《4》

1.8K 69 0
                                    

အရီးမယ်ခကရွာဦးကျောင်းဆွမ်းပို့ခိုင်းတာကြောင့်
ဆွမ်းချိုင့်လေးဆွဲကာသိန်းထင်နှင့်နှစ်ဦးသားထွက်လာခဲ့သည်

နှစ်ဝိုင်းကျော်လောက်သာရောက်သေးတယ်ရှေ့ကပိတ်ရပ်လိုက်တဲ့စံမောင်ကြောင့်
အပိုင်မှာလန့်ဖြန့်သွားရသည်

"မင်းငါ့ရှေ့ရုတ်တရက်မပေါ်လာစမ်းနဲ့
မသိရင်မဲမဲနဲ့ငနက်ကျော်ကြီးအတိုင်းဘဲ လူကိုလန့်လန့်သွားစေတယ်..."

မိမိအားသရဲနက်ကျော်နဲ့အနှိုင်းခံလိုက်ရသော်လည်း
စံမောင့်မှာစိတ်မဆိုးနိုင်ပေ

"ပိုင်ဘယ်သွားမလို့လဲ.."

"ဆွမ်းသွားပို့မလို့..."

"ပေးပေးဆွမ်းချိုင့်မောင့်ကို
ရွာဦးကျောင်းသွားမှာမလား"

"မင်းလိုကောင်ကဘုန်းကြီးကျောင်းကိုလိုက်ဦးမယ်ပေါ့လေ..."

အလိုက်မသိဝင်ပြောတဲ့သိန်းထင်ကိုစံမောင်အကြည့်စူးစူးနဲ့ကြည့်ပေးလိုက်သည်
ထိုအခါမှသိန်းထင်ကဇက်ကလေးပုပြီးပါးစပ်ပိတ်သွားတယ်

စံမောင်လည်းမျက်နှာချိုသွေးပြီးအပိုင့်လက်ထဲကဆွမ်းချိုင့်ကိုယူလိုက်သည်
ပြီးနောက်ဘေးချင်းယှဥ်ရပ်ကာ

" ပိုင် ဒီနေ့မောင်ထန်းရည်မသောက်ထားဘူးနော် "ဟုပြောလိုက်သည်

"မင်းဟာမင်းသောက်သောက် မသောက်သောက်ငါနဲ့မဆိုင်ဘူး"

"ဘာလို့မဆိုင်ရမှာလဲ မောင်ကပိုင်ရဲ့ခင်ပွန်းလောင်းလေ"

အပိုင်စကားပြောမဆင်ခြင်သည့်စံမောင့်ခေါင်းကို သုံးချက်ဆင့်ခေါက်ပစ်လိုက်သည်

"မင်းကလားငါ့ခင်ပွန်းလောင်း အိပ်မက် မက်နေလိုက်"

စံမောင်အခေါက်ခံလိုက်ရလို့နာသွားသည့်ခေါင်းကိုပွတ်ရင်း
ရယ်ကျဲကျဲဖြင့်

"အချစ်ကပေးတဲ့ဝေဒနာဆိုတော့လည်း နာကျင်ရင်တောင်စံမောင်တို့ကပြုံးပြုံးလေးခံနိုင်တယ်"

ရွှတ်နောက်နောက်မျက်နှာဘေးနဲ့စံမောင့်ကိုမျက်စောင်းပြီး
ရှေ့သို့ကျော်ကာခပ်သွက်သွက်လျှောက်လိုက်သည်
ထိုအခါအရှက်မရှိသည့်စံမောင်က
" အချစ်မောင့်ကိုစောင့်ဦးလေ" ဆိုပြီး အာဗြဲကြီးနှင့်အော်ကာအနောက်ကပြေးလိုက်သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now