• hate him •

379 8 0
                                    

\\\\ • Htan • /////

Part ( 3 )

***
" ချို..ဒါက အကိုခက်ထန်ခေါ်လာတဲ့တစ်ယောက်"

ရှိုင်းစက်ပြောပုံအရဆိုလျှင် သူတို့တွေ ကျွန်တော့်ကိုခေါ်လာတာ အကြောင်းရင်းတစ်ခုရှိပုံရသည်။ကျွန်တော့်ကို မခေါ်လာခင်ကတည်းက ဘာတွေကြံစည်ထားကြလည်းဆိုတာ ကျွန်တော်လည်း
မခန့်မှန်းနိုင်တော့။

ကျွန်တော် သည်ကိုရောက်သည့်နေ့ကတည်းက သေမင်းနဲ့အဆက်သွယ်လုပ်ထားပြီးပါပြီ။သူတို့လုပ်သမျှကို ငြိမ်ခံရင် ကျွန်တော့်ကို အသက်ရှင်သန်ခွင့် ပေးလောက်မည်မလားလေ။

" ဟယ် ! .. ဟုတ်လား ယူက အတော်ကံကောင်းတာပဲ "

ထင်ရှား ဘာရယ်ကြောင့် ပြုံးနေမိပါလိမ့်။သူပြုံးနေဆဲမှာ နံနက်ဦးလေပြေက မျက်နှာကို လာရောက်ထိကပ်သည်။စကားဖောင်ဖွဲ့ပြောနေသော်လည်း သူ့ရင်မှာမောနေသည့်အဖြစ်ကိုတော့ ကိုယ့်ဘာသာကိုယ်သိ၏။

" ဒါနဲ့ တို့က သွန်းဆက်ချိုပါ.. ယူက ?? "

" ထင်ရှား.. မင်းထင်ရှား "

ကျွန်တော်တစ်ခုခုဖြစ်တော့မည်ဆိုတာ အလိုအလျောက် စိတ်ထဲခံစားနေရသည်။
စိတ်ခုနေ၏။

" ထင်ရှားအသက်နဲ့ဆို ရှိုင်းစက်နဲ့ရွယ်တူပဲ "

" ဗျာ ! .. ဟုတ်လား ကျွန်တော်သတိမထားမိလိုက်ဘူးရယ် "

" ပေါ့ပေါ့ပါးပါးပဲနေပါ တစ်နေ့ကျရင် ဆွေမျိုးအရင်းအချာတွေလို ဖြစ်တော့မှာကို "

သည်စကားအတွက် ကျွန်တော်အတွေးကြပ်ပြန်သည်။ဆွေမျိုးအရင်းအချာဖြစ်‌ရအောင်ဆိုတာ ကျွန်တော်တို့က ခုမှ မြင်ဖူးကြတာ။တစ်ယောက်နဲ့တစ်ယောက် မသိသေးတင်မက သည်မှာရှိသည့် လူတစ်ယောက်နဲ့မှ ကျွန်တော်သိသည်မဟုတ်။

" ချို .. ရှိုင်းစက်တို့ဝယ်စရာရှိလို့ ခွင့်ပြုပါအုံး "

ထင်ရှား လက်ခံသည်၊လက်မခံသည်ကို ဂရုမစိုက်နိုင်တော့။သိပ်သဘောတူနေပြီမို့ တော်ဝင်ခက်ထန်လက်ထဲ အတင်းထိုးထည့်ချင်မှဖြင့် အသည်းက ခပ်ယားယား။

သွန်းဆက်ချိုတစ်ယောက် ထင်ရှားကို လက်ပြနှုတ်ဆက်နေသည့်ပုံက ဇီးကွက်ရုပ် လာဘ်ခေါ်နေသလို။မရပ်မနား။ဇီးကွက်ရုပ်သည်တောင် ဓာတ်ခဲကုန်လျှင် ရပ်မည်။ချိုအတွက်တော့ ရပ်မည်မဟုတ်သည့်အတိုင်း။

Htan - ထန် ( ‌စာရေးသူ ပြန်ပြင်နေပါသည် )Where stories live. Discover now