4

8K 86 1
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း part 4

ရေချိုးခန်းထဲကနေ ထွက်လာသည်ထိ သူမက အိပ်ရာကနေ မထသေးပေ။ ခွေခွေလေး အိပ်နေသည်။

"ဟိတ်...ထတော့လေ"

သူလှုပ်နိူးလိုက်မှ သူမက အနည်းငယ်လှုပ်လာလေသည်။

"အင်း..."

အသံပေးရင်း ထဖို့လုပ်လျှင် ခန္ဓာကိုယ် အောက်ပိုင်းက ဆစ်ခနဲနာကျင်သွားလေသည်။ ထို့နောက် ကိုယ်ပေါ်က စောင်က ရှောခနဲကျသွားလျှင် အမြန်ဖမ်းထားလိုက်ရသည်။ ညက အဖြစ်အပျက်
တို့ကို မြင်ယောင်မိသည့်အခါ မျက်နှာတစ်ခုလုံး နိီဆွေးသွားသည်။

"မင်း ကာကွယ်ထားနော်...ကျုပ်ကလေး မယူချင်သေးဘူး။ လွတ်လွတ်လပ်လပ်နေချင်သေးတယ်။"

သူမ ခေါင်းသာ အသာလေးညိတ်ပြမိသည်။

"မင်းကို ချစ်လွန်းလို့ ယူထားတာမဟုတ်ဘူး။ မင်းအစ်ကို မိုးရိပ်ဆိုတဲ့ ဘဲကို အမြင်ကပ်လို့ ယူထားတာ။ ပေါက်လား။"

သူမက ပြန်မဖြေဘဲ သူ့ကို မျက်လုံးစိမ်းများဖြင့် ပြန်ကြည့်သည်။ သူ ဒီအကြည့်ကို မနှစ်မြို့နိုင်ပေ။

"မင်းအကြည့်တွေ ပြင်လိုက်"

လက်ညိုးထိုးပြီး အမိန့်ပေးလိုက်ပေမဲ့ ပိုးကပ်ဖြူလေးက သူ့အစ်ကိုထိတော့ မခံချင်ပေ။ သူ့စကားနားမထောင်ဘဲ ပေကပ်ကပ်ကြည့်နေ၍ မေးဖျားကိုဆွဲမော့ကာ မျက်လုံးတွေကို စိုက်ကြည့်ပစ်လိုက်သည်။

"ဘာလဲ မကျေနပ်ဘူးလား။ မင်းအစ်ကိုကို ပြောတော့ စိတ်ဆိုးတာလား။ "

သူမက ဘာမှပြန်မဖြေဘဲ မျက်နှာလွှဲဖို့ လုပ်ပေမဲ့ သူကအတင်း ပြန်လှည့်ကာ ဆက်ပြောသည်။

"မင်းအစ်ကို ကျုပ်ကိုပြောသွားတာတွေက ပိုပြီးစိတ်တိုဖို့ ကောင်းတယ်။ ကျုပ်လိုကောင်က မင်းအစ်ကိုကြောင့်သာ မဟုတ်ရင် မင်းထက်အစတစ်ရာမက ချောတဲ့‌မိန်းမတွေကို ခေါင်းခေါက်ယူလို့ရတယ်။ "

"နှင်းကရော ရှင့်ကို ယူခိုင်းလို့လား။"

အသံသေးသေးလေးနှင့် ပြန်အော်လေသည်။

"အဟက်...မင်းက မယူခိုင်းပေမဲ့ မင်းအစ်ကိုကြောင့် ကျုပ်က မင်းကိုယူချင်သွားတာ။ သူ့ညီမကို ကျုပ်နဲ့များ မတူဘူးမတန်ဘူးတဲ့။ ကျုပ်ကပဲ သူ့ညီမကို လိုချင်လို့ တမင်တကာ ခွင်ဆင်ပြီး ချဉ်းကပ်တယ်တဲ့ .. ဟ...ဟ ရယ်ချင်လိုက်တာ။ သူ့ညီမကဖြင့် ကြိုက်မဲ့သူတောင် မရှိဘဲနဲ့များ"

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now