9🚨

9.9K 79 4
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း part 9

သူအထဲပြန်ဝင်လာတော့ နှင်း၏ လက်၌ ချိတ်ထားသည့် ဒရွတ်က ကုန်နေပြီဖြစ်သည်။ အပ်ကို ဖြုတ်နေသည်ကို သူ ဘေးကနေကြည့်နေလိုက်ကာ လက်ကနေ သွေးထွက်သွားသည်ကိုလည်း မြင်၏။ နှင်းမှာ ဆေးထိုးအပ်ကိုဖြုတ်ရင်း သွေးထွက်လာတာကို မြင်တော့ လန့်သွားသည်။

"ဟင်...."

သူက လာကူမလုပ်ပေးဘဲ နှင်း တစ်ယောက်ထဲ ဒုက္ခဖြစ်နေသည်ကို ထိုင်ကြည့်သည်။ အကြင်နာတရားမရှိသည့် လူကြောင့် နှင်း မျက်ရည်ကလေး ရစ်ဝဲလာသည်။ ကိုကို့ဆီ ဖုန်းခေါ်ပေးခိုင်းတော့လည်း မခေါ်ပေးသလို နှင်းကိုလည်း မကြင်နာသည့်သူ့ကို နှင်း မကြည့်တော့ပေ။

သွေးထွက်နေသည့်လက်ကို ကိုယ့်ဘာသာ ဂွမ်းစလေးနှင့် ပိတ်ကာ လက်ကိုကွေးထားလိုက်၏။ သူက နှင်းရဲ့ဘေးမှာ ထိုင်နေရင်း လက်ကိုတစ်ချက်ကြည့်သည်။ ပြီးတော့ နှင်းမျက်နှာကို ကြည့်သည်။

"ဘာမှ မဖြစ်ဘူး ခဏနေရင် သွေးတိတ်သွားလိမ့်"

အရမ်းနာနေလား။ အဆင်ပြေလားဟု တစ်ခွန်းမှ မမေးဘဲ ဘာမှမဖြစ်ဘူးဟု ပြောသည့်အခါ နှင်း ငိုချင်လာလေသည်။ ကိုကိုနဲ့နေစဉ်က ဘာတစ်ခုမှ မဖြစ်ဘဲ သူနဲ့နေရမှ တစ်ခုပြီးတစ်ခုဖြစ်နေသည်မို့ ဝမ်းလည်းနည်းသည်။

"ကိုကို့ဆီ ခဏလောက်ပြန်ချင်တယ်"

နှင်း သူ့ဆီကနေ တောင်းဆိုတော့ သူက အေးစက်စက်ပြန်ကြည့်နေ၏။ ထို့နောက် ဘာမှမပြောဘဲ ထထွက်သွားလေသည်။ နှင်းမှာ လက်ကိုကွေးထားရက်သား သူ့နောက်ကို ပြေးလိုက်သည်။ သူက နှင်းအခန်းကနေ ပြင်ထွက်ပြီး သူ့အခန်းကို ဝင်ဖို့ပြင်နေ၏။

"အကို....နှင်း ‌ခဏလောက်ပြန်ချင်တယ်။"

သူက လှည့်မကြည့်ဘဲ သူ့အခန်းထဲကို ဝင်၏။ နှင်းပါလိုက်ဝင်လာရင်း ကွေးထားသည့်လက်ကိုလည်း ဆန့်ထုတ်လိုက်၏။ သွေးထွက်ချင်လည်း ထွက်ပါစေဟု ဂရုမစိုက်စွာ ဒီအတိုင်းထားထားလိုက်သည်။

"အကို...ခဏလောက်ပြန်ချင်တယ်လို့။ နှင်းကို ခဏလောက် ပြန်လိုက်ပို့ပေးပါနော်။ "

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now