《9》

1.3K 42 0
                                    

ညနေစောင်းသည့်အခါစံမောင့်လှည်းကလေးကသိန်းထင်သို့ဝိုင်းသို့ဆိုက်သည်
သူလှည်းပေါ်မှာအကျအနထိုင်နေသည့်အပိုင်ကိုတစ်ချက်လှမ်းကဲကြည့်လိုက်သည်

စိမ်းရင့်ရောင်shirt လက်ရှည် ပုဆိုးကွက်စိပ်ကလေးဝတ်ဆင်သားသောအပိုင်ဟာ
ဖြူဖွေးနေသည့်အသားအရည်ထပ်ပေါင်းလိုက်သည့်အခါရှုမငြီးနိုင်သည့်အလှတရားလေးဖြစ်သည်

သူ့ကြည့်တာအရှိန်လွန်သွားတယ်ထင်ပါ့
အပိုင့်ထံမှ စိတ်မရှည်သည့်ဘောက်ဆက်ဆက်အသံထွက်လာတယ်

"ဘယ်အချိန်ထိငေးနေမှာတုန်းလှည်းမထွက်တော့ဘူးလား...."

"ထွက်ပြီ ...ထွက်ပြီ ပိုင်မောင့်လှည်းမှာမထိုင်ချင်ဘူးလား"

"ထွက်ကြပါတော့ဟဲ့ ငါစျေးရောင်းရဦးမယ်"

အရီးမယ်ခကစိတ်မရှည်သလိုအော်တော့မှစံမောင်အင်တင်တင်နဲ့ပြန်လှည့်ပြီး
လှည်းကိုစတင်မောင်းနှင်တော့သည်
ဘုရားပွဲဖြစ်သည့်ရွာက ဒီရွာအတော်လေးလှမ်းတာမို့
လှည်းကိုအချိန်အကြာကြီးမောင်းနှင်ခဲ့ရသည်

လှည်းမောင်းနေသည့်တစ်လျှောက်လုံးလည်း စံမောင်က
နောက်လှည်းမှာပါနေသောအပိုင့်ကိုစောင်းမြောင်းကာအသံကျယ်ကျယ်နဲ့
သီချင်းအော်ဆိုသည်
ဆိုလိုက်တဲ့သီချင်းဆိုတာကလည်းအမျိုးကိုစုံလို့
သူမို့မမောနိုင်မပန်းနိုင်ဆိုနိုင်တယ်

"ငါ့သားကိုတော့စံမောင်ကအတော်သဘောကျနေတယ်ထင်ပါ့...."

စံမောင်သီချင်းဆိုသံကြောင့်ရှက်ဟန်ပေါ်နေသည့်အပိုင်ကိုဒေါ်မယ်ခကစ​နောက်သည်

"ဟာအရီးကလဲ"
သူလည်းပင်းအားပွတ်ရင်းရှက်နေမိတော့သိန်းထင်ကပါအငြိမ်မနေဘဲထပ်နောက်ပြန်သည်

"အမေမသိလို့ဗျ အပိုင်ဆိုတာမြို့မှာဆိုလူရိုးကြီးဗျ
ဒေါသထွက်တာစိတ်ဆိုးစိတ်ကောက်တာတွေဆိုတာသူ့နဲ့မအပ်စပ်ဘူး
ဟော! စံမောင်နဲ့လည်းတွေ့ရော ရှက်ရတာနဲ့စိတ်ဆိုးရတာနဲ့ခံစားချက်တွေ
မျိုးစုံကြိုးခုန်နေတာ"

"သိန်းထင်! ငါ့ကိုစတယ်ပေါ့လေ"

"ဟားဟား"

"ဟားဟား"

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now