《8》

1.4K 51 2
                                    

ညကရိုက်လွှတ်ခံရလည်းစံမောင်တို့ကအရှက်မရှိပေ
မိုးလင်းတာနဲ့ အမေချက်ထားတဲ့ဟင်းတွေကိုချိုင်းထဲထည့်လိုက်သည်

ဟင်းတွေကလည်းအကောင်းသားဗျ
ဝက်သားဆီပြန်ကိုမှအီမှာဆိုးလို့
မန်ကျည်းရွက်ချဥ်ရည်သောက်ကလေးနဲ့တွဲပြီးချက်ပြုတ်ထားတာဗျို့

ထည့်ပြုပြီးသွားသည့်အခါချိုင်းလေးဆွဲရင်း အပိုင်တို့အိမ်သို့ဦးတည်လိုက်သည်
ချိုင့်ဆွဲထွက်လာတဲ့သူ့ကိုမြင်တော့အမေက
"ဟဲ့ချိုင့်ကြီးဆွဲပြီးဘယ်သွားမလို့တုန်း "လှမ်းမေးပါသေးတယ်
သူက "အမေ့သားမက်လေးဆီ "လို့ပြောပြီးထွက်လာခဲ့ရတာ

အပိုင်နဲ့သိန်းထင်ကလှည်းပေါ်ပစ္စည်းတွေသေချာတင်နေကြသည်
တောင်အုပ်စုရွာမှာဘုရားပွဲရှိတယ်ဆိုတော့အရီးမယ်ခကမြန်မာမုန့်တွေလုပ်ပြီး
သွားရောင်းမယ်ဆိုလို့ပြင်ဆင်နေကြတာလေ

"ပိုင်.. "

"ဗုဒ္ဓေါ...."

ခါးအားအတို့ခံလိုက်ရတာကြောင့်အလန့်တကြားဖြင့်
လက်ထဲကမြေအိုးလေးကိုလွှတ်ချလိုက်မိသည်

ဘယ်သူခါးကိုတို့တာလဲဟုစိတ်ဆိုးမာန်ဆိုးဖြင့်လှည့်ကြည့်လိုက်တော့
သူ့အားနွားပွဲစားနွားရောင်းထွက်သလိုရယ်ပြနေသည့်စံမောင့်ကိုတွေ့ရသည်

"လူကိုလာတွေ့ရင်အဝေးကြီးကတည်းကအသံပြုဖို့မပြောထားဘူးလားငနက်ကျော်ရဲ့" ဟု
ဆိုကာစံမောင့်လက်မောင်းကိုအပိုင်ဒေါသတကြီး သုံးချက်ဆင့်ရိုက်ပစ်လိုက်သည်

"အာ့! နာလိုက်တာကွာ မောင့်လက်မောင်းမှာအချစ်အတွက်ဒဏ်ရာရှိတယ်လေကွာ..."

စံမောင်ချိုင့်ဆွဲထားသည့်ညာဘက်လက်မောင်းကို အားနေသည့်ဘယ်လက်ဖြင့်ဖိကာ
အပိုင်ဂရုဏာသက်ဖို့ နာကျင်သည့်ဟန်နှင့်ပိုပိုသာသာညည်းပြလိုက်သည်

"စံမောင် မင်းဓါးဒဏ်ရာကဘယ်လက်မှာ အခုဖိထားတာကညာလက်ကို
ဆိုစမ်းပါဦးမင်းဒဏ်ရာကဘယ်ကနေညာကူးနိုင်တာလား...."

"အဟမ်း..."

စံမောင်အချက်ပြေချောင်းဟန့်လိုက်သည်
စံမောင်ရေ စောက်ရှက်တွေကွဲပြီဟ!

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now