Part 97

1.3K 120 3
                                    


အခန်း ၉၇

သူသည် ချက်ချင်း ထရပ်လိုက်ပြီး စားပွဲပေါ်က အဝတ်ကို ဆွဲယူကာ လက်အနားနှင့် လည်ပင်းအကွပ်ကို လှန်လှောကြည့်လိုက်သည်။ ဒီနန်းတွင်းဝတ်စုံသည် ဝါနေပြီ ဆိုပေမယ့် သူမှတ်မိသည့်ပုံစံနှင့် တစ်ပုံစံတည်း ဖြစ်ပြီး အထူးသဖြင့် ဇီးသီးပွင့်များ ဖြစ်သည်။

သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှု လွှမ်းနေပြီး ရှေ့သို့ နှစ်လမ်းသုံးလှမ်းတိုးကာ သူ့အောက်တွင် ဒူးထောက်နေသောလူကို လေထဲတွင် တွဲလောင်းကျနေအောင် ဆွဲကာ- "ဒါကို မင်းကို ဘယ်သူအပ်ထားတာလဲ၊ ပြောစမ်း"

ထိုလူသည် သူ၏ နတ်ဘုရားကဲ့သို့ ခွန်အားကြောင့် ကြောက်လန့်သွားပြီး တုန်ရင်နေကာ ပြောလိုက်သည်- "ဒီနိမ့်ကျတဲ့သူက မသိပါဘူး။ သူ့ပိုက်ဆံကို ယူပြီးတော့ ဒီယာဉ်တန်းဆီကို ယူဆောင်လာပေးရုံပါပဲ"

နီလျဲ့သည် ဒေါသတကြီးဖြင့် သူ့ကို ပစ်လွှတ်လိုက်ပြီး အဝတ်ကို ဆောင့်ဆွဲလိုက်ရာ ဖြောက်ခနဲ အသံတိုးတိုးနှင့်အတူ စာရွက်လိပ်လေးတစ်လိပ် ပြုတ်ကျလာသည်။ သူသည် အသက်ရှုသွင်းလိုက်ပြီး အမြန်ကောက်ယူကာ အလျင်စလို ဖြန့်လိုက်ရာ စာရွက်ထဲတွင် ရွဲ့စောင်းစွာ ရေးထားသော စကားလုံးအနည်းငယ်ကို တွေ့လိုက်ရသည်။

"အဝတ်လျှော်ဌာနက ချိုးချန်က သူ့ကို လာကယ်တင်ဖို့ သခင့်ကို ရှာနေတာပါ"

နီလျဲ့၏ အသက်ရှုသံသည် မြန်ဆန်လာပြီး သူ့ဦးနှောက်က ရုတ်တရက် ပူလာသည်- "ချောင်ကန်း!"

ချောင်ကန်းသည် အပြင်မှ လျင်မြန်စွာ ဝင်လာပြီး သူ ဦးမညွှတ်မီ နီလျဲ့က သူ့ကို စိတ်လှုပ်ရှားစွာ လှမ်းဆွဲလိုက်သည်- "ငါ သူ့ကို တွေ့ပြီ!"

ချောင်ကန်းရှေ့တွင် နန်းတွင်းဝတ်စုံကို ထားလိုက်ပြီး သူ့အကြည့်က ပူလောင်ပြင်းပြနေသည်။ သူ့အမူအရာသည် စိတ်လှုပ်ရှားနေပြီး- "ဒီဘဝမှာ နောက်ဆုံးတော့ ဒီနေရာကို ငါ အချိန်မီ ရောက်လာခဲ့ပြီ"

ချောင်ကန်းသည် အစက ဘာကြောင့်မှန်းမသိပေမယ့် သူသည် နန်းတွင်းအစေခံ​၏ နန်းတွင်းဝတ်စုံကို ကိုင်ထားပြီး သူ့ကိုယ်သူ မေ့နေသည်ကို မြင်လိုက်ရသော် ချောင်ကန်းက ဘယ်လိုလူစားမျိုးမို့လဲ၊ သူသည် နည်းနည်းအားထုတ်ရုံနှင့် သူ့အပြုအမူ​၏ အကြောင်းရင်းကို မှန်းဆနိုင်ခဲ့သည်။ သူ့နှလုံးသည် မခုန်ပေါက်ဘဲမနေနိုင်ခဲ့ပါ- "လူကြီးမင်း..."

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now