• Trust me •

189 0 0
                                    

\\\\ • Htan • /////

Part ( 8 )

ကျွန်တော့်၏ရှိခြင်း၊ဖြစ်ခြင်းသည် ကျွန်တော်
သည်သာ ပိုင်သည်မို့ ခင်များလက်ထဲ၌သာ ပုံအပ်ချင်ပါသည်။

***
" မင်းထင်ရှား !! "

အရုဏ်ဦး နံနက်စောစောတွင်ဖြစ်သည်။သွားနေကျ မြေနီလမ်းထဲ စိန်ပန်းပင်အောက် ပွင့်ချက်များကို လိုက်ကောက်နေသည်က အမောပါပေ။

တစ်ပွင့်ပြီးတစ်ပွင့် ကြွေလာသော ပွင့်ဖတ်များကို ကောက်ရင်း ဆောင်းဦး၏အအေးဓာတ်ကြောင့်
ရင်ထဲအေးစိမ့်စိမ့်။မြေပြင်ပေါ်ကျနေသည့် စိန်ပန်းပွင့်ဖတ်များကို ကောက်ရုံတင်မဟုတ်။

လေထဲ လွတ်လပ်စွာဝဲပျံလာသည်များကို လက်ဖဝါးဖြင့်ခံ၍ လိုက်ဖမ်းမိသည်။အဆက်မပြတ်ကျလာသောပွင့်ဖတ်များသည်လည်း ထင်ရှားဘေးတစ်ဝိုက်အနှံ့။

ဆောင်းဦး၏နံနက်ခင်းတစ်ခုတွင် စိန်ပန်းပင်အောက် မြေနီလမ်းထဲ ထင်ရှားတစ်ယောက် သဘာဝ၏အရသာကို အပြည့်အဝခံစားနေသည်။

ခပ်စိမ့်စိမ့်တိုက်ခတ်လာသောလေအေးကြောင့် ပွင့်ဖတ်များ ကြွေကျနေသည်က အဆက်မပြတ်ပင်။

သို့ချိန်တွင် လူတစ်ယောက် ထင်ရှားဆီ တည့်တည့်လာနေ၏။နံနက်ခင်း မြူတွေကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရ။နံနက်အလင်းရောင် ကောင်းကောင်းမထွက်သေးခင်ကြောင့်လည်း ပါမည်။

ထင်ရှားအနား မလှမ်းမကမ်းရောက်လာမှသာ အနည်းငယ်မြင်လာ၏။သို့ပေမယ့် တဝိုးတဝါးသာ။

" ရှား !! "

တစ်လုံးတည်းကို ခပ်ပြတ်ပြတ်ခေါ်၏။

" အကိုခက်ထန် ?? "

" ဒီမှာ တစ်ယောက်ထဲ ဘာလာလုပ်တာလဲ !! "

ထင်ရှား၏ခြင်းအပြည့် ပန်းပွင့်ဖတ်တွေရှိနေသည်ကို မြင်တွေ့ပါလျက် လာမေးသည်မို့ အချေအတင် တုံ့ပပြောဆိုလိုက်သည်။

" ခဲလုံးတွေ လာကောက်တာ ခင်များကိုပစ်ဖို့ !! "

" ကိုယ်က ခွေးမှမဟုတ်ဘဲ ! "

'အ့လိုပြောတော့ သူကိုယ်သူဘာမှန်းအသိရှိသွားတာပေါ့'ဟု စိတ်ထဲတွေးမိသည်။‌နောက် ထင်ရှားဘာမှပြန်မတုံ့ပြန်တော့ဘဲ ခြင်းဆွဲကာ သူ့ရှေ့မှ လှည့်ထွက်လာခဲ့၏။

Htan - ထန် ( ‌စာရေးသူ ပြန်ပြင်နေပါသည် )حيث تعيش القصص. اكتشف الآن