင် စက်ဘီးကလေးနင်းလာသည်က ချာတိတ်။ ဒူးအတိတိုနေသော ကာကီရောင်ဘောင်းဘီလေးနှင့် အနက်ရောင်ကော်လံရှပ်လက်တိုလေးကို ဝတ်ဆင်ထားသောချာတိတ်က သည်နေ့တော့ကလေးဆန်နေပါသည်။ ကလေးပဲမဟုတ်လား ကလေးလိုနေတာ ပိုလိုက်ပါသည်လို့ ဒေါန၏စိတ်ထဲတွင်‌ တွေးမိသည်။

သူဝှက်ထားတဲ့ ချစ်ကဗျာ ( သူဝွက္ထားတဲ့ ခ်စ္ကဗ်ာ )Where stories live. Discover now