《26》

1.2K 45 1
                                    

စံမောင်ကဆေးရုံမှာကြာကြာမနေချင်ဘူးဆိုတာကြောင့်
နှစ်ရက်လောက်အကြာမှာသူတို့ဆေးရုံကဆင်းခဲ့ကြသည်
ဆေးရုံဆင်းပြီးသီးသန့်မနေသေးဘဲ
အရေးကိစ္စဆိုအကူအညီရအောင် စံမောင်မိဘတွေထံမှာ ခေတ္တခဏမှီခိုနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်

"အမောင်! နေမကောင်းဘူးမဟုတ်လားဘာတွေလုပ်နေတာတုန်း...."

ဘုန်းကြီးကျောင်းဆွမ်းပို့ပြီးအပြန် ရေစည်တိုက်နေတဲ့စံမောင့်ကိုစိုးရိမ်တကြီးမေးလိုက်တော့
သွားအဖြဲသားနဲ့ရယ်ပြလာလေတယ်...

"အလကားထိုင်နေရတာပျင်းလို့ စဥ့်အိုးတွေရေဖြည့်နေတာ"

"ဒဏ်ရာမှမသက်သာသေးဘဲနဲ့နားနားနေနေမနေဘူး"

"သားပိုင်ရေ အရီးလည်းနားနားနေနေ နေဖို့ပြောတာဘဲသူကနားမထောင်ဘူးလေ..."

ရေနွေးကြမ်းသောက်နေတဲ့အရီးက ငြူစူသလိုပြောလေတော့ စံမောင်ကပြုံးပြန်သည်
အတိတ်မေ့ပြီးကာမှ စံမောင်တစ်ယောက်နူးညံ့သွားပါလေရောလား

"အပိုင်! ဗျို့အပိုင်"

" သိန်းထင်လား ဝင်ခဲ့လေ"

"အေးအေး..."
ဝိုင်းဝကအသားကုန်အော်နေသည့်သိန်းထင်ကခွင့်ပြုချက်ရတော့မှကွတကွတနဲ့ဝိုင်းထဲဝင်လာတယ်
ပြီးတာနဲ့အရီးမယ်တင့်တည်ထားတဲ့ရေနွေးကြမ်းကို အနည်းငယ်ငှဲ့သောက်လိုက်တယ်

"သိန်းထင်ဘာကိစ္စရှိလို့တုန်း"

"လူနာသတင်းလာမေးတာဟေ့ !
ငါ့အမေပေါ့ နေပူလို့ညနေမှသွားမေးပါမယ်ဆိုတာလက်မခံဘူး"

အပိုင်ခပ်ဟဟရယ်လိုက်သည်
အရီးမယ်ခကစိတ်မြန်လက်မြန်ရှိလှသူမို့ သူခိုင်းတာချက်ချင်းထလုပ်မှကြိုက်တာ

သူတို့စကားပြောနေစဥ်မှာပဲ စံမောင်က အိမ်ပေါ်တက်လာပြီး
အပိုင့်ဘေးမှာလာထိုင်တယ်

"အပိုင်သူကဘယ်သူတုန်း မင်းနဲ့ရင်းနှီးတာလား"

"ဟုတ်တယ်ငါ့သူငယ်ချင်းလေ..."

"ပြောတော့အတိတ်မေ့သွားတယ်ဆိုသဝန်ကျတော့ကြောင်လှချည်လား..."

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now