3 🚨

14.1K 96 0
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း part 3

(🚨🚨🚨 fb မှာတော့သိပ် 🌚 တာကို alittle sick မယ်နော်)

သူ့နူတ်ခမ်းတွေ နှင်းရဲ့ နူတ်ခမ်းပေါ် ကျရောက်လာသည့်အခါ နှင်းမျက်လုံးလေးတွေ ဝိုင်းစက်သွားလေသည်။ ချက်ချင်းဆိုသလို အကြောက်အကန် တွန်းထုတ်ပေမဲ့ သူက အလွှတ်မပေးဘဲ နှင်းရဲ့လည်တိုင်တွေကို ချုပ်ကိုင်ထားတယ်။ နူတ်ခမ်းချင်းထိနေရာကနေ သူ့လျှာဖြားက နှင်း၏ ပါးစပ်ထဲဝင်ရောက် မွှေလာသည့်အခါ နှင်း လန့်ပြီး မျက်ရည်ကလေး‌တွေဝဲလာသည်။

အတင်းရုန်းပေမဲ့ သူက သန်မာတဲ့ လက်တွေနဲ့ချုပ်ကိုင်ထားပြီး အရုန်းမခံပေ။ ထိုမြင်ကွင်းကို မြင်သည့်အခါ မိုးရိပ်မှာ ချက်ချင်းဆိုသလို မျက်နှာတစ်ခုလုံးနီရဲကာ ထိုအခန်းကို ကျောခိုင်းလိုက်ရသည်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဝရံတာကနေ ထွက်ခွာလိုက်၏။

လှည့်ထွက်သွားသည့် မိုးရိပ်ကိုကြည့်ကာ မင်းအဏ္ဍဝါမှာ နှင်းရဲ့နူတ်ခမ်းတွေကို သုံးဆောင်ရင်းပြံးလိုက်သည်။ ရုန်းကန်နေသည့်နှင်းက သူနမ်းလို့ပြီးသည့်အခါ လွတ်ပေးလိုက်လျှင် အခန်းထဲကနေ ပြေးထွက်ဖို့ပြင်လေသည်။ သူက လက်ကိုဖမ်းဆွဲထားသည်။

"ကိုယ်တိုင်းယူမလို့ဆို။ ယူလေ"

နှင်းက ခေါင်းလေးခါပြီး မျက်ရည်တို့ကျနေလေသည်။

"နှင်းကို လွတ်ပါ"

သူ့လက်တွေကို အတင်းရုန်းသည်။

"ထပ်ပြီး အနမ်းမခံချင်ရင် ကိုယ်တိုင်းယူလိုက်"

သူချိန်းခြောက်သည့်အခါ နှင်းမှာ တုန်တုန်ယင်ယင်ဖြင့် ကိုယ်တိုင်းယူရလေသည်။ ပေကြိုးမပါလာ၍ မင်းအဏ္ဍဝါက အံဆွဲထဲကနေ ကြိုးကိုထုတ်ပေးသည်။

"ရော့...တိုင်းလေ"

ကြောက်ကြောက်လန့်လန့်ဖြင့် ကြိုးကိုယူပြီး နှင်းမှာတိုင်းရသည်။ ဒီဇိုင်နာမဟုတ်၍ ဘယ်လိုတိုင်းရသည် မသိသော်လည်း သိသလောက်မှတ်သလောက်တိုင်းကသည်။ ပြီးသည်နှင့် ချက်ချင်းအိမ်ကို ပြန်ပြေးမိသည်။ အိမ်ရောက်သည့်အခါ ကိုကို့ကိုမတွေ့၍ တော်သေးသည်။ ကိုကိုနဲ့သာ တွေ့လျှင် နှင်း ဘာပြောလို့ပြောကမှန်းသိမည် မဟုတ်ပေ။
.... ..... .... .....

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now