သူရဲ့တည်ရှိမှုကြောင့် ဘယ်မြက်ပင်မျိုးမှ မတောက်ပနိုင်ဘူး

55 7 0
                                    

ငါမှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်

ဘာသာပြန် - ထွန်းလင်းအောင်

အခန်း (၁၇)
   

    ထိုအချိန်တွင် အရောင်းသမလေးမှာ သူတို့ထံ ပြန်ရောက်လာ၏။
   
    "လူကြီးမင်း..ဒီမှာရှင့်ရဲ့ ဖုန်းလေးပါ ကာဗာလေး တစ်‌ခုလောက်ကော ထပ်မ၀ယ်ချင်ဘူးလား..သူတို့လည်း အော်ရဂျင်နယ်ပစ္စည်းတွေပါပဲနော်.....ဒါကြောင့် အရည်အသွေးကတော့ လုံး၀ အာမခံတယ်..."
   
    လင်းရီ ကောင်တာကို ပြန်ကြည့်လိုက်ပြီး "တော်ပြီ အဲ့လို ပစ္စည်းတွေ မကြိုက်ဘူး..သုံးရတာ သက်တောင့် သက်သာ မဖြစ်ဘူး..."
   
    "ဘာပဲဖြစ်ဖြစ်...အဲ့တာက ယွမ်တစ်သောင်းကျော်တဲ့ ဖုန်းလေ..ဈေးကပေါတာ မဟုတ်ဘူး..တကယ်လို့ ကာဗာ မတပ်ထားဘူးဆိုရင် ကြာရင် အလှပျက်သွားနိုင်တယ်နော်..."‌အရောင်းသမလေးမှ အကြံပြုလိုက်သည်။
   
    လင်းရီ သဘောမတူခင် တခဏမျှ စဉ်းစားလိုက်ပြီး "မင်းပြောတာ မှန်တယ်..."
   
    လင်းရီ ကာဗာ ၀ယ်ရန် သဘောတူလိုက်သောအခါ အရောင်းသမလေးမှာ အားရပါးရ ပြုံးလိုက်မိ၏။
   
    "လူကြီးမင်း ..ဒီကောင်တာမှာ ပြထားတာတွေ အားလုံးက အကုန်လုံး မော်ဒယ်အသစ်တွေ ကြီးပဲ..တကယ်လို့ လူကြီးမင်းသာ ၀ယ်မယ်ဆိုရင် ကျွန်မရှင့်ကို ၂၀% ဒစ်စကောင့် ပေးလို့ရတယ်..တကယ်လို့ နှစ်ခု တစ်ပြိုင်တည်း ၀ယ်မယ်ဆိုရင်တော့ ၃၀% ဒစ်စကောင့် ပေးလိုက်ပါ့မယ်"
   
   
    လင်းရီ ကာဗာ ၀ယ်ရန် သဘောတူလိုက်သည်ကို မြင်သောအခါ တိုက်ရိုက်ထုတ်လွင့်ခန်းရှိ ကွန်းမန့်များမှာ တစ်ဖန်ပြန်လည် အသက်၀င် စည်ကားလာပြီး ဝေဖန်ထားသော ကွန့်မန့်ကတော့ ခပ်များများပင်။
   
   
    "ဟားဟား .ငါခုလေးတင် ယွမ်တစ်ထောင်ကျော်တဲ့ ဖုန်းကာဗာကို မြင်ဖူးတာပဲ တကယ်လို့ သူသာ မျက်တောင် တစ်ချက်မခတ်ဘဲ ၀ယ်မယ်ဆိုရင်တော့ သူက ချမ်းသာတယိဆိုတာ ငါ၀န်ခံလိုက်မယ်...."
   
   
    "မင်းတို့ကောင်တွေက ခပ်နိမ့်နိမ့် တွေးခေါ်နေကြတာပဲ...."သံပုရာသီး ဘုရင် ဆိုသူမှ မှတ်ချက်ပြုလိုက်၏။
   
   
    "တကယ် ချမ်းသာတဲ့သူတွေရဲ့ ဖုန်းကာဗာက သူတို့ကိုင်ထားတဲ့ ဖုန်းထက်ကို ဈေးကြီးတာကွ...လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ငါ့သူငယ်ချင်းတစ်ယောက် ယွမ် ၂၀,၀၀၀ ကျော်တဲ့ ဖုန်းကာဗာကို ၀ယ်လိုက်သေးတယ်...အဲ့တာမျိုးကိုမှ ချမ်းသာတယ်လို့ ခေါ်တာကွ...."
   
   
    သူမ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ပေါက်တတ်ကရ ကွန်းမန့်များကို မြင်သောအခါ ရှရှင်းယွီ ဆွံ့အသွားတော့၏။ ဒီကောင်တွေကတော့ ဆေးမမှီတော့ဘူးပဲ......
   
   
    "လူကြီးမင်း..ရှင်နှစ်သက်တဲ့ မော်ဒယ်များ ရှိလား မသိဘူး...ရှိရင် ကျွန်မ ရှင်းပြပေးပါ့မယ်..."
   
    "ငါ ဖုန်းကာဗာ ၀ယ်ချင်တယ်လို့ မပြောဘူးလေ"..လင်းရီ ပြောလိုက်သည်။
   
    "မဟုတ်သေးဘူးလေ..လူကြီးမင်းပဲ စောနက...."
   
    "ငါပြောချင်တာက ငါနောက်ထပ် ဖုန်းနည်းနည်းလောက် လိုချင်တယ်လို့ ပြောတာ..တကယ်လို့တစ်လုံးကွဲသွားရင် နောက်တစ်လုံးသုံးတာပေါ့...."လင်းရီ ပြောလိုက်၏။
   
   
    "တစ်ရောင်ကို ငါးလုံးစီထုပ်ပြီး ငါ့ကို ထည့်ပေးလိုက်..."
   
    "တစ်ရောင်ကို ငါးလုံး....."
   
    အရောင်းသမလေးမှာ အံ့ဩလွန်း၍ ဟန်ချက်ပျက်ပြီးချော်လဲလုနီးပါး ဖြစ်သွားသည်။
   
    "လူကြီးမင်း ကျွန်မတို့ဆိုင်မှာ iPhone 11 Pro Max က အရောင်လေးမျိုးရှိတာ...ဆိုတော့ ကျွန်မတို့ တစ်ရောင် ကို ငါးလုံးစီ ထည့်ပေးလိုက်ပါ့မယ်...လူကြီးမင်း တကယ်ကြီး ဖုန်း အလုံး ၂၀ ယူမယ်ဆိုတာ သေချာပါရဲ့လားရှင့်...."
   
    လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒါပြီးရင် ငါ  အရည်အသွေးကောင်းတဲ့ Mac book တစ်လုံးပါ လိုချင်တယ်..."
   
    "ဟုတ်ကဲ့..ကောင်းပါပြီရှင့်...ခဏလောက်တော့ စောင့်ပေးပါနော်...."
   
    လင်းရီ ယွမ် ၃၀၀,၀၀၀ ကျော် တန်ကြေးရှိသော ပစ္စည်းများကို တစ်ထိုင်တည်း ၀ယ်ပစ်လိုက်သည်ကို မြင်သောအခါ ရှရှင်းယွီ၏ စိတ်အခြေအနေမှာ ဆိုးရွားသွားတော့၏။
   
    ဒါကြီးကတော့ လက်ဖွာလွန်းသွားပြီ....
   
    တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် တစ်ဖန် မုန်တိုင်းထန်သွားပြီး ကွန်းမန့်များ ဆက်တိုက်ဆိုသလို တက်လာတော့၏။
   
   
    "မင်းတို့ ထရိုးလ်နေတဲ့ ကောင်တွေ ခုမြင်ပြီလား...တကယ့်တကယ် ချမ်းသာတဲ့သူတွေက ဘယ်တော့မှ ဖုန်းကာဗာ မ၀ယ်ဘူး..သူတို့က ဖုန်းအသစ်ပဲ ပြောင်းကိုင်တာကွ.... "
   
    "ဒါကြီးကတော့ သောက်ရမ်း လန်းလွန်းသွားပြီ "
   
   
    "လုံး၀မိုက်တယ် ဒါကမှ ဂေါ့ဒ်လယ်ဗယ် တိုင်ကွန်း အစစ်ပဲ..သူရဲ့ တည်ရှိမှုကြောင့် ဘယ်လို မြက်ပင်မျိုးကမှ မတောက်ပနိုင်ဘူး...."
   
   
    "သူက ယွမ် ၂၀၀,၀၀၀ လောက်ပဲ သုံးလိုက်တာလေးကိုကွာ...ဘာ ဂေါ့ဒ်လယ်ဗယ် တိုင်ကွန်းတွေ လာပြောနေတာလဲ...မင်းတို့ တကယ် ချမ်းသာတဲ့ ကောင်ဆိုတာကော မြင်ဖူးကြရဲ့လား...ငါတော့ ယွမ် ၅၀၀,၀၀၀ ကျော်တဲ့ ပစ္စည်းတွေကို တစ်ထိုင်တည်း ၀ယ်သွားတဲ့သူကို တွေ့ဖူးတယ် ..ဆိုတော့ ဒီလောက်ကတော့ ဘာမှကို မပြောပလောက်သေးတာ...."
   
    ကီးဘုတ်ဖိုက်တာများ၏ ကွန်းမန့်ကို မြင်သောအခါ ရှရှင်းယွီ ဆွံ့အသွားရပြန်သည်။
   
    ဒီအရှုံးသမားတွေကတော့ လင်းရီကို ဘလိန်းတာကလွဲရင် ဘာမှ မလုပ်တတ်တော့ဘူးလားဟဲ့...ကြည့်ရတာတော့ မူးပြီး စာရိုက်နေကြတဲ့ကောင်တွေ နေမှာပါလေ....
   
   
    လင်းရီကတော့ လုံး၀ ဂရုမစိုက်ပေ။သူ ကတ်ဖြတ်လိုက်ပြီးနောက် အရောင်းစာရေးမှ သူ၏ ပစ္စည်းများ ထုပ်ပိုးပေးမည်ကို စောင့်နေလိုက်၏။
   
    ထိုအချိန်တွင် ဆိုင်အနီးနားတွင် လျှောက်ပတ်ကြည့်နေကြသည့် အမျိုးသမီးများက လင်းရီကို တိုက်ရိုက်သော်လည်းကောင်း ၊သွယ်ဝိုက်၍သော်လည်းကောင်း တစ်မျိုးတစ်ဖုံ ရှိုးနေကြသည်။
   
    ထို အမျိုးသမီးများမှာ သာမန်ထက်ပို၍ အနည်းငယ်သာ လှပပြီး သူမတို့၏ မျက်လုံးများထဲတွက်လည်း လင်းရီကို ဆွဲစားချင်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။
   
   
    မကြာမီ လင်းရီ အလိုရှိသမျှ ပစ္စည်းအားလုံးမှာ ထုတ်ပိုးပြီး ဖြစ်၏။
   
    ဖုန်း အလုံး ၂၀ နှင့် လက်တော့ပ် တစ်လုံးဟူသော ပမာဏမှာ လုံး၀ မနည်းပေ။ လင်းရီ ထိုပစ္စည်းများကို ကားထဲသို့ ထည့်လိုက်ပြီး တိုင်းစကွဲထံသို့ ပြန်သွားလိုက်သည်။
   
   
    "အစ်ကိုရီ ဒီတစ်ခါ ဘာ၀ယ်ဦးမှာလဲ"
   
    သည်ကနေ့ အံအားသင့်စရာ များလွန်း၍ သူမ၏ နှလုံးသားလေးမှာ မခံနိုင်တော့ချေ။
   
   
    သာမန်လူတွေ ငွေသုံးတဲ့ နည်းလမ်းနဲ့ ချမ်းသာတဲ့ ဒုတိယ မျိုးဆက်တွေ ငွေ သုံးတဲ့ နည်းလမ်းက ဒီလောက်ကြီး ကွာခြားတာလားဟ...
   
    "ငါ နာရီ ၀ယ်ချင်တယ်...."
   
    မိန်းမဆို နားကပ် ..ယောက်ျားဆို လက်ပတ် (လက်ပတ်နာရီ)
   
    လင်းရီတွင် နာရီကောင်းကောင်းလုံး တစ်လုံး ပိုင်ဆိုင်ချင်သည့် အိပ်မက် ရှိခဲ့ဖူးသည်။ သို့သော်လည်း သူ၏ အမြဲ ပိန်ရှုံ့နေသော ပိုက်ဆံအိတ်ကြောင့် အိပ်မက်များမှာ ဘယ်တုန်းကမှ အကောင်ထည် ပေါ်မလာခဲ့ပေ။
   
   
    ယခုတော့ သူ့တွင် ငွေသားချည်း ၁၀ မီလီယမ် ကျော် အိတ်ကပ်ထဲတွင် ရှိနေ၏။ အကယ်၍ သူသာ နာရီကောင်းကောင်းလေးတစ်လုံး မ၀ယ်ပါက သူ ကိုယ့်ကိုယ်ကို စိတ်ပျက်မိပေလိမ့်မည်။
   
    "ရှင်းယွီ...မင်း နာရီတွေအကြောင်း နားလည်လား...."
   
    လင်းရီ မောလ်ထဲသို့ တစ်ဖန် ပြန်၀င်ရင်း ဒီတိုင်း မေးလိုက်၏။
   
   
    "ဘယ်လို နာရီ အမျိုးအစားမျိုးကို ၀ယ်ချင်တာလဲ..." ရှရှင်းယွီ ပြန်မေးလိုက်သည်။
   
   
    ဆိုရှယ်မီဒီယာပေါ်ရှိ အင်ဖလူရန်ဆာ တစ်ယောက်အနေဖြင့် သူမလည်း သူမ သူငယ်ချင်းများနှင့် ပြောဆို ဆက်ဆံနိုင်ရန် နည်းနည်းပါးပါးလောက်တော့ သိထားသည်။ ထို့ကြောင့် သူမအနေဖြင့် နာရီများကြောင်း အနည်းငယ်တော့ နားလည်ပေသည်။
   
   
    "ဈေးကြီးပြီး အထက်တန်းဆန်တဲ့ ပုံစံမျိုးပေါ့...."
   
   
    လင်းရီ ဖုန်းအလုံးနှစ်ဆယ်ခန့် တစ်ပြိုင်တည်း ၀ယ်လိုက်သည်ကို ကြည့်ချင်းအားဖြင့်  အကယ်၍ သူမ သာမန်ဘရန်းတစ်ခုကိုသာ အကြံပြုလိုက်ပါက သူ၏ မျက်လုံးကို ဖမ်းစားနိုင်လိမ့်မည် မဟုတ်ချေ။
   
   
    "နာရီ လောကမှာတော့ ပီတက်ခ်ဖီလစ်ပီ နဲ့ ဗက်ချရွန် ကွန်စတန်တင်ကတော့ တော်တော်လေး ဈေးကြီးတယ်..."
   
    လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အဲ့ဒီ နေရာ နှစ်ခုကို အရင်သွားကြတာပေါ့..."
   
    ရှရင်းယွီ ဆွံ့အသွား၏။ သူမ ဒီတိုင်း ပြောလိုက်ခြင်းသာ ဖြစ်သော်လည်း လင်းရီ တကယ်သွား‌လိမ့်မည်လို့မထင်ထားပေ။
   
    ဒါက နာရီလောကမှာ နာမည်ကြီး တံဆိပ်ပဲ....
    "ဗက်ချရွန်က ရှေ့မှာ ..၀င်သွားပြီး ကြည့်ကြည့်ရအောင်လေ..."
   
    "ကောင်းတာပေါ့...ငါလည်း လိုက်ခဲ့မယ်..."လင်ူရီ ပြောလိုက်သည်။
   
   
    အရောင်းမိန်းကလေးမှာ လင်းရီနှင့် ရှရှင်းယွမ် ၀င်လာသည်ကို ကြည့်ရင်း ကြိုဆိုရန် အသင့်ဖြစ်နေခဲ့သည်။
   
    "နင် ဘယ်သွားမလို့လဲ..."အခြား အရောင်းမိန်းကလေး တစ်ဦးမှ မေးလိုက်သည်။
   
    "အစ်မကြီး..ဧည့်သည်တွေရောက်နေတယ်လေ..ဒီတော့ သွားကြိုမလို့ပေါ့..."
    အရပ်ရှည်သော အရောင်းမိန်းကလေးမှ ပြန်ဖြေလိုက်သည်။
   
   
    "သူတို့ကို သွားကြိုစရာ မလိုဘူး..အချိန်ကုန်တာပဲ အဖတ်တင်မယ်..."
   
   
    "ဘာလို့ အချိန်ကုန်မှာလဲ..."
   
    "အဲ့ဖုန်းကိုင်ထားတဲ့ ကောင်မက သူ့ဖုန်းနဲ့ လိုက်ဖ်လွင့်နေတာ နင်မမြင်ဘူးလား...ဒီကို အပျော် လာကြည့်ရုံ သပ်သပ်နေမှာပေါ့ ငါသူ့လို လူမျိုးတွေ အများကြီး ကြုံဖူးတယ်..ဒီတော့ သူတို့ကို အာရုံစိုက်မနေနဲ့..."လိကျယ် မှ ပြောလိုက်သည်။
   
   
    "ညီမတော့ မထင်ဘူးနော်..သူ့ကြည့်ရတာ စထွင်မာလုပ်ပြီး ငွေတွေ တော်တော်၀င်နေတဲ့ ပုံပဲ...."
   
   
    "ဒါပေမယ့် ဒီနေရာက ချက်ဗရွန်လေ..ကျိကျိတက် ချမ်းသာတဲ့ သူတွေကလွဲရင် ဘယ်သူကမှ ဒီနေရာမှာ ငွေလာ မဖြုန်းနိုင်ဘူး တစ်ခုခု သွားလုပ်နေစမ်းပါ..ဂရုစိုက်နေစရာ မလိုဘူး...."လိကျယ် ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်သည်။
   
   
    "နားလည်ပါပြီ အစ်မကြီးလိ..."အရပ်ရှည်သည့် မိန်းကလေးမှ ပြန်ဖြေလိုက်၏။
   
   
    လင်းရီနှင့် ရှရှင်းယွီ တို့ နာရီဆိုင်ထဲတွင် လှည့်ပတ် ကြည့်ရှုနေကြသည်။
   
   
    ရှရှင်းယွီကတော့ ဈေးများကိုကြည့်ရင်း သူမ ဆင်းရဲသားရပ်ကွက်တွင် နေထိုင်နေသကဲ့သို့ ခံစားမိလိုက်သည်။ ဆိုင်ထဲတွင်‌တော့ ဘာမျှ မဟုတ်သော နာရီလေး တစ်လုံးကပင် ယွမ် သောင်းချီ တန်ကြေးရှိ၏။
   
   
    စူပါ သူဌေးကြီးတွေကလွဲရင် ဒီလောက်ဈေးကြီးတဲ့ ပစ္စည်းတွေကို ဘယ်သူက ၀ယ်ဖို့ တတ်နိုင်မှာလဲ....
   
    လင်းရီကတော့ သူကိုယ်တိုင် နာရီများကို နှစ်သက်သော်လည်း နာရီအကြောင်းကတော့ ဘာမျှ မသိပေ။ ထို့ကြောင့် သူတို့ကို လျှောက်ကြည့်ရုံမျှသာ ကြည့်နေ၏။
   
   
    "ဒီ‌နာရီလေး ပြကြည့်လို့ရမလား..."လင်းရီ သားရေ နာရီလေးတစ်လုံးကို ညွှန်ပြလိုက်သည်။
   
   
    "စိတ်မရှိပါနဲ့..ဒီနာရီက မှန်ထဲမှာပဲ ပြသထားတာပါ..တကယ်လို့ နှစ်သက်တယ်ဆိုရင်တော့ ငွေချေပြီး အပြင်ကို ထုတ်ကြည့်လို့ရပါတယ်..."အမျိုးသမီးစတိုးဆိုင်မန်နေဂျာလိ မှ ပြောလိုက်သည်။
   
    ဟမ်...
   
    ဘယ်လို လောဂျစ်ကြီးလဲဟ..
   
    ငါက မကြည့်ဘဲနဲ့ ဘယ်လို ၀ယ်ရမှာ...
   
    ထိုအချိန်တွင် သက်လတ်ပိုင်း စုံတွဲ တစ်တွဲ အပြင်မှ ၀င်လာပြီး ဆိုင်၏ အခြားတစ်နေရာတွင် နာရီများလိုက်လံကြည့်ရှုနေ၏။
   
    ဆိုင်မန်နေဂျာမှ ချက်ချင်း လျှောက်သွားပြီး "ဆရာနဲ့ ဆရာကတော် ဘာများ ကူညီပေးရမလဲ မသိဘူး..."
   
   
    "ငါ့ ယောက်ျားကို မွေးနေ့လက်ဆောင်လေး ပေးချင်လို့နာရီ ကောင်းကောင်းလေး တစ်လုံးလောက် လိုက်ရှာနေတာ...."
   
   
    "စိတ်ကြိုက်ကြည့်ရှုလို့ ရပါတယ်ရှင့်..နာရီ‌‌တွေအားလုံးက ဒီနှစ်မှ ထုတ်ထားတာပါ..."
   
    "ငါ့အထင်တော့ ဟိုအနက်ရောင်လေးက မဆိုးဘူး..ထုတ်ပြီး ပြကြည့်လို့ရမလား...."
   
    "ရတာပေါ့..ခဏလောက် စောင့်ပေးပါနော်..."အရောင်းမန်နေဂျာမှာ နာရီကို အောက်ရှိ မှန်ပြတင်းပေါက်မှ တစ်ဆင့် ထုတ်လိုက်ပြီး ထိုအမျိုးသမီးကို ကမ်းပေးလိုက်သည်။
   
   
    လင်းရီနှင့် ရှရှင်းယွင် တို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။
   
    ဘာတွေ ဖြစ်နေတာလဲဟ....
   
    ငါတို့ကျတော့ ကြည့်လို့မရဘူး ပြောပြီး  ဒီဘွား‌တော်ကြီးကြည့်ချင်တယ်ဆိုတော့ ချက်ချင်း ထုတ်ပေးတယ်...ဒါငါတို့ကို သက်သက် အထင်သေးနေတာလား.....

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်Kde žijí příběhy. Začni objevovat