အခန်း ၂၇
လီယွမ်မင်သည် ရန်ချွင်းဥယျာဉ်သို့ အမြန်သွားသောအခါ ခန်းမတွင်းရှိ အခြေအနေသည် သူထွက်သွားတုန်းကနှင့် လုံးဝကွာခြားနေခဲ့သည်။ ပြည့်တန်ဆာများအားလုံးကို ထွက်သွားခိုင်းလိုက်ပြီး ခန်းမသည် ခံ့ညားနေသည်။ လူတိုင်း၏ မျက်နှာထားသည် လေးနက်နေလေသည်။
အေးစက်သောမျက်လုံးများဖြင့် နီလျဲ့သည် ခန်းမထဲတွင် ဟော်ကျန်ကို မျက်နှာချင်းဆိုင်လိုက်သည်။
ယွမ်ချုံရှန်းသည် ဖြူဖျော့သောမျက်နှာဖြင့် ဂုဏ်သရေရှိထိုင်ခုံပေါ်တွင် ထိုင်နေကာ အရာရှိများသည် တစ်ဖက်တစ်ချက်စီတွင် လက်နှစ်ဖက်ချကာ မတ်တပ်ရပ်နေကြသည်။ လီယွမ်မင် ဝင်လာသည်ကိုမြင်သော် အမြန်ခေါင်းငုံ့ကာ အကြည့်လွှဲလိုက်ကြသည်။ ပြာနှမ်းနေသော မျက်နှာ၊ ဖူးရောင်နေသော နှာခေါင်းနှင့် ယောက်ျားတစ်ယောက်သည် ခန်းမထဲက ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်။ သူသည် 'အားယိုး'ဟု အဆက်မပြတ်အော်နေပြီး သတိလစ်နေပြီဖြစ်သော မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် နောက်ထပ်တစ်ယောက်ရှိသည်။ သမားတော်နှင့်တူသော လူများသည် သူတို့ကို ကုသရင်း အလုပ်များနေကြပြီး အရာအားလုံးက ရှုပ်ယှက်ခတ်နေခဲ့သည်။
လီယွမ်မင်သည် နီလျဲ့၏ ခန္ဓာကိုယ်ကို အကြည့်အနည်းငယ်ဖြင့် အကဲခတ်လိုက်ပြီး သူ အဆင်ပြေကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။ ခေတ္တခဏရပ်တန့်ပြီး လူတိုင်းကို တစ်ချက်ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။
"ငါ အစောကြီးပြန်သွားတုန်းက အကောင်းပါ၊ မျက်စိတစ်မှိတ်အတွင်းမှာ ဘာလို့ဒီလိုဖြစ်သွားရတာလဲ?"
ယွမ်ချုံရှန်းသည် သူ့ဒေါသကို ထိန်းထားလိုက်သည်။ သူ့မျက်နှာက အကဲခတ်ရခက်နေသည်- "အစက ကွမ်အန်းဘုရင်က အရမ်းစည်းကမ်းတင်းကျပ်တယ်လို့ ကျွန်တော်မျိုးထင်ထားတာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ အရှင့်သားအိမ်တော်ရဲ့ စစ်သူကြီးက ဒီအရာရှိရဲ့ပွဲကို တကယ်ပဲ ပျက်စီးသွားအောင် လုပ်လိုက်တယ်!"
သူသည် ဒဏ်ရာရသူနှစ်ဦးကို လက်ညှိုးထိုးပြပြီး ဒေါသတကြီးပြောသည်– "သူတို့နှစ်ယောက် အရိုက်ခံထားရတာကို ကြည့်ပါအုန်း!"
BẠN ĐANG ĐỌC
အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။
Lãng mạnဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်က အင်အားကြီးလာပြီးတော့ ပုန်ကန်တဲ့အခါ ရက်ရက်စက်စက် သေခဲ့ရပါတယ်။ သူက ပြန်မွေးလာပြီးတဲ့နေ...