《27》

1.2K 43 1
                                    

"သူခိုးဗျို့! သူခိုးလာကြပါဦး ကျွန်မတို့အိမ်သူခိုးဝင်လို့ဗျို့"

"အမောင် သူခိုးဝင်လို့တဲ့ ကြားလား"

"ကျုပ်ကြားတယ် ခင်ဗျားဒီမှာနေခဲ့ကျုပ်သွားကြည့်မယ်.."
ချက်ချင်းစံမောင်ကနောက်ဖေးပြေးဝင်သွားပြီးနံရံမှာထိုးထားတဲ့ငှက်ကြီးတောင်သွားယူသည်
ပြီးတာနဲ့ နောက်မလှည့်ကြည့်ပဲကာလသားတွေနဲ့အတူသူခိုးနောက်ပြေးလိုက်တော့သည်

ဒဏ်ရာမသက်သာသေးတဲ့စံမောင့်ကိုစိတ်မချနိုင်တာမို့
အပိုင်မှာလည်းနောက်ကပြေးလိုက်ရတော့တယ်

ရွာပြင်မရောက်တရောက်မှာသူခိုးကိုဖမ်းမိသွားသည်
ဖမ်းမိသွားတဲ့သူခိုးမှာတစ်ခြားသူမဟုတ် သူ့သူငယ်ချင်းသိန်းထင်တဲ့လေ

"ဟေ့ကောင်! သိန်းထင်မင်းဘယ်လိုဖြစ်လို့...."
သူအံ့သြတကြီးမေးလိုက်တော့ သိန်းထင်ကမျက်နှာငယ်လေးနဲ့
"ငါပစ္စည်းခိုးတာမဟုတ်ပါဘူးကွာ" ဟုပြန်ဖြေရှာတယ်

"နင်ပစ္စည်းမခိုးရင်ဘာလို့ငါ့ဝိုင်းထဲဝင်လာတာတုန်း!"

"အရီးထားခင်ကိုကျုပ်ဘယ်လိုပြောရပါ့"

"ပြောမှာသာပြောစမ်းပါ မဟုတ်ရင် မင်းကိုခိုးမှုနဲ့သူကြီးတိုင်မယ်"

သိန်းထင်မှာဖြစ်ကြောင်းကုန်စင်ကိုအများရှေ့မှာဖွင့်ပြောရန်ခက်လှသည်
သူ ငဲ့ကွက်ရမဲ့သူရှိတယ်...

"အမေ...တကယ်တော့လေသိန်းထင်ကသမီးကိုလာတွေ့တာ.."

လူအုပ်ကြားထဲက အမျိုးသမီးတစ်ဦးတိုးထွက်လာပြီးပြောလိုက်သည့်စကားကြောင့်
ရွာသားတွေမှာဟာကနဲဟင်ကနဲဖြစ်ကုန်ကြတယ်

"ဟဲ့ထားကြည်နင်ဘာပြောနေလဲ  ဆိုတာသိရဲ့လား"

"သိပါတယ်အမေ ဒါပေမဲ့ဖြစ်လာမှတော့မထူးတော့ဘူးအမှန်တိုင်းဘဲပြောရတော့မယ်
သမီးနဲ့သိန်းထင်လူငယ်ချင်းမေတ္တာမျှနေကြတာပါ..."

သိန်းထင်ကလည်းထားကြည်လက်ကိုလှမ်းဆွဲကာ
သူတို့သမီးရည်းစားတွေဖြစ်နေကြောင်းဝန်ခံလိုက်သည်

သူခိုးလိုက်ဖမ်းတဲ့ရွာသားတစ်စုမှာ
"အချက်မသိတော့ သားမက်သူခိုးထင်" ဆိုတဲ့စကားပုံကို တွေးမိပြီးခပ်ပြုံးပြုံးဖြစ်ကုန်ကြသည်
အပိုင်ပင်လျှင်သူ့သူငယ်ချင်းအဖြစ်ကြောင့်ဟားတိုက်ရယ်ချင်သွားသည်
သိန်းထင်တို့များဖြစ်လိုက်ရင်အဆန်းကြည့်ဘဲ
ချိန်းတွေ့ ကောင်းလို့အချုပ်ထဲရောက်တော့မလို့...

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now