အခန်း (၃)

9K 862 2
                                    

အခန်း ၃

မိုးမိသောကြောင့် လီယွမ်မင် ဖျားသွားသည်။

သူသည် ဧကရီဘုရင်မ စဉ်းမာ၏အမည်အောက်က တရားဝင်မင်းသားဖြစ်သောကြောင့် ချိုးချန်သည် သူ၏သေဆုံးခြင်းသည် သူမအပေါ် ဘေးဒုက္ခဖြစ်စေမည်ကို ကြောက်သောကြောင့် ရုံဟွာနန်းဆောင်သို့ တင်ပြရန် သုံးယွဲ့ကို တောင်းဆိုခဲ့သည်။

ချိုးချန်မျှော်မှန်းထားသည့်အတိုင်း ဧကရီဘုရင်မ စဉ်းမာသည် ဤမွေးစားသားကို မနှစ်သက်တော့ပေ။ သို့သော် တရားဝင်မှတ်တမ်းတင်ထားပြီဖြစ်သောကြောင့် မကောင်းသောကောလဟာလများကို ရှောင်ရှားရန် တော်ဝင်သမားတော်ဝင်းမှလူတစ်ဦးကို စေလွှတ်ခဲ့သည်။

လီယွမ်မင်သည် ဖျားနေပြီး မူးနောက်နောက် ဖြစ်နေသည်။ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသော် မယုံနိုင်စွာဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ မတ်တပ်ထထိုင်ကာ တစ်ဖက်လူ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက်:

"အစ်ကိုကျစ်ဟော် ဘယ်လိုလုပ် အစ်ကိုဖြစ်နေတာလဲ? ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ?"

လီယွမ်မင်က ရှိုက်ကြီးတငင် ငိုကာ "ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ?"

ချိုးချန်က စိုးရိမ်နေမိသည်။ သူမသည် တော်ဝင်သမားတော်ငယ်ကို ဖက်တွယ်နေသော လီယွမ်မင်အား အတင်းအကျပ်ဖိထားလိုက်ပြီး တောင်းပန်စကားဆိုရင်း-

"သမားတော်ဟော်၊ တတိယမင်းသားက ခေါင်းနောက်နေလို့ လျှောက်ပြောနေတာပါ"

"ကိစ္စမရှိပါဘူး.... မင်း သူ့ကို လွှတ်ပေးသင့်တယ်"

ဟော်ယွင်ယိ့က ဖမ်းဆုပ်ခံထားရသော နီရဲနေသည့် လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း စိတ်ထဲမှာ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ကျစ်ဟော်သည် သူ၏အမည်ပြောင်ဖြစ်ပြီး လူအနည်းငယ်သာသိသည်။ ဟော်မိသားစုသည် ကျော်ကြားသော တော်ဝင်သမားတော်မိသားစုမှ ဖြစ်သော်လည်းတစ်စုံတစ်ယောက်အား ကုသရန် တော်ဝင်သမားတော်ဝင်း အပြင်ဘက်သို့ ထွက်လာသည်မှာ ဤအကြိမ်သည် သူ၏ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤနွမ်းလျပြီး ပိန်ကပ်နေသော တတိယတော်ဝင်မင်းသားက ဒီနာမည်ကို ဘယ်လိုလုပ် သိတာလဲ... လူကို စိတ်အနှောင့်အယှက်ဖြစ်စေသော သေသည့်အကြောင်းများကိုတောင် ပြောနေသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now