• Stay away from me •

329 5 0
                                    

\\\\ • Htan • /////

Part ( 4 )

***
" အကိုခက်ထန် စေ့စပ်တော့မယ် "

" သူ့ဖာသာသူစေ့စပ်တာ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ "

" ထင်ရှား တစ်ခုခုမလုပ်ဘူးလား "

" အ့တာက ရုပ်ရှင်ဇာတ်လမ်းတွေမှာပဲ မင်းသမီးကစေ့စပ်တော့မယ်ဆို မင်းသားက နည်းအမျိုးမျိုးနဲ့သွားတားတယ်ဆိုတာ ရုပ်ရှင်မှာပဲရှိတယ် ရှိုင်းစက်ရ ! "

ထင်ရှားပြောသော စကားကြောင့် သူငြိမ်သွားသည်။သူကသာ လှုပ်စိလှုပ်စိဖြစ်နေတာ။ထင်ရှားလို ရေခဲတုံးကောင်အတွက်က အေးဆေး။တကယ်ချစ်မိသွားတဲ့သူကိုပဲ အချစ်က ဘာလဲဆိုတာ ထိုင်ပြောမဲ့ကောင်။မချစ်တဲ့သူအတွက်
လုံးဝကို နည်းနည်းလေးမှ ဂရုမစိုက်။

အဖိုးဖြစ်သူ ဦးမင်းခက်ထန်က သည်ရွာ၏အကြီးအကဲမို့ သားအကြီးဖြစ်သူ တော်ဝင်ခက်ထန်၏ စေ့စပ်ပွဲကိုတစ်ယောက်မှ အပျက်ခံမည်မဟုတ်။

သားအဖဟု ပြောရန်မလို စိတ်ဆတ်လွန်းသည်က သူတို့အပြင်နှစ်ယောက်မရှိ။ဦးမင်းခက်ထန် ခြေလှမ်းအတိုင်းတစ်လှမ်းမလွဲစေရ။တော်ဝင်ခက်ထန်ပြီးလျှင် ဦးမင်းခက်ထန်ပြီးသည်အထိ။

အလုပ်‌တွင်လည်း စေ့စပ်သေချာလွန်းသည်။အဖေ့စကားတစ်ခွန်းတည်း။ထို့ကြောင့်သားဖြစ်သူ၏ စေ့စပ်ပွဲကို ခမ်းခမ်းနားနားလုပ်ပေး၏။

" ထင်ရှား.. ကျွန်တော်တို့သွားရမယ် "

" ဟမ်း !! "

" ဖေကြီးသိရင် အပြစ်ပေးလိမ့်မယ် "

**
" မုဏ်း ! ကိုယ့်ကိုခုန "

" အင်း .. စိတ်ချသွားပါ "

ထင်ရှား မရောက်လာသေးသည်ဖြစ်၍ ခက်ထန်မျက်နှာ မဲ့ကြုတ်နေပြီ။ဧည့်သည်တွေရှေ့မှာမို့ သူ မနည်း‌‌ဟန်ဆောင်ထားရတာ။သည်ခါ သူဟန်မဆောင်နိုင်တော့။

ဂွမ်း!! ဂွက် !!

စေ့စပ်ပွဲတွင် အလှဆင်ပန်းအိုးများအား စားပွဲပေါ်မှ အကုန်ဖယ်ချသည်။ခက်ထန် တစ်ခုခု အလိုမကျဖြစ်နေသည်ကို မကြာခင်ဇနီးဖြစ်တော့မည့် 'မုဏ်း'
သိ၏။သူ့အခြေအနေကို အကဲခတ်ရုံနှင့်တင် သတိထားမိသည်။

Htan - ထန် ( ‌စာရေးသူ ပြန်ပြင်နေပါသည် )Where stories live. Discover now