တစ်သောင်းသော မော်တယ် ကမ္ဘာ‌တွင် သေရည်ခွက် သုံးခွက်၊ နှစ်တစ်ထောင် ရေနွေးကြမ်း တစ်

61 9 0
                                    

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်

ဘာသာပြန် - ထွန်းလင်းအောင်

အခန်း (၂၁)
   
    

   
    လင်းရီ ခေါင်းညိမ့်လိုက်ပြီး " ဒီတိုင်းသွားဖို့လာဖို့ သုံးတဲ့ ပစ္စည်းလေးပါပဲဗျာ..အဲ့လောက်ကြီးလည်း ရေးကြီးခွင်ကျယ် လုပ်မနေပါနဲ့...."
   
    "သွားဖို့လာဖို့...သွားဖို့လာဖို့...."
   
    လင်းရီ၏ စကားလုံးများက ချမ်းသာခြင်းဟူသော စကားလုံး၏ အစစ်အမှန်ကို နက်ရှိုင်းစွာ ခံစားသွားရစေသည်။
   
    သန်း ၂၀ ကျော်တဲ့ ပန်ဂနီကို လိုရာသွားဖို့ ပစ္စည်းလေးသက်သက်ပဲလို့ ပြောထွက်တယ်ပေါ့....
   
    ကျုပ်ကို နောက်နေတာလား အစ်ကိုကြီး...
   
    လင်းရီ လီရှုချန်၏ ပခုံးကို ပုတ်လိုက်ပြီး "ကျုပ်အခု လစ်တော့မယ်...."
   
    "ဟုတ်ကဲ့..ဟုတ်ကဲ့ ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စက မစ္စတာလင်းကို စိတ်အနှောက်ယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်..ကျွန်တော်ကပဲ တိုင်းစကွဲက ၀န်ထမ်းတွေကိုယ်စား တောင်းပန်ပါတယ်ခင်ဗျ...နောက်တစ်ကြိမ် ထပ်လာခဲ့ဖို့ မျှော်နေပါ့မယ်...."
   
   
    လင်းရီနှင့် ရှရှင်းယွီတို့ မရေမတွက်နိုင်သော အကြည့်များ၏ အောက်တွင် ကားထဲသို့ ၀င်လိုက်ကြသည်။
   
    "ရှင်းယွီ..ဘယ်သွားချင်သေးလဲ...အိမ်ပဲ ပြန်ပို့ပေးရမလား..."
   
    "ညီမကို အိမ်ပဲ ပြန်ပို့ပေးလိုက်တော့...."ရှရှင်းယွီ ကျေနပ်အားရနေသည့် လေသံဖြင့် ပြန်ဖြေလိုက်၏။
   
    သူမ လင်းရီ၏ စူပါကားကြီးကို လိုက်စီးပြီး တိုင်းစကွဲထဲ လည်ပတ်ရတာနဲ့တင် တော်တော်ကြီး ကျေနပ်နေပြီ ဖြစ်၏။
   
   
    "ကောင်းပြီလေ..."
   
   
    ဤတစ်ကြိမ်တော့ လင်းရီ ရှရှင်းယွီကို မည်သည့်အော်ဒါမျှ မတင်ခိုင်းတော့ပေ။ မည်သို့ပင် ဆိုစေသူမတစ်ချိန်လုံး သူ့နောက်လိုက်၍ အကြံဉာဏ်များ ပေးနေ‌ သောကြောင့် သူသာ ပိုက်ဆံ တောင်းမည်ဆိုပါက
ရှရှင်းယွီမှာ ကြည်ဖြူသော်လည်း လင်းရီ၏ စိတ်အရင်းခံမှာတော့ သန့်တော့မည် မဟုတ်ပေ။
   
    ထို့ပြင် ..ထိုအရာကလည်း အော်ဒါလေး တစ်ခုပင်။  ပေါင်းသင်းဆက်ဆံရေးလောက်‌တော့ အရေးမကြီးသေးချေ။
   
    ထျန်းရီ အိမ်ယာသို့ မောင်းသွားပြီးနောက် လင်းရီ ဖုန်းတစ်လုံးကို ထုတ်၍ ရှင်းယွီထံသို့ ကမ်းပေးလိုက်သည်။
   
   
    "ရှင်းယွီ ရော့..ဒါက နင့်အတွက်.....ငါ့နောက် လိုက်ပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ ပေးတာ..."
   
   
    "ည..ညီမ အတွက်လား..."
   
    လင်းရီ သူမကို ဖုန်းပေးသောအခါ ရှရှင်းယွီ မယုံနိုင်စွာဖြင့် ရှော့ခ်ရသွားတော့၏။
   
    ဒါက သောင်းချီတန်တဲ့ ပန်းသီးဖုန်းလေ.....
   
    "ဘာလဲဖြစ်လို့...."
   
    "ဒါကတော့ သိပ်မကောင်းဘူး ထင်‌တယ်နော..ညီမက ခုလို ကားလိုက်စီးရတာနဲ့တင် ကျေနပ်လှပြီ...."
   
   
    "ယူလိုက်ပါ....ဘယ်လောက်မှ တန်ကြေးရှိတာလဲ မဟုတ်ဘူး..."
   
   
    "ကျေးဇူးပါနော် အစ်ကိုကြီးရီ..."
   
    ကားထဲမှ ထွက်လာပြီးနောက် ရှရှင်းယွီ လက်ထဲတွင် လင်းရီပေးသော ဖုန်းလေးကို ကိုင်ထားရင်း လင်းရီ ထွက်ခွာသွားသည်ကို ‌ငေးကြည့်နေမိသည်။
   
    ယနေ့အဖြစ်များက သူမအတွက်တော့ အိပ်မက် ဆန်လွန်းသည်။
   
    သူမ Didi ကို ခေါ်၍ ကောင်လေးအဖြစ် ဟန်ဆောင်ခိုင်းသော်လည်း တကယ့်တကယ်တွင်တော့ ဘ၀အတွေ့ကြုံကို ခံစားနေသည့် သူဌေးသားလေး တစ်ယောက်နဲ့ ဆုံတွေ့မိခဲ့သည်။
   
    ဘ၀က အံ့ဩဖွယ်တွေနဲ့ ပြည့်နှက်နေတာပဲ....
   
    ရှရှင်းယွီပို အိမ်သို့ ပြန်ပို့ပေးပြီးနောက် လင်းရီ မည့်သည့်အော်ဒါမျှ ဆက်၍ လက်မခံတော့ချေ။ ထိုအစား ဂျီပီအက်စ် လမ်းကြောင်းအတိုင်း ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းသို့ မောင်းသွားလိုက်သည်။
   
    ၆ကီလိုမီတာ နီးပါး ရှည်သော ပြေးလမ်းကို မြင်သောအခါ လင်းရီ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။
   
   
    ဒါက ခုကစပြီးတော့ သူ့ရဲ့ ပိုင်ဆိုင်မှုပဲ.....
   
    အ၀င်၀၌ ဆောက်ထားသော အဆောက်အအုံထဲသို့ လင်းရီ လျှောက်သွားလိုက်သည်။
   
   
    ဖွဲ့စည်းထားပုံကတော့ အခြားသော ကုမ္ပဏီများနှင့် အတူတူပင်။ အ၀င်၀၌   ဧည့်ကြိုစင်တာ အကြီးကြီး  တစ်ခုရှိပြီး ထိုစင်တာ၌ ငယ်ရွယ်သော မိန်းကလေးနှစ်ဦး ထိုက်နေသည်။ သူတို့နှစ်ဦးမှာ မနားတမ်း လေပစ်နေကြပြီး လက်ဟန်ခြေဟန်များနှင့် ပြောဆိုနေပုံကို ကြည့်ပါက သေချာပေါက် အတင်းတုပ်နေသည့်ပုံပင်။
   
   
    "နင်သိလား....ချင်းဟန်က ငါတို့ရဲ့ ကားပြိုင်ပွဲကွင်းကို လာတော့မယ်တဲ့...."ဆံပင်တိုတိုနှင့် အမျိုးသမီး တစ်ဦးမှ ပြောလိုက်သည်။
   
    "ချင်းဟန် ဆိုတာက ဘယ်သူကြီးတုန်း..."ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးမှ သိချင်စွာဖြင့် မေးမြန်းလှ၏။
   
   
    "ဟမ်..နင်ကတော်တော်လေး ခေတ်နောက်ကျနေပြီပဲ...ဝေ့ပေါ်မသုံးဘူးလား..ရှန်ဟိုင်းရဲ့ ကျော်ကြားတဲ့ အင်ပါယာ၊ချင်းဟန် ကိုတောင် မသိရင်တော့ နင်က တော်တော်လေး ခေတ်နောက်ကျနေပြီပဲ...."
   
   
    "ငါတကယ်ကြီး အဲ့ဒီသူကို မသိလို့ပေါ့ဟဲ့..."ဆံပင် ရှည်ရှည်နှင့်  အမျိုးသမီးမှ ချစ်စဖွယ် ကလေးငယ်လေး တစ်ယောက် အမူအရာဖြင့် ပြောလိုက်သည်။
   
   
    "ပြောကြတာကတော့ လူငယ်သခင်လေးချင်က ကိုယ်စားလှယ် ၀မ်ထက် ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်တဲ့..ပြီးတော့ သူ့ရဲ့ ဇစ်မြစ်ကလည်း ဆန်းကြယ်လွန်းတယ်... အခုထက်ထိ သူ့မိသားစုက ဘာလုပ်လဲဆိုတာ မသိကြသေးဘူး...."ဆံပင်အတိုနှင့် မိန်းကလေးမှ ဆွဲဆောင်မှု ရှိသည့် အမူအရာဖြင့် ပြောလိုက်သည်။
   
    "တစ်ချို့ကလည်း သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်တဲ့...တစ်ချို့ကြတော့လည်း သူ့မိသားစုက ပုန်းလျိုးကွယ်လျိုးနေတဲ့ တော်၀င် မျိုးနွယ်တဲ့...ဘာပဲဖြစ်ဖြစ် လူတိုင်းကတော့ မတူညီတဲ့ အမြင်တွေ ရှိကြမှာပဲလေ..သေချာတာ တစ်ခုကတော့ သူက အရမ်း ချမ်းသာတယ်ဆိုတာပဲ...."
   
    "အဲ့လို ပုဂ္ဂိုလ်မျိုးက သေချာပေါက် ငါတို့ စော်ကားလို့ရတဲ့သူ မဟုတ်တာတော့သေချာတယ်..."
   
   
    "ဒါပေါ့ဟယ်..တကယ်လို့တာ ငါတို့ သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ခွင့် ရမယ် ဆိုလို့ကတော့ အမြတ်ပဲ... "
   
   
    "သူ့ရဲ့ ပုံစံကတော့....အာ..တစ်ယောက်ယောက် လာနေတယ်..."
   
    တစ်စုံတစ်ယောက် လာနေသည်ကို မြင်သောအခါ နှစ်ရပ်လုံး စကားရပ်၍ ချက်ချင်း မတ်တပ် ရပ်လိုက်ပြီး
    "လူကြီးမင်းရှင့်...ဒီနေ့ ကျွန်မတို့ မဖွင့်ပါဘူးနော်..."
   
   
    "ငါဒီကို မင်းတို့ မန်နေဂျာနဲ့ တွေ့ဖို့လာခဲ့တာ...သူ့နာမည်က ကျိုးဟိုင်ထောင် ဟုတ်တယ်မလား..."
   
    "လူကြီးမင်းက ကျွန်မတို့ မန်နေဂျာဆီကနေ ဘာလိုချင်လို့လဲ မသိဘူး...."
   
   
    အကယ်၍ သူသာ သည်ကားပြိုင်ပွဲကွင်းကို ၀ယ်လိုက်တာလေ ဟု ပြောလိုက်ပါက သူမတို့နှစ်ယောက် မယုံသင်္ကာဖြင့် သူ့ကို ဟန်တားလိမ့်မည်လောဟု တွေးနေခဲ့သည်။
   
    သူ၏ လက်ရှိ အ၀တ်အစား များက သူဌေးတစ်ယောက်၏ ပုံစံနှင့် လားလားမျှ မသက်ဆိုင်ပေ။
   
   
    "ငါ့နာမည်က လင်းရီ...မင်းတို့ ငါလာတယ်လို့တာ သတင်းပို့လိုက်...."
   
    "အိုး..ဟုတ်ကဲ့ရှင့်...ခဏလောက် စောင့်ပေးပါနော်..."
    ဧည့်ပြို မိန်းကလေးမှ ပြောလိုက်သည်။
   
   
    "ဒုက္ခပေးမိပြီ..."လင်းရီ ပြောလိုက်၏။
   
   
    ဆံပင်အတိုလေးနှင့် မိန်းကလေး ထွက်ခွာတော့မည့် အချိန်တွင် တံခါးမှာ ပွင့်လာပြီး လူငယ်လေးယောက် ပြောရင်းဆိုရင်း ထွက်လာကြသည်။
   
   
    သူတို့ အားလုံးငယ်ရွယ်ကြပြီး အသက် ၂၀ အရွယ်ခန့် ရှိကြသည်။ ၀တ်စားဆင်ယင်မှု အပိုင်းကတော့ သူတို့၏ အ၀တ်များမှာ လင်းရီထက် အနည်းငယ် သာ၏။
   
    ထိုလူငယ်ထဲမှ ခေါင်းဆောင်ဖြစ်ပုံရသည့် တစ်ယောက်ကို လင်းရီ ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။
   
    ထိုသူကတော့ စောနက မိန်းကလေးနှစ်ယောက် ပြောနေကြသည့် ချင်းဟန် ဆိုသူ ဖြစ်ပုံရ၏။ချင်းဟန် ဆိုသူက ကိုယ်စားလှယ် ၀မ် ဆိုသူကဲ့သို့မောက်မာ ထောင်လွှားမနေသော်လည်း သူ၏ ဓာတ်ပုံများကတော့ ဝေ့ပေါ်တွင် အမြဲ ပျံ့နှံ့လေ့ရှိသည်။
   
    လင်းရီ ကို မြင်သောအခါ ချင်းဟန်၏ အမူအရာမှာ အကောင်းကြီး မဟုတ်သော်လည်း အနည်းငယ် စပ်စုချင်နေပုံ ပေါက်၏။
   
    "ငါမင်းတို့ကို ဒီနေ့ ဘယ်သူမှ မလာအောင် လုပ်ထားဖို့ သေချာပြောထားတယ်မဟုတ်လား...ဘာလို့ အပြင်လူ ရှိနေရတာလဲ...."
   
   
    ချင်းဟန်၏ အမေးခံလိုက်ရသောအခါ ဆံပင် အတိုနှင့် မိန်းကလေးမှာ ပျာယာ ခတ်သွားတော့သည်။
   
   
    "သခင်လေးချင်..ကျွန်မ တကယ့်ကို တောင်းပန်ပါတယ်..သူက ကျွန်မတို့ရဲ့ မန်နေဂျာ ကျိုးနဲ့ တွေ့ချင်နေလို့ပါ..."
    ဆံပင်အတိုနှင့် မိန်းကလေးမှ အသံ တုန်တုန်နှင့် ပြောလိုက်၏။
   
   
    "အဲ့တာဆိုလည်း ဖက်တီး၀မ်ကို အောက်ဆင်းလာပြီး ဒီကိစ္စကို အမြန်ဖြေရှင်းဖို့ ပြောလိုက်..ငါတို့ ဒီကနေ့ အမောင်း လေ့ကျင့်ကြမှာ ဘယ်သူကမှ ငါတို့ကို အနှောက်အယှက် ပေးမှာ မလိုချင်ဘူး.... "ချင်းဟန် ဆတ်ကနဲ့ ပြောလိုက်၏။
   
   
    "တောင်းပန်ပါတယ် သခင်လေးချင်...ကျွန်မ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်...."ဆံပင်အတိုနှင့် မိန်းကလေးမှ ထိုင်ရှိခိုးလု မတတ် တောင်းပန်ရင်း ပြောလိုက်၏။
   
   
    "သွားစို့..ကျွန်မနောက်လိုက်ပြီး ဒုတိယထပ်ကို သွားကြမယ်...သခင်လေးချင်ကို မပျော်ရွှင်အောင် မလုပ်မိစေနဲ့..."
   
    လင်းရီ ပြုံးလိုက်ပြီး "အဲ့လောက်ကြီး လိုလို့လား..သူက မင်းရဲ့ ခေါင်းဆောင်လည်း မဟုတ်ပဲနဲ့...."
   
   
    "သူက ကျွန်မတို့ရဲ့ ခေါင်းဆောင်မဟုတ်ပေမယ့် အရမ်းကို ကျော်ကြားပြီး ကျုံးဟိုင်မှာ လူတော်တော်များများ က မစော်ကားရဲတဲ့သူလေ..ရှင့်ကြောင့်သာမဟုတ်ဘူးဆိုရင် သခင်လေးချင်က စိတ်ဆိုးမှာ မဟုတ်ဘူး..."
   
    ဆံပင် အတိုနှင့် မိန်းကလေးမှ ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ ဒင်းကြောင့်သာ မဟုတ်ရင် အခုလောက်ဆို ငါတို့ အုပ်စုလိုက် ဓာတ်ပုံ ရိုက်နေလို့ ရလောက်ပြီ....
   
   
    လင်းရီ မရောက်လာခင်တုန်းကတော့ အကုန်လုံး အဆင်ပြေနေ၏။ သူရောက်လာပြီးနောက် အကုန်လုံး ပျက်စီးသွားတော့သည်။
   
   
    နှစ်ယောက်သား ဒုတိယထပ်သို့ သွားလိုက်ကြပြီး ဆံပင်အတိုနှင့် မိန်းကလေးမှ တံခါး ခေါက်လိုက်၏။
   
   
    အသံဩဩကြီး ထွက်လာပြီး
   
    "၀င်ခဲ့..."
   
    လင်းရီ တံခါးကို တွန်း၀င်လိုက်သောအခါ မဟိုဂနီ စားပွဲအနောက်တွင် လက်ထဲ၌ စာရွက်စာတမ်းများ ကိုင်ထားသော အသက်လေးဆယ်ခန့် အရွယ်ရှိသည့် ဖက်တီးတစ်ယောက်ကို တွေ့လိုက်ရသည်။
   
    "မန်နေဂျာကျိုး..ဧည့်သည်လာပါတယ်ရှင့်..."
   
    ၀င်လာသော သူကို မြင်သည့်အခါ ဟိုင်ထောင် ချက်ချင်း မတ်တပ်ရပ်လိုက်မိသည်။
   
    "မစ္စတာလင်း ကလည်း ဘာလို့ ကိုယ်တိုင်ရောက်လာတာလည်း..ကျုပ်ကို ကြိုပြောထားရင် လာကြိုမှာပေါ့ဗျ.... "
   
    "လ..လင်း..."
   
    ဆံပင်အတိုနှင့် မိန်းကလေးမှာ ခေတ္တ ရပ်တန့်လိုက်ပြ လင်းရီကို မယုံနိုင်စွာဖြင့် ကြည့်လိုက်မိသည်။ ဘယ်ကုမ္ပဏီက သူဌေးလေးလဲ...
   
    သူက အရမ်းငယ်တာပဲ....
   
    "အဲ့လောက်ကြီး လုပ်ဖို့ မလိုပါဘူး..ခင်များ ကျုပ်ကို ကိုယ်တိုင် လာကြိုလဲ တူတူပါပဲ...."
   
    ကျိုးဟိုင်ထောင် လင်းရီကို ဆိုဖာပေါ်သို့ ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ဆံပင် အတိုနှင့် မိန်းကလေးကိုအမိန့်ပေးလိုက်သည်။
   
    "ကျောက်လေး...ဘာလို့ အဲ့ဒီမှာ ဒီတိုင်း ရပ်နေတာလဲ..ငါတို့ရဲ့ ဘော့စ်လင်းအတွက် ရေတစ်ခွက် သွားယူပေးစမ်း..."
   
    "ငါတို့ရဲ့ ဘော့စ်လင်း..."
   
   
    "ကျုံးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကို ဘော့စ်လင်းက ၀ယ်လိုက်တာလေ..သူ့ကို အခုကစပြီး ဘော့စ်လင်းလို့ပဲ ခေါ်ကြရမယ်..."
   
    "၀ယ်လိုက်တယ်......."
    ဆံပင်တိုတိုနှင့် မိန်းကလေးမှာ အံ့အားသင့်လွန်း၍ စက္ကန့် အနည်းငယ်လောက် စကား မပြောနိုင် ဖြစ်သွားသည်။
   
   
    ဒီတော့ သူမ တစ်ချိန် လုံး အပြစ်တင်နေတာက သူမရဲ့ ဘော့စ်ပေါ့....
   
    ဘယ်လိုမိသားစုကများ ဆင်းသက်လာလို့ ဒီလောက် ချမ်းသာနေရတာလဲဟ...
   
    "ဟုတ်ကဲ့..သိပါပြီရှင့် ..အခုပဲ သွားလိုက်ပါ့မယ်..."
   
    ဆံပင် တိုတိုနှင့် မိန်းကလေး ရေငဲ့နေစဉ် ကျိုးဟိုင်ထောင်မှ လင်းရီကို ကြိုတင်ပြင်ဆင်ထားသော စာရွက်စာတမ်းများ ကမ်းပေးလိုက်သည်။
   
   
    "ဘော့စ်လင်း ..ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးနဲ့ စီးပွားရေး ကိန်းဂဏန်းတွေပါ..တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး.."
   
   
    "ကျုပ်ဒီလို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ဟာတွေ မကြည့်တော့ဘူး...ခင်များတို့ အရင် လုပ်နေကြ အစီအစဉ်အတိုင်းပဲသွားမယ်..တကယ်လို့ ခင်များမဖြေရှင်းနိုင်တဲ့ဟာရှိရင် ကျုပ်ကိုပဲ တိုက်ရိုက် ရီပို့ လုပ်လိုက်...."
   
   
    "နားလည်ပါပြီ..ဘော့စ်လင်း..ကျုပ်ကို အချိန်မရွေး ညွှန်ကြားချက်တွေ ပေးလို့ရပါတယ်..လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ ကျုပ်တို့ သေချာလေး ပူးပေါင်းဆောင်ရွက်ကြတာပေါ့...."
   
    လင်းရီ မတ်တပ်ရပ်၍ "ငါကိုဒီလာတာ မင်းတို့ကို အာဏာပြဖို့ မဟုတ်ဘူး..ခုက စပြီးတော့ ဒီနေရာက ငါ့ရဲ့ ပိုင်ဆိုင်မှုပဲ..ဒီတော့ ငါ့ကို သေချာလေးကြည့်ရအောင် လိုက်ပြချည်ဦး..."
   
    တစ်သောင်းသော မော်တယ် ကမ္ဘာ‌တွင် သေရည်ခွက် သုံးခွက်၊ နှစ်တစ်ထောင် ရေနွေးကြမ်း တစ်ခွက်ရဲ့ အကြောင်းရင်းအကြောင်းခံ။
    (တ-ရုတ် စကားပုံပါ  )
   
    ဤသို့ဖြင့် ထိပ်တန်း အဆင့်မြင့် ကားပြိုင်ပွဲကွင်းကြီးနှင့်အတူ သူ၏တောက်ပသော ကြယ်တစ်ပွင့် ခရီးစဉ်အတွက်  ပထမဆုံးခြေလှမ်း စတင်လိုက်တော့သည်။

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်Where stories live. Discover now