• sleep with me •

273 3 0
                                    

\\\\ • Htan • /////

Part ( 6 )

****
အခန်းထဲမှာ ထင်ရှားတစ်ယောက် ထရမလို,ထိုင်ရမလို၊ အခန်းထဲလည်း ဝင်လိုက်,ထွက်လိုက် ဂနာမငြိမ်ဖြစ်နေသည်။စိတ်ထဲလည်း အရမ်းပျော်နေသလို ဖြစ်နေ၍ ပီတိဖြစ်နေသည့်မျက်နှာပုံသဏ္ဍာန်။လက်ထဲတွင်လည်း အဝတ်စတစ်ခုရှိနေ၏။ထိုအဝတ်စဖြင့်
လည်ပင်းကို သုတ်လိုသုတ်၊ရင်ဘတ်ကြားထိုးသုတ်လိုက်နှင့် စိတ်ထဲအရမ်းပူနေသလို။

အရမ်းစိတ်ကြွနေသည်။ခရီးသွားရမဲ့ညအတိုင်းပင်။ အိပ်၍မပျော်၊စောင်ခြုံလျှင်ခြုံ၊ထ,ထိုင်လျှင်ထ၊အပြင်ကို ထွက်ချောင်းလို ထွက်ချောင်း။သည်အတိုင်း ထင်ရှားဖြစ်နေသည်။

သူသည်က တစ်ယောက်ယောက်ကိုစောင့်နေသည့်ပုံပေါ်သည်။

အားး !! ရှီး !!

အရမ်းမနေနိုင်တော့သလိုခံစားနေရ၍လည်ပင်းအောက်ကြယ်သီး 2လုံးကိုလည်း ဖြုတ်ထား၏။သည်နေ့ကျ ထူးထူးဆန်းဆန်းနှင့် pant ကိုဝတ်ထားသည်။သို့ကြောင့် ထင်ရှား၏ခြေတံသွယ်သွယ်လေးကို အထင်းသားမြင်တွေ့နေရသည်။

ခြေတံလေးတွေက ဖြူဖြူဖွေးဖွေးကြီးမဟုတ်ပဲ ပြေပြစ်ပြီးချောမွေ့သည့်အသားထဲပါသည်။ကြည့်ရုံနှင့်တင် ကိုင်ချင်စရာလေးဖြစ်နေမှာဧကန်။

ထင်ရှားတစ်ယောက် အခန်းပြတင်းပေါက်ကနေ ချောင်းလိုချောင်း၊အခန်းပြင်ထွက်လာလိုထွက်လာနှင့် လည်ပင်းရှည်နေသည်။

***
ဇောင်၏အမေသည် ဦးမင်းခက်ထန်၏ ငယ်ရည်းစား။ဦးမင်းခက်ထန် ဇောင်အမေကို လမ်းခွဲစဉ်က ဇောင် ကိုယ်ဝန်ကို လွယ်ထားမှန်းမသိခဲ့။တကယ်လို့ ကိုယ်ဝန်ရှိနေမှန်းသိနေခဲ့လျှင်တောင် ခက်ထန်၏အမေကိုပဲ ပိုဦးစားပေးမှာ။

ခက်ထန်၏အမေက မိဘပေးစားတဲ့သူဖြစ်ပေမယ့် မကြာခင် ခက်ထန်ကိုယ်ဝန်ရလာသည့်အခါ ‌ခက်ထန်အမေကို မချစ်သေးပေမယ့် ပိုပြီးမေတ္တာသက်ဝင်သွားခဲ့တာ။

သည်အရာတွေကြောင့်ပင် ဇောင်အမေကို သူထားခဲ့ရသည့်အကြောင်းအရင်း။အချစ်ဦးက
မြေးဦးရတာတောင် မမေ့မှန်းသိပေမယ့် ဇောင်
အမေအတွက် ဦးမင်းခက်ထန်ကို စိတ်ပျက်သွားစေခဲ့သည်။

Htan - ထန် ( ‌စာရေးသူ ပြန်ပြင်နေပါသည် )Where stories live. Discover now