လိုက်ကာတွေကို ပိတ်လိုက်

47 5 0
                                    

ငါ့မှာ အပတ်တိုင်း အလုပ်အသစ်ရှိတယ်

ဘာသာပြန် - ထွန်းလင်းအောင်

အခန်း (၂၄)
   

   
   
    "နင်ဘာလို့ ကော်ဖီကို ပြန်ထားလိုက်တာလဲ...."
    ကျီချင်းရန် လှေကားပေါ်၌ရပ်ရင်း ပြောလိုက်သည်။
   
   
    "မင်းရဲ့ စတော်ကင်တွေနဲ့ ကော်ဖီကို အတူထားမှတော့ ငါက ဘယ်လိုလုပ် သောက်ချင်တော့မှာ...."
   
   
    " သေချာတယ်...နင်အရင်တုန်းက အမျိုးသမီးတွေရဲ့ အိမ်ကို တစ်ခါ မှ မရောက်ဖူးဘူးမလား..."
    ကျီချင်းရန် စနောက်လိုက်၏။
   
   
    "ဟမ်....မင်းဘယ်လိုလုပ် သိတာ..."
   
   
    "ငါတို့ အမျိုးသမီးတွေက စတော်ကင်ကို ရေခဲသေတ္တာထဲပဲ ထည့်သိမ်းကြတာလေ...အဲ့တာမှ ကြာရှည်ခံမှာပေါ့ဟဲ့...."ကျီချင်းရန် ပြောလိုက်သည်။
   
   
    "ပြီးတော့ စတော်ကင်တွေ အားလုံးက အသစ်တွေလေ..နင်က ဘာတွေ လန့်နေတာ....ဒါမှ မဟုတ်..နင့်အတွေးတွေကပဲ ညစ်ညမ်းနေတာလား..."
   
    လင်းရီ ရေခဲသေတ္တာထဲမှ ကော်ဖီကို မသောက်ပဲ ပြန်ထားလိုက်သည်ကို မြင်သောအခါ ကျီချင်းရန် မကူကယ်နိုင်ပဲ ရယ်လိုက်မိသည်။
   
   
    အတော်လေး ချစ်ဖို့တော့ ကောင်းတာပဲ....
   
   
    "မသောက်ချင်လည်းရပါတယ်..ဘာပဲဖြစ်ဖြစ် နင်လုပ်ချင်သာတာလုပ် ငါခဏနေကြရင် ရေချိုးဦးမယ်..နည်းနည်း ကြာရင်လဲ ကြာမယ်..လက်တော့ကတော့ အဲ့ဒီ ထမင်းစားပွဲပေါ်မှာ ..အားမနာနဲ့ ကြိုက်သလို သုံးလို့ရတယ်...."
   
    "အိုကေလေ...."
   
    မကြာမီ အပေါ်ထပ်မှ ရေများ ပြေးလွှားနေသည့်အသံကို ကြားလိုက်ရသည်။
   
    လင်းရီ ထိုင်နေရင်း ပျင်းရိလာသောကြောင့် ထပြီး ဗီလာ အနီးတစ်ဝိုက်သို့ လမ်းလျှောက်ကြည့်လိုက်သည်။ လေထုမှာ သန့်ရှင်း လတ်ဆတ်နေပြီး ရှုခင်းကလည်း အတော်လေးလှ၏။
   
    သူမနေ့တုန်းက ကျီချင်းရန်၏ ဗီလာသို့ လာသောအခါ အနည်းငယ် မနာလိုနေသေးသည်။ သို့သော်လည်း ယခုတော့ သူမနာလို မဖြစ်တော့ချေ။
   
   
    ကျိုကျုံး အဆောက်အအုံရှိ ဗီလာများအားလုံးမှာ သူ့အပိုင်ဖြစ်၏။ အဘယ်ကြောင့်  မနာလိုရမည်နည်း။
   
   
    လင်းရီလည်း ဘာမျှ လုပ်စရာ မရှိသောကြောင့် ကျီချင်းရန်၏ လက်တော့ကို ယူ၍ အချိန်ဖြုန်းရန် ဇာတ်ကား ကြည့်နေလိုက်သည်။
   
    မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ရေများ ပြေးလွှားနေသည့် အသံမှာ ရပ်တန့်သွားပြီး တံခါး ပွင့်လာ၏။
   
   
    "မင်းရဲ့ လက်တော့ ထဲမှာ အီးမေးလ်အသစ်ရောက်နေတယ်...."လင်းရီ ပြောလိုက်သည်။
   
    အပေါ်ထပ်မှ ကျီချင်းရန်၏ အသံ ထွက်ပေါ်လာပြီး "အဲ့တာက အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ စာဖိုင်တွေနေမှာ..စိတ်မပူနဲ့ ကိုယ့်အလုပ်ကိုယ်သာ လုပ်နေလိုက်...."
   
    "ဟမ်..ကြည့်ရ‌တာတော့ မင်းကုမ္ပဏီက ပို့လိုက်တဲ့ အီးမေးလ်မဟုတ်ဘူးထင်တယ်နော...."
   
    "အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အီးမေးလ်မဟုတ်ဘူးပေါ့...."
   
    "ဟမ်... မင်းရဲ့ ဒီလစ်ဗာရီ က ပို့ပေးလိုက်တဲ့ အီးမေးလ်ပဲ...မင်းရဲ့ 63D အနက်ရောင် ဇာ အတွင်းခံလေးကို ပို့ပေးလိုက်ပါပြီတဲ့...."
   
    ၎င်းနောက် နောက်ထပ် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတော့၏။
   
   
    "ဘာမှ မဖြစ်ဘူး..ငါ ဘာမှ မပြောလိုက်ဖူးလို့ပဲ ထားလိုက်တော့...."
   
    ကျီချင်းရန် ရူးသွပ်တော့မလို ခံစားနေရ၏။
   
    ပို့‌ပြီးပြီဆိုလည်း ပို့ပြီးတဲ့ အတိုင်း ထားလိုက်ပေါ့...ဘာလို့ အီးမေးလ်နဲ့ ပို့ပြီးကြောင်း ပြောနေရသေးတာလဲ....
   
    ပြီးတော့ ပစ္စည်းကိုလဲ ဘာလို့ ဒီအချိန်ကျမှ ပို့ရတာလဲဟဲ့...
   
    နင်ငါ့ကို သတ်သေချင်စိတ်ပေါက်အောင် လုပ်နေတာလား....
   
    တကယ့်တကယ်တွင်တော့ သူမ တစ်ခုခု ၀ယ်ပြီးသည့်အခါတိုင်း ဤကဲ့သို့သော အကြောင်းကြားစာကို ရရှိလေ့ရှိသည်။ သို့သော်လည်း ကျီချင်းရန်အနေနှင့် ထိုအချိန်တုန်းကတော့ အီးမေးလ်ဖြင့် အသိပေးသည့် ကိစ္စကို အထွေအထူးလုပ်၍ အလေးထားမနေချေ။
   
   
    "ဥက္ကဌကျီ ဒီမှာ နောက်ထပ် အီးမေးလ်တစ်စောင်လည်း ...."
   
    လင်းရီ စကားမဆုံးမီ ဒုတိယထပ်မှ ရေးကြီးသုတ်ပျာနှင့် ဆင်းလာသော ခြေသံများကိုကြား လိုက်ရသည်။
   
    ထို့နောက် ကျီချင်းရန် သူမ၏ ရေစိုနေသော ခန္ဓာကိုယ်ကို တဘက်ဖြင့် ပတ်လျက် လက်တော့ကို လင်းရီထံမှ ဆွဲယူလိုက်ပြီး ပိတ်လိုက်သည်။
   
    တကယ်တော့ မေးလ်မှာ ဘာမျှ အရေးမပါသည့်
အီးမေးလ်ပင်။
   
    "အဲ့တာက ဒီတိုင်း ဘာမှမဟုတ်တဲ့ အီးမေးလ်ပဲ...ဘာလို့ ငါ့ကို ခေါ်တာလဲ....."
   
    "မင်းငါ့ကို အပြစ်တင်လို့ မရဘူးလေ..."
   
    လင်းရီ အပြစ်ကင်းသည့် ပုံစံဖြင့်ပြောလိုက်ပြီး"မင်းဆင်းလာတဲ့ အချိန်မှာ ဒါက ဘာမှ မဟုတ်တဲ့
အီးမေးလ်လို့ ပြောမလို့ပဲ..."
   
    လင်းရီ သူမကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး "မင်း မဟုတ်မဟတ်တွေ လျှောက်၀ယ်ထားတာတော့ မဟုတ်ဘူးမလား...ငါမြင်သွားမှာ ကြောက်လို့လား..."
   
   
    "နင်ဘာတွေ လျှောက်ပြောနေတာလဲ..ငါ့ကို ဘယ်လို လူစားမျိုးများ ထင်နေတာလဲ..."
   
    "အဲ့တာဆိုလည်း ဘာလို့ ဒီလောက်တောင် သောကနေတာ...."လင်းရီ ပြုံးလိုက်ပြီး .."ဒါမှ မဟုတ် မင်း လျှပ်စစ်ကောင်လေးများ ၀ယ်ထားလို့လား..."
   
    "လျှပ်စစ်ကောင်လေး...အဲ့တာက ဘာကြီးလဲ..ဘယ်တုန်းက ကောင်လေးက အားသွင်းလို့ ရသွားတာလဲ...."
   
    အာ....
   
    "ခေါင်းစဉ်ပြောင်းကြရအောင်..ကောင်လေး အကြောင်း ဆက်ပြီး မပြောကြစို့..."လင်းရီ ပြောလိုက်သည်။
   
    "နင် ..နင်ရှင်းအောင် မပြောရသေးဘူးမလား..ဘာလို့ ခေါင်းစဉ် ပြောင်းချင်နေတာလဲ..."ကျီချင်းရန် ပြန်ပက်လိုက်သည်။
   
    "ငါလည်း ခေါင်းစဉ် မပြောင်းချင်ပါဘူး...မင်းလည်း ဘာမှ မ၀တ်ထားဘဲ နေရတာ စိတ်မရှိရင်ပေါ့..."လင်းရီ ပခုံးတွန့်၍ ပြောလိုက်၏။
   
   
    ကျီချင်းရန် သူမ၏ အောက်ပိုင်းကို ကမန်းကတန်းငုံ့ကြည့်လိုက်သောအခါ တဘက်မှာ အနည်းငယ် လွတ်နေပြီး ကိုယ်လုံးတီး ဖြစ်လုနီးပါး ဖြစ်နေ၏။
   
    "အဲ့လို ပေါ်တင်ကြီး ကြည့်မနေနဲ့လေ..ကောင်စုတ်ရဲ့..."
   
    "သူ့ဘာသူ ပေါ်လာတာလေ..ငါလည်း ဘယ်တတ်နိုင်မှာ...."
   
    ကျီးချင်းရန်လည်း သူမ၏ အမှား ဖြစ်သောကြောင့် လက်တော့ကို ပွေ့၍ အပေါ်ထပ်သို့ ရှက်ရှက်နှင့် ထွက်ပြေးသွားသည်။
   
    သူမ အောက်ထပ်သို့ ပြန်ဆင်းလာသောအခါ သူမ၏ ကောက်ကြောင်းများကို ထင်ရှားစေသည့် သနပ်ခါးရောင် ကိုယ်ကြပ် ၀မ်းဆက်ကို ၀တ်ဆင်ထား၏။
   
    သူမ၏ ဆံပင်ကို မြင်းမှီး ပုံစံချည်ထားပြီး ရင်ဘတ်ပေါ်တွင်လည်း စိန်ရင်ထိုး တစ်ခုကို ဆင်ယင်ထားသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ဈေးကြီးသည့် ပစ္စည်းဖြစ်ကြောင်း မည်သူမဆို ပြောပြနိုင်သည်။
   
   
    "ဒီ၀တ်စုံနဲ့ ကြည့်ရတာဘယ်လိုနေလဲ..နင့်ရဲ့ အမြင်လေး ပြောပါဦး... "ကျီချင်းရန် တောင်းဆိုလိုက်သည်။
   
    "ငါ ခံစားရတာကတော့ မင်းက ကျောင်းသား ဟောင်းတွေ့ဆုံပွဲ သွားမှာနဲ့တောင် မတူဘဲနဲ့ အလှမယ် ပြိုင်ပွဲ သွားမယ်လို့ တောင် ပိုပြီး ခံစားနေရတယ်...."လင်းရီ စိတ်ထဲရှိသည့်အတိုင်းပြောလိုက်သည်။
   
    "အဲ့တာက အတိအကျ ငါလိုချင်တာပဲ..မိန်းကလေးတွေ အများကြီး ရှိနေမှာလေ..ငါက သူတို့ကို ဘယ်လိုလုပ် အနိုင်ပေးနိုင်မှာ...."
    ကျီချင်းရန် ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။
   
   
    လင်းရီ ထိုအ‌ကြာင်းကို စဉ်းစားမိသော အခါ ကျီချင်းရန် ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။
   
    ယခုခေတ် လူ့အသိုင်းအ၀ိုင်းမှာ ဥစ္စာ ပစ္စည်းများနောက်သာ လိုက်နေကြပြီး လူကိုလည်း အ၀တ်အစား ကြည့်၍ ဆုံးဖြတ်နေကြသည်။ ထို့ကြောင့် သူမ ယခုကဲ့သို့ ၀တ်စား ဆင်ယင်ထားသည်ကို နားလည်ပေး၍ ရ၏။
   
   
    "ငါလည်း အတော်လေး လှတယ်လို့ ထင်တယ်....နင်အဆင်သင့်ဖြစ်ပြီဆို သွားကြရအောင်လေ..."
   
    "ငါမှတ်မိသာ မှန်မယ် ဆိုရင် မင်းငါ့ကို Sပုံစံ ထိုင်ထ လုပ်ပြဖို့ ကျန်နေသေးတယ်နော်..."
   
    "ပူမနေစမ်းပါနဲ့ဟယ်..ငါမမေ့သေးပါဘူး......"
   
    "Sပုံစံ ထိုင်ထ ရှစ်ခေါက်တည်းမလား..ခုပဲပြန်ဆပ်လိုက်မယ်..အဲ့တာမှ နင် နောက်ခါ ငါ့ကို ဒါနဲ့ပဲ ကိုင်ပေါက်လို့ မရတော့မှာ..."
   
   
    "မင်းက ဒီလိုတွေ ပြောနေပြီ ဆိုမှတော့ ငါလည်း အိုက်တင်တွေ ခံမနေတော့ဘူး..."
   
    လင်းရီ ဆိုဖာပေါ်တွင် မှီလိုက်ပြီး "ကဲ..တင်ဆက်မှု လှလှလေး လုပ်ပါဦး..."
   
    ကျီချင်းရန် ခွေးခြေခုံကို ဆွဲယူလိုက်ပြီး စတင်တော့မည့် အချိန်တွင် ရုတ်တရက် ရပ်လိုက်သည်။
   
    "ခန်းဆီး တွေကို သွားပိတ်လိုက်ဦး...ပြီးတော့ အပြင်မှာ တစ်ယောက်ယောက် ရှိမရှိလဲ သေချာစစ်ခဲ့....."
   
    လင်းရီ ဆွံ့အသွားပြီး "မင်းက ဒီတိုင်း ထိုင်ထလေးပဲ လုပ်မှာ မဟုတ်လား..ဘာလို့ ဖောက်ပြန်နေတယ်လို့ ခံစားရအောင် လုပ်နေတာလဲ...."
   
    "ဟွန့် အရင်တစ်ခေါက်က ငါ့အဖေ ငါတို့ကို မိသွားတာ နင်မမှတ်မိတော့ဘူးလား...အဲ့တုန်းကဆို ငါ့အမေ ဖုန်းတွေ ခဏခဏ ဆက်ပြီး ဘာဖြစ်လဲပဲ မေးနေတာ..ငါ့မှာတော့ အရှက်ကွဲတော့ မလိုပဲ...."ကျီချင်းရန် ခါးထောက်၍ ပြောလိုက်သည်။
   
    "တကယ်လို့ တစ်ယောက်ယောက်သာ ဒီတစ်ခေါက် ထပ်တွေ့သွားလို့ ကတော့ ငါရှက်လွန်းလို့ ‌ေ-သသွားနိုင်တယ်..."
   
    "ကောင်းပြီလေ..မင်းက ပြောနေမှတော့ ငါကပဲ  ခန်းဆီးတွေ သွားကာပေးရတာပေါ့......"
   
    "ဟွန့် နင်ကြည့်ဖို့ အတွက်ပဲ မဟုတ်လား..."
   
    "အဲ့လိုကြီးတော့ မပြောနဲ့လေ...ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌအနေနဲ့ ပြောပြီးသား စကားကို ပြန်ရုတ်သိမ်းလို့မှ မရတော့တာ..ကတိတည်တယ်ဆိုတာက မင်းမှာ ရှိသင့်တဲ့ အခြေခံ ကျင့်၀တ်ပဲ....."
   
    "ကျွတ်..နင်ကတော့ ဆင်ခြေတွေဘယ်လို ပေးရမလဲ ဆိုတာပဲ သိတယ်...."
   
    လင်းရီ ပြတင်းပေါက်ရှိ ခန်းဆီးများအားလုံးကို ကာလိုက်သောအခါ လင်းထိန်နေသော ဗီလာမှာ ရုတ်ချည်း မည်းမှောင်သွားတော့၏။
   
   
    ကျီချင်းရန် ထိုင်ခုံကို ကိုင်လိုက်ပြီး မျက်နှာ အနည်းငယ် နီရဲနေရင်း သူမ၏ ခါးကြင်ကြင်လေးဖြင့် Sပုံစံ ထိုင်ထ ရှစ်ခေါက်ကို သေသပ်စွာ ပြုလုပ်လိုက်သည်။
   
    ပထမအကြိမ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ကျီချင်းရန်၏ လှုပ်ရှားမှုမှာ ပိုမို ရင်သပ်ရှုမောဖွယ် ကောင်းလာသည်။ သူမ၏ နူးညံ့ပြေပြစ်သော ခန္ဓာကိုယ်လေးဖြင့် ထိုင်ထပြုလုပ်နေသည့် မြင်ကွင်းကို ပန်းချီဆွဲရပါက ပန်းချီဆရာများ လက်မှိုင်ချရလောက်သည်အထိ ရသမြောက်လွန်းသည်။
   
    တကယ်လည်း သူမ၏ လှုပ်ရှားမှုများက အမျိုးသမီးစထွင်မာများထက် သာလွန်ကြောင်း၀န်ခံရပေမည်။
   
    "ခုကတိတည်ပြီးပြီဆိုတော့..ငါတို့ ကျေပြီနော်..."
   
    "ဒါပေါ့..."
   
    "ခဏလောက် စောင့်ဦး ငါတို့ပြီးကျရင် ထွက်ကြမယ်..."
   
    ကျီချင်းရန် ရေခဲသေတ္တာဖွင့်၍ ထိုအထဲမှ အနက်ရောင် စတော်ကင် တစ်စုံကို ယူလိုက်ပြီး သူမ၏ သေးသွယ်သော ခြေထောက်လေးကို ပိုမိုပေါ်လွင်စေရန် ခြေတံရှည်ရှည်ပေါ်တွင် ၀တ်ဆင်လိုက်၏။
   
    စတော်ကင်များကို စွပ်ပြီးနောက် ကျီချင်းရန် ဘ၀င်ခိုက်နေသည့် အမူအရာဖြင့် ကိုယ့်ကိုယ်ကို မှန်ထဲတွင် ကြည့်လိုက်သည်။ သူမ၏ လက်ရှိပုံစံကို လုံး၀ ကျေနပ်အား‌ရနေသည်။
   
    "ကျုံးဟိုင်လုဟွေ့ကို သွားကြစို့..."
   
   
    ကျုံးဟိုင်လုဟွေ့မှာ အထူး ကြယ်ငါးပွင့် ပင်လယ်စာ စားသောက်ဆိုင်ကြီး ဖြစ်ပြီး ထိုစားသောက်ဆိုင်ရှိ စားဖိုမှူးမှာ လွန်ခဲ့သော နှစ်က အကောင်းဆုံးစားဖိုမှူး ကြယ် သုံးပွင့် ချီးမြှင့်ခြင်းခံခဲ့ရသည်။
   
   
    အရသာနှင့် ပြင်ဆင်မှုပိုင်းကတော့ လုံး၀ ထိပ်တန်း အဆင့်ပင်။
   
    မထွက်ခွာမီ လင်းရီ လိုက်ကာများကို ညွန်ပြလိုက်ပြီး "မင်း လိုက်ကာတွေ ပြန်မဖွင့်တော့ဘူးလား..."
   
    "တော်ပြီ..ငါပြန်ရောက်မယ့် အချိန်ကျရင်လည်း မှောင်နေလောက်ပြီ ကိုယ့်ကိုယ်ကို အပင်ပန်း ခံမနေတော့ဘူး..."
   
    လင်းရီ ခေါင်းညိမ့်လိုက်ပြီး အရင် ထွက်သွားလိုက်သည်။
   
    သို့သော်လည်း သူ အိမ်အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရပ်တန့်လိုက်မိသည်။
   
    "ဘာလို့ ဆက်မသွားတော့တာလဲ..."ကျီချင်းရန် နောက်မှ မေးလိုက်၏။
   
    "ငါနဲ့ သိတဲ့သူ တစ်ယောက်ယောက်ကို မြင်လိုက်လို့..."
   
    "ဒီမှာနေတဲ့ နင့်သူငယ်ချင်းတွေ ရှိတယ်ပေါ့...."
   
    "မဟုတ်ဘူး..ငါတောင် မနေ့ကမှ သူနဲ့ တွေ့ဖူးတာ..မင်းနဲ့ ဆိုရင်တော့ ပိုပြီး ရင်းနှီးလောက်မယ်..."
   
    ကျီချင်းရန် ကြည့်လိုက်သောအခါ သူမ၏ မိဘများ ခြံ၀န်းထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်Where stories live. Discover now