အခန်း (၂၆)

4.7K 480 10
                                    

အခန်း ၂၆

ခြစ်ခြစ်တောက်ပူနေသော နေသည် အမြင့်တွင် ချိတ်ဆွဲထားပြီး အပူလှိုင်းက ပြတင်းပေါက်ဘောင်များကို ဖြတ်ကျော်ကာ အတွင်းထဲသို့ တိုးဝင်လာပြီး မီးလိုပူနေခဲ့သည်။ ဟူခွတွင် အသစ်လဲထားသော သစ္စာပန်းမှာလည်း အလွန်ညှိုးနွမ်းနေသည်။ ညှိုးကျုံ့နေသော ခရမ်း-နီရောင်ပန်းပွင့်သည် အားနည်းပြီး ဖျားနာနေသော အလှတရားနှင့်တူသည်။

သစ်တော်သားစားပွဲပေါ်ရှိ အပြာအဖြူစပ် ကြွေပန်းကန်လုံးတွင် တစ်ဝက်သာကျန်တော့ပြီး ကျန်ရှိသော ပယင်းရောင် ဇီးသီးချဉ်ဟင်းချိုမှာ အနည်းငယ် အေးစက်နေသည်။ ငွေရောင်ဟင်းချိုဇွန်းသည် ပန်းကန်လုံးထဲတွင်ရှိနေပြီး ပန်းကန်လုံးတွင် ရံဖန်ရံခါ လျှောကျလာသော ရေစက်များသီးနေသည်။ ရေစက်များသည် အောက်ခြေမှာ စုပြီး အောက်ရှိ အနက်ရောင် ပိုးသားပျော့ပျော့ကို စိုသွားစေသည်။

ကန့်လန့်ကာသည် ပူအိုက်သောလေကြောင့် ရေလှိုင်းအလား ညင်ညင်သာသာ လွင့်နေသည်။ လက်တွေ့မကျသော မှင်စက် ပန်းချီကားတစ်ချပ်ကဲ့သို့ အိပ်ယာပေါ်တွင် လှုပ်ရှားမှုများက ထင်ဟပ်နေသည်။

လီယွမ်မင်သည် ပါးလွှာသော မွေ့ယာထဲမှ ခေါင်းကိုထုတ်ကာ ရှက်သွေးဖြန်းလျက် အားယူကာ ထလိုက်သည်။

သူသည် ရှက်ရွံ့စွာ ခြေထောက်နှစ်ဖက်ကို စုလိုက်ပြီး မကျေမချမ်း ညည်းတွားလိုက်သည်-

"နေ့ခင်းကြောင်တောင် ပူတာကို မကြောက်ဘူးလား?"

နီလျဲ့၏နှုတ်ခမ်းထောင့်များက စိုစွတ်နေသည်။ သူသည် ချစ်ခြင်းဖြင့် နာခံသော ခွေးတစ်ကောင်အလား လီယွမ်မင်၏ နှုတ်ခမ်းများကို အောက်မှအပေါ်ထိ လုံးဝခွဲမရအောင် ပူးကပ်နေခဲ့သည်။

"အရှင့်သား... ထပ်ကြည့်ပါရစေ..."

လီယွမ်မင်၏နှလုံးသည် တဒုန်းဒုန်းခုန်လာသည်။ သူ မကျေမချမ်း တွေးမိသည်၊ ကြည့်ရုံပဲလား? သူက တကယ့်ကို တစ်ချက်ပဲ ကြည့်မယ်လို့ ပြောရဲတဲ့ သတ္တိရှိနေပါ့လား?! သူ့အစွဲအလမ်းက ဘာလဲဆိုတာ မသိပေမယ့် သူက စွဲလမ်းနေပုံရသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now