အခန်း (၃၄)

3K 325 2
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၃၄

ယွမ်ချုံရှန်း၏ မျက်နှာသည် ပုံမှန်မဟုတ်သော ရန်ပြုမည့်ဟန် ပြောင်းသွားသည်။ သူ့ရှေ့ကလူ​၏ အသွေးအသားများကို ထိုးဖောက်ချင်နေသည့်အလား ရုန်းကန်ရင်း သူ့မျက်လုံးများက ရဲရဲနီနေသည်။

"မင်းကိုး!"

သူ့လေသံက ရုတ်တရက် ကျယ်လာသည်။

လီယွမ်မင်က သူ့ကို ခဏလောက်ငုံ့ကြည့်ပြီး သက်ပြင်းချကာ "ရွှင်ထိုင်လူကြီးမင်းက ပန်ဝမ်ကို အထင်ကြီးလွန်းနေတယ်"

သူသည် သူ့နောက်မှလူများကို ကျိုးနွံစွာ ညွှန်ပြပြီး.- "သူတို့ ဒီလိုမျိုး ဒေါသထွက်နေတာ ဘာအကြောင်းကြောင့်လဲဆိုတာ... လူကြီးမင်းက ပန်ဝမ်ထက် ပိုရှင်းရှင်းလင်းလင်း သိမှာပါ"

ယွမ်ချုံရှန်းသည် သူ့အား တင်းတင်းကြပ်ကြပ် စိုက်ကြည့်ရင်း အံကြိတ်နေသည်။

လီယွမ်မင်က လျစ်လျူရှုပြီး ဟော်ကျန်ရှေ့သို့သွားရန် ခြေလှမ်းပြင်လိုက်သည် ။

"ခေါင်းဆောင်ဟော်၊ မင်းရဲ့ ကျားတံဆိပ်ကို ငါ ငှားရင်ရော"

သို့သော် သူ စကားမဆုံးမီတွင်ပင် အစောင့်သည် နွားလှည်းပေါ်မှ ခုန်ဆင်းကာ ဟော်ကျန်၏လက်ထဲမှ ကျားတံဆိပ်ကို ထုတ်ယူကာ လီယွမ်မင်အား တရိုတသေ ပေးအပ်လိုက်သည်။

လီယွမ်မင်သည် သူ့လက်ဖဝါးထဲတွင် ထည့်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ခရိုင်အစောင့်တပ် လက်ထောက် အုပ်ချုပ်ရေးမှူးများစွာ၏ မျက်နှာများပေါ်သို့ သူ့မျက်လုံးများက ရောက်လာသည်။

"ဒီကိစ္စက ဒီအနေအထားထိ ရောက်နေပြီ၊ မင်းတို့ရဲ့တာဝန်တွေကို မပယ်ရှားနိုင်မှာကို ငါကြောက်တယ်၊ ဒါပေမဲ့ အခု မင်းတို့ ပြည်သူတွေကို ကူညီပြီး အမှားတွေအတွက် ပြင်ဆင်နိုင်တယ်။ မင်းတို့ ဆန္ဒရှိလား?"

ထိုခရိုင်အစောင့်တပ် လက်ထောက်အုပ်ချုပ်ရေးမှူး အနည်းငယ်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချက်ချင်း အရိုအသေပေးပြီး- "ကျွန်တော်မျိုးတို့ ကွမ်အန်းဘုရင်အမိန့်ကို နာခံပါ့မယ်!"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now