《1》

5.6K 90 1
                                    

အညာနွေပူလိုက်ပုံများ အသားကျက်ပြီလားထင်ရသည်
ဒါကြောင့် လှည်းပေါ်ရှိပိုင်စိုးသူတို့သူငယ်ချင်းနှစ်ယောက်မှာထီဖွင့်ဆောင်းရတော့သည်

ပိုင်စိုးသူဟာမြို့ကြီးသားဖြူဖြူသန့်သန့်ချောချောလေးဖြစ်သည်
အခုအညာမြေကိုရောက်လာရတာကတော့သူငယ်ချင်းဖြစ်သူသိန်းထင်ရဲ့ရွာကိုလိုက်လည်တာလေ

"ဟဲ့နွား! "

လှည်းမောင်းတဲ့ကိုရင်မောင်မှာလှည်းကိုဆက်မမောင်းဘဲရပ်လိုက်တော့
သိန်းထင်ကလှမ်းပြောလိုက်တယ်

"ကိုရင်မောင်လှည်းကိုဘာလို့ဆက်မမောင်းတာတုန်း..."

ထိုအခါကိုရင်မောင်ကမျက်နှမသာမယာဖြင့်ပြန်ပြောတယ်
"လှည်းရှေ့မှာစံမောင်ပိတ်ရပ်နေတယ်သိန်းထင်ရေ...."

သိန်းထင်ပြောမဲ့စကားတွေပြန်မြိုချလိုက်ရသည်
စံမောင်ကဒီရွာကသူကြီးသားလူးရမ်းကားဖြစ်သည်
တစ်နေ့တစ်နေ့ထန်းရည်မူးပြီးရွာရိုးကိုးပေါက်လျှောက်နေတဲ့ကောင်
ဒီလိုကောင်မျိုးနဲ့သိန်းထင်အဖတ်လုပ်ပြီးရန်မဖြစ်လိုပေ

" ကိုရင်မောင်ရေ ကွေ့ပြီးသာမောင်းဗျာ..."

"အေးအေး.."

ကိုရင်မောင်တစ်ယောက်လှည်းကိုစံမောင့်ဘေးကကွေ့ပတ်ပြီးသာမောင်းလိုက်တော့သည်
ဒီရွာသားဖြစ်တဲ့သူကစံမောင်ဟာရန်ဖက်ဖြစ်လို့ကောင်းတဲ့လူမဟုတ်မှန်းသိတယ်လေ

စံမောင်မိမိအားထပ်တိုက်မတွေ့ချင်လို့ကွေ့ပတ်သွားတဲ့လှည်းကိုရှုတည်တည်လှမ်းကြည့်လိုက်သည်
ထိုစဥ် ဖျတ်ခနဲမြင်လိုက်ရသည့်မျက်နှာလေးကြောင့်သူရင်ထဲဗလောင်ဆူသွားရသည်
အမျိုးအမည်မသိသောခံစားချက်တွေကလည်းရင်ထဲအလုံးအရင်းဝင်လာတာမို့
လှည်းကလေးသူ့မြင်ကွင်းမှတဖြည်းဖြည်းဝေးကွာပျောက်ကွယ်သွားသည်အထိ
ငေးကြည့်နေမိတော့သည်

သိန်းထင်လှည်းကလေးအတော်ဝေးဝေးရောက်တော့မှသူ့သူငယ်ချင်းကိုစကားစလိုက်သည်

"အပိုင်.."

"ပြောလေသိန်းထင်.."

"စောနကလူကိုမြင်တယ်မဟုတ်လား..."

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now