• Together •

246 2 0
                                    

\\\\ • Htan • /////

Part ( 7 )

**
နံနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်ကို ကျော်လွှားဖြတ်သန်းကာ ထင်ရှား၏ ပါးမို့မို့လေးပေါ်သို့ ထိုးကျနေသည်။နေရောင်၏အလင်းရှိန်ကြောင့် မျက်တောင်ကော့လေးကို ချက်ချင်းမဖွင့်ဟ,ပဲ ပင့်သက်ကိုအရင်ရှိုက်ကာ အသာလေး ပင့်တင်လိုက်သည်။

နိုးနိုးခြင်း အိပ်ယာထဲမှ ချက်ချင်းမထဖြစ်သည်က အကျင့်တစ်ခုလိုဖြစ်နေ၏။အိပ်ယာထဲ လုံးထွေးနေအောင် ရစ်ပတ်ပြီးကာမှ ခြေလက်များငြိမ်ကာကျသွားသည်။သို့မှသာ အိပ်ယာထဲမှ ထဟန်ပြင်သည်။

ခန္ဓာကိုယ်ပေါ်မှာ လုံးထွေးရစ်ပတ်နေ‌သော ဂွမ်းစောင်အထူလေးကို ဖယ်လိုက်မိကာမှ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်မျှ မရှိမှန်း သတိထားမိလာသည်။မဖြစ်နိုင်ဘူးမလား။မနေ့ညက စောစောအိပ်ပျော်သွားမှန်းသာ အသိစိတ်ထဲရှိနေသည်။

***
" ညက ဘယ်သူ့လက်ချက်လဲ ! ငါမေးနေတယ် ဖြေ ! "

" အာ့ .. ဟို ? "

ရှိုင်းထက်နှင့်သွန်းဆက်ချိုတို့ မွှေထားသည့် ကိစ္စမှန်း ခက်ထန်သိသည်။ပုံမှန်အားဖြင့် trouser ကိုမှ ဖောင်းဖောင်းလေးဝတ်တဲ့သူက အထူးအဆန်းတွေပြု‌လုပ်နေတယ်မလားလေ။

short pant ကြီးကို မဝတ်စဘူးဝတ်ထားသေးသည်။အမူအရာတွေကလည်း အကုန် ထူးဆန်းနေသည်မို့ မေကြီး၏ဆေးအရှိန်ကြောင့်ပင် ဖြစ်လိမ့်မည်။

ဆေးမြစ်တွေကိုမှမေကြီးကိုယ်တိုင်တူးပြီး ဖော်စပ်ထားသည်မို့ အန္တရာယ်မရှိမှန်းသိပေမယ့် အချိုးအစားများသွားရင် နှစ်ယောက်လုံးအတွက်ကောင်းမှာမဟုတ်။လိင်စိတ်အားတိုးဆေးကြောင့်ပင်။

အကယ်၍ ကိုယ်ဝန်လိုချင်လာတဲ့အခါ တစ်ဖက်လူက အဆင်သင့်မဖြစ်သေးသည့်အချိန်ဆိုလျှင် ဆေး၏အစွမ်းကြောင့် တစ်ညလုံး လိင်စိတ်ခံစားနိုင်သည်။

" ဒီတစ်ခါတော့ ရှိပါစေတော့ နောက်တစ်ခါဆို
နှစ်ယောက်လုံး မလွယ်ဘူး ! "

ခက်ထန်အရှေ့တွင် အပြစ်မဲ့သော ခွေးကလေး နှစ်ကောင် အသွင်နှင့် နှစ်ယောက်လုံး ငုတ်တုတ်ကလေး ထိုင်လျက်။

Htan - ထန် ( ‌စာရေးသူ ပြန်ပြင်နေပါသည် )On viuen les histories. Descobreix ara