နူးညံ့ခြင်းကင်းသော ခင်ပွန်း 2

7.3K 75 0
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း Part 2

ခိုးသည့်နေ့ကလည်း ခက်ခက်ခဲခဲ မခိုးလိုက်ရပေ။ အိမ်အကူကြီးတစ်ယောက်သာ ရှိသည့် မိုးရိပ်၏ အိမ်ကို မိုးရိပ်အလစ်၌ အရောက်သွားသည်။ မိုးရိပ်လည်း မရှိ၊ အိမ်အကူအဒေါ်ကြီးလည်း မရှိမှ သူအိမ်ကိုသွားကာ နှင်းငွေ့ဖြူဆိုသည့် မိန်းကလေးကို အပါခေါ်ခဲ့၏။

"ဘာကိစ္စရှိလို့လဲရှင့်။ ကိုကို မရှိသေးဘူး။"

သူ့ကို မြင်သည်နှင့် ထိုမိန်းကလေးက အေးအေးဆေးဆေးပင် စကားပြောသည်။ သူ့အစ်ကို မရှိကြောင်းကိုပါ ဖွင့်ဟလေသည်။

"မင်းအစ်ကို ကားအက်ဆီးဒန့် ဖြစ်လို့ လာအကြောင်းကြားတာ။"

"ရှင်....ဟုတ်...ဟုတ်လို့လားဟင်။"

"မဟုတ်ဘဲနဲ့ ကျုပ်က မင်းကိုလာပြောပါ့မလား။ ကျုပ်တို့အိမ်ဖုန်းကို အခုပဲဆက်သွယ်လို့ မင်းကိုခာပြောတာ..."

"ကိုကို...ကိုကို...."

သူ့စကားကြောင့် ချက်ချင်းပြာယာခက်သွားသည့် သူမဟာ ဖုန်းကိုပြေးယူဖို့ပြင်သည်။ သူက ခပ်မြန်မြန်ပင် သူမဖုန်းကို လှမ်းယူပြီးပြစ်ချလိုက်ကာ...

"မင်းဖုန်းခေါ်ကြည့်နေဖို့ အချိန်မရှိဘူး။ မင်းအစ်ကိုနောက်ကို မြန်မြန်လိုက်သွားဖို့ လိုအပ်တယ်။"

သူ့စကားကြောင့် သူမမှာ ချက်ချင်းဆိုသလို ခေါင်းလေးတညိတ်ညိတ်ဖြင့် အိမ်ပြင်ကို အလျှင်မြန်ထွက်ခဲ့လေသည်။ သူကကားကို တံခါးဖွင့်ပေးသည့်အခါ ခြေတုန်လက်တုန်ဖြင့် သူမအစ်ကိုအတွက် စိတ်ပူကာ ဘုရားစာတွေ မျက်လုံးမှိတ်ပြီး ရွတ်ဖတ်နေလေသည်။ ထိုအချိန် လမ်းတစ်နေရာရောက်လျှင် ကားကို ခဏရပ်၍ မိုးရိပ်ဆီ သူစာလှမ်းပို့လိုက်သည်။

"မင်းအဏ္ဍဝါကို လာထိတဲ့အတွက် တန်ရာတန်ကြေးအနေနဲ့ ခင်ဗျားညီမကို ကျုပ်ခိုးသွားပြီ။ မတူဘူးမတန်ဘူးဆိုတာ မရှိဘူးမိုးရိပ်။"

စာပို့ပေးပြီး သူဖုန်းကို စက်ပိတ်ထားလိုက်သည်။ မိန်းမတစ်ယောက်ကို ခိုးပြေးရသည်မှာ ဒီလောက်ထိလွယ်မည် မထင်ခဲ့ပေ။

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now