5🚨

12K 91 1
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း Part 5

အစားစားပြီး ထူထူထောင်ထာင်လေးဖြစ်သွားတော့မှ သူမကိုကြည့်ကာ မင်းအဏ္ဍဝါ မျက်မှောင်ကျုံ့လိုက်၏။

"မင်းကို ပြုစုယုယဖို့ ယူထားတာ မဟုတ်ဘူးနော်။ ကြားလား"

"နှင်းကလည်း ရှင့်ကို မပြုစုခိုင်းပါဘူး"

"ဘာ..."

"ဟုတ်တယ်လေ... သူ့ဘာသာ နေမကောင်းဖြစ်တာ နှင်း ဘယ်တတ်နိုင်ပါ့မလဲ။ နှင်း လက်ဖက်ရည်နဲ့ တကယ်မတည့်ဘူး"

သူမက မျက်နှာလေးညိုးပြီး ပြောနေသည်မှာ တကယ်ဖြူဖက်ဖြူလျှော်‌ေလးဖြစ်သည်။ သို့သော် နောက်တစ်ခါ ‌နေမကောင်း မဖြစ်အောင်တော့ မှာထားမှ ဖြစ်ပေလိမ့်မည်။

"နောက်ခါ မတည့်ရင် မသောက်နဲ့။ နေမကောင်းရင် ငါက မကုဘူး။ ကျော်သူ ကားတစ်ခါထဲ ခေါ်‌ပေးမှာ"

သူ့စကားကြောင့် နှင်း မျက်ဝန်းလေး‌တွေဖြင့် ခပ်တွေတွေသူ့ကို ငေးကြည့်နေမိသည်။ ကျန်းမာရေးမကောင်းသည့် နှင်းဟာ ငယ်ငယ်လေးထဲက ‌တရှောင်ရှောင်ဖြစ်သည်။ ကိုကိုကလည်း ရောဂါသည်လေးမို့ ဘာမှမလုပ်ခိုင်းဘဲ အိမ်မှာပဲ အရိပ်တကြည့်ကြည့်ဖြင့် ပြုစုခဲ့သည်။ သူမ အသံကလေးညိုးနေရင်တောင် ကိုကို့မှာ ပြာပြာသလဲ ဖြစ်ရ၏။ အခုတော့ သူမကို လက်ထပ်ယူထားသည့် မင်းအဏ္ဍဝါဆိုသည့်လူမှာ သူမကို စိတ်ပူဖို့နေနေသာ နေမကောင်းလျှင်ပင် ‌ကျော်သူကား တစ်ခါထဲ ခေါ်ထားမည်ဟုဆိုလေသည်။

နှင်း ဝမ်းနည်းစိတ်တို့ကြောင့် မျက်ရည်လေး ရစ်ဝဲလာမိသည်။ အိပ်ရာထပ်မှာ လှဲနေရင်း ငိုမိလေသည်။

"မင်းကို ငါက ဘာလုပ်နေလို့ ငိုနေတာလဲ"

နှင်းငိုတော့ သူက ဒေါသတကြီးမေးလေသည်။ နှင်း ဘာမှပြန်မဖြေဘဲ ရှိုက်ငိုသည့်အခါ သူက နှင်း၏ ပခုံးလေးတွေကို လှုပ်ပြီး အတင်းမေးလေးသည်။

"ပြောစမ်း...မင်းကို ကျုပ်က ဘာလုပ်နေလို့ မင်းက မျက်ရည်တစမ်းစမ်းဖြစ်နေတာလဲ။"

"အဟင့်..ဟင့်...ဟင့်..."

"မငိုနဲ့...ပိတ်ထား။ အဲ့ပါးစပ်က လုံးဝအသံမထွက်နဲ့။ မျက်ရည်လည်း မကျနဲ့။ မင်းကို ဘာမှမလုပ်သေးဘဲ မငိုနဲ့နော်။ "

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now