စိန်အဆင့် အဖွဲ့၀င်ကတ်

61 10 0
                                    

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်

ဘာသာပြန် - ထွန်းလင်းအောင်

အခန်း (၂၀)
   
   
 
   
    "အစ်ကိုရီ...အစ်ကိုပဲ ဆိုင်ထဲ ၀င်သွားလိုက်လေ...ညီမ ဆိုင်အပြင်ကနေ စောင့်နေပေးမယ်..."
   
    "ဘာလို့ ဆိုင်အပြင်မှာ စောင့်နေမှာလဲ...."လင်းရီ ပြောလိုက်ပြီး "၀ယ်သူဆိုတာ နတ်ဘုရားပဲ...ဘယ်နတ်ဘုရားက အပြင်မှာ မစောင့်ဘူး..."
   
    "ဒါပေမယ့်...."
   
    "ဘာမှ မဖြစ်ဘူး..သွားကြရအောင် အဲ့တာကို ငါတို့ အိမ်ကနေ လှမ်း၀ယ်လည်း ရတယ် ဒီတော့ နောက်တစ်ဆိုင်‌ကို ရွေ့ကြရအောင် အာမနီ ရှိတယ် မဟုတ်လား..."
   
    ရှရှင်းယွီ လင်းရီကို နှလုံးသားထဲမှပင် လှိုက်လှို
လှဲလှဲ ကျေးဇူးတင်မိသွားသည်။အတိအကျ ဆိုရသော် သူမ ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့၏။
   
    သူမက အမျိုးသမီးဖြစ်သော်လည်း မျက်နှာ မပျက်ရန်တော့ လိုသေး၏။ သူတို့ အကြာကြီး မလျှောက်ရသေးခင်မှာပဲ အာမနီ အမျိုးသား အထည်ဆိုင်သို့ ရောက်ရှိသွားသည်။ ဆိုင်ထဲရှိ အမျိုးသားအထည်များက‌ တော့ အတော်လေး လန်းပြီး လင်းရီလည်း အထည်အနည်းငယ်လောက် ၀ယ်သွားရန် ဆုံးဖြတ်လိုက်သည်။
   
   
    "လူကြီးမင်းနဲ့ မစ်စ် တောင်းပန်ပါတယ်..ကျွန်မတို့ဆိုင်မှာ စထွင်မာတွေ ၀င်ခွင့်မရှိဆိုတဲ့ စည်းမျဉ်းလေး ရှိနေလို့ပါ...."
   
    သူတို့ ဆိုင်ထဲသို့ ခြေမချနိုင်မီ တစ်ဖန် ရပ်တန့် ခံလိုက်ရပြန်သည်။
   
   
    "စထွင်မာတွေကကော ဘာဖြစ်နေလို့လဲ...အဲ့တာကြီးက လိုအပ်လို့လား...."လင်းရီ အနည်းကယ် ရှုပ်ထွေးငွားသည်။
   
    သူတို့ ဘယ်ဥပဒေကိုမှလည်း ချိုးဖောက်မထားဘူးလေ..ဘာလို့ ဆိုင်ထဲ ၀င်မရတာလဲဟ....
   
    "ကျွန်မတို့က ဇိမ်ခံ ပစ္စည်းတွေ ရောင်းတာလေ..အရင်ဆုံးအနေနဲ့ ဆိုင်မှာ တိုက်ရိုက်ထုတ်လွင့်တာကို ပိတ်ပင်ထားတယ်...အားမနာတမ်း ပြောရမယ်ဆိုရမယ်ဆိုရင် အဲ့လိုလုပ်တာက ကျွန်မတို့ရဲ့ စီးပွားရေးကို ထိခိုက်စေလို့ပါ..."
   
    လင်းရီ ခေါင်းကို ရမ်းလိုက်မိသည်။ သူတောင် ခုလို ၀ယ်ပြနေတာတောင်မှ သူ့အတွက် ထောင်လွှား လို့ရတယ်လို့ မခံစားရပေ။
   
    "အဲ့တာဆိုလည်း ငါ ဖုန်းကို ဖယ်ထားလိုက်မယ်လေ အဲ့လောက်ဆို လုံလောက်ပြီလား..."ရှရှင်းယွီ လင်းရီကို ထပ်မံ အရှက်မရစေချင်တော့ပေ။ ထို့ကြောင့် သူမ ယခုကဲ့သို့ ပြောရန် အတော်လေး ကြိုးစား လိုက်ရသည်။
   
   
    "အဲ့တာကတော့ မစ်စ်နဲ့ပဲ ဆိုင်ပါတယ် တကယ်လို့ မစ်စ်ကသာ ၀င်လာပြီး ၀ယ်မယ် ဆိုရင်တော့ ကျွန်မတို့ကလည်း ကြိုဆိုပါတယ်...ဒါပေမယ့် ကြည့်ရုံ သက်သက်ပဲ ဆိုရင်တော့ ကျွန်မအထင် ကျွန်မတို့ အချင်းချင်းရဲ့ အချိန်တွေကို မဖြုန်းသင့်ဘူးလို့တော့ အကြံပေးချင်တယ်...."
   
   
    "တခြားဆိုင်ပဲ သွားရအောင်"လင်းရီ ပြောလိုက်ပြီး "ဒီက ဆိုင်တွေ အားလုံးက အတူတူပဲ ဆိုတာတော့ ငါမယုံဘူး...."
   
   
    အကယ်၍ သူသာ ရှင်းယွီကို ထားခဲ့မည်ဆိုပါက မည်သူကမှ သူဆိုင်ထဲ ၀င်မည်ကို တားမြစ်မည် မဟုတ်ချေ။
   
    သို့သော်လည်း သူမ မှာ တစ်ချိန်လုံး သူ့နောက်သို့ စိတ်ရှည်စွာ လိုက်နေပြီး အကြံဉာဏ်များ ပေးနေခဲ့၏။ ထို့ကြောင့် လင်းရီ သူမကိုဒီတိုင်း နောက်၌ မချန်ထားရစ်နိုင်ချေ။
   
    သူကိုယ်တိုင်က လူကြီး လူကောင်းတစ်ယောက်လို့တော့ လင်းရီ မယူဆ‌သော်လည်း အနည်းဆုံးတော့ သူ လူကြီး လူကောင်း ဆန်ရပေမည်။
   
    "တခြား စတိုးဆိုင်တွေ သွားမယ်ဆိုရင်တောင်မှ ဒုံရင်းက ဒုံရင်းပဲ သာမန် ဘရန်းတွေက လွဲရင် ကျွန်မတို့လို နိုင်ငံတကာ ဘရန်းတွေကတော့ စထွင်မာတွေကို ၀င်ခွင့်ပြုမှာ မဟုတ်ဘူး ..ရှင်တို့ ၀င်ဖို့ ကြိုးစားရင်တောင် အငြင်းခံရဦးမယ်...ဒီတော့ တခြား နေရာပဲ သွားလိုက်ကြပါ...."LV မှ အမျိုးသမီး ၀န်ထမ်းတစ်ဦးက အကြံပေးလိုက်သည်။
   
    အခြားသော စတိုးဆိုင်မှ လူများကလည်း သူမတို့ကို မျောက်ပွဲကြည့်သလို ကြည့်နေကြသောအခါ ရှရှင်းယွီ အရှက်သည်း၍ မျက်နှာများ နီရဲလာတော့သည်။
   
    စထွင်မာတွေက အတော်လေးကို ဂုဏ်သတင်းတွေ ဆိုးရွားနေကြတာလား....
   
    သူမလည်း ဘာအမှားမှ မလုပ်ပဲနဲ့....
   
    "ငါတို့ဒီမှာ ဘာမှ ၀ယ်လို့မရမှတော့ တခြားနေရာပဲ သွားကြတာပေါ့..."လင်းရီ အခြေအနေကို ရင်ထဲမထားပဲ ပေါ့ပါးစွာ ပြောဆိုလိုက်သည်။
   
    "ကောင်းပြီလေ..."
   
    ရှရှင်းယွီလည်း ထောက်ခံ လိုက်ပြီး သူမတို့ နှစ်ယောက်သား ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်ကြသည်။ ထိုခဏတွင် ဓာတ်လှေကား တံခါးမှာ ပွင့်လာပြီး ၀တ်စုံ အပြည့် ၀တ်ဆင်ထားသော လူငယ်တစ်ဦး ထိုအထဲမှ ထွက်လာပြီး လင်းရီထံသို့ ပြေးလာခဲ့သည်။
   
    "ဟဲလို မစ္စတာလင်း...ရှာလိုက်ရတာဗျာနောက်ဆုံးတော့ ခင်များကို တွေ့ပြီ‌လေ....."
   
   
    "မင်းက ငါ့ကို ရှာနေတာ......"
   
    လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ "ငါကတော့ ငါတို့တွေ အချင်းချင်း သိတယ်လို့ မထင်ဘူးနော်...."
   
    "မစ္စတာလင်း..ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ..ကျွန်တော်က တိုင်းစကွဲရဲ့ မန်နေဂျာ လီရှုချန်ပါ..."
   
    "ဘာလုပ်မလို့ ရှာနေတာ....."
   
    "ဒီလိုပါ..လူကြီးမင်းက ၁၇.၅ မီလီယမ် တန်ကြေးရှိတဲ့ ပိတက်ခ်ဖီလစ်ပီက နာရီကို အခုလေးတင် ၀ယ်လိုက်တာကြောင့် တိုင်းစကွဲရဲ့ စိန်အဆင့် အဖွဲ့၀င်အဖြစ် တန်းရောက်သွားပါတယ်..ဒါကြောင့် မန်ဘာ
ကဒ်ကို လာပေးတာပါခင်ဗျ....."
   
    ၁၇.၅ မီလီယမ် ဒေါ်လာ....
   
    လီရှုချန်၏ စကားလုံးများက စတိုးဆိုင်ရှိ ၀န်ထမ်းများ အားလုံးကို ရှော့ခ် ရသွားစေသည်။
   
   
    သူတို့ စိတ်အခြေအနေမှာ လုံး၀ကို ဆိုးရွားသွားတော့၏။
   
    သူတို့ ဘယ်လိုတောင် စူပါ သူဌေး ကြီးတစ်ယောက်ကို ငြင်းဆန်မိတာလဲ....
   
    ဘယ်သူက သူတို့ကို ဒီလို သတ္တိတွေ ပေးလိုက်တာလဲ....
   
    လီရှုချန် အပေါ်တွင် ရွှေမှုန်များ ဖုံးအုပ်ထားသောပလက်တီနမ် ကတ်ကို လင်းရီထံ ကမ်းပေးလိုက်၏။
   
    "အဲ့လို စည်းမျဉ်းမျိုး ရှိတယ် ဆိုမှတော့..."လင်းရီ ပြုံးလိုက်ပြီး "ကျုပ် လက်ခံလိုက်ပါ့မယ်...."
   
    "ဟုတ်ကဲ့ခင်ဗျ...လူကြီးမင်းသာ ကျွန်တော်တို့ မော်လ်မှာ ၁၀ မီလီယမ်ကျော် အသုံးပြုရင်ကို စိန်အဆင့် အဖွဲ့၀င် ဖြစ်နိုင်ပါတယ်ခင်ဗျ...."
   
    "ကောင်းပြီလေ..ဒါဆိုလည်း သွားခွင့်ပြုပါဦး..."
   
    "မစ္စတာလင်း ဆက်ပြီးတော့ လျှောက်မကြည့်တော့ဘူးလားဗျ...."လင်းရီ လက်ဗလာနှင့် ပြန်တော့မည်ကို မြင်သောအခါ လီရှုချန် မေးလိုက်သည်။
   
    "သူတို့က င့ါကိုမှ ပေးမ၀င်တာ..ဒီတော့ ဘာလုပ်ဖို့လျှောက်ကြည့်ရမှာလဲ...."
   
    "သူတို့က ပေးမ၀င်ဘူး....."
   
    လီရှုချန် ခဏ ရပ်လိုက်ပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..ကျွန်တော်တို့က အဆင့်အတန်းမြင့်တဲ့ မော်လ်ပါဗျ...ဖောက်သည်တွေ ၀င်တာကို တားမြစ်မှာ မဟုတ်ပါဘူး...."
   
    "ငါ့ သူငယ်ချင်းက စထွင်မာလေ..ဒီတော့ သူတို့က ငါတို့ကို ၀င်လို့ မရဘူးတဲ့...."လင်းရီ ပြောလိုက်သည်။
   
   
    "ဖြစ်နိုင်တာက သူတို့က ငါတို့ အထဲက ပစ္စည်းတွေ ၀ယ်ဖို့ မတတ်နိုင်ဘူးလို့ ထင်လို့နေမှာပေါ့ကွာ...."
   
    "မ..မဟုတ်တာရှင်..လူကြီးမင်းကလည်း ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့...."
   
    LVမှ ၀န်ထမ်းတစ်ချို့ ထွက်လာပြီး လင်းရီရှေ့တွင် နူးနူးညွတ်ညွတ် တောင်းပန်နေကြတော့သည်။
   
   
    "ကျွန်မတို့ လူကြီးမင်းကို စော်ကားဖို့ မရည်ရွယ်ပါဘူးရှင်...ကျွန်မတို့ကို ဗွေမယူပါနဲ့နော်...."
   
   
    အမျိုးသမီး ၀န်ထမ်းများမှာ ‌သေးထွက်မတတ် စိုးရိမ် ကြောက်လန့်နေကြသည်။
   
    သူတို့က ၁၇.၅ မီလီယမ် ဒေါ်လာ တန်ကြေးရှိတဲ့ နာရီကိုတောင် ၀ယ်နိုင်မှတော့ ငါတို့ ဆိုင်ထဲက အထည်အနည်းငယ်လောက်ကို မ၀ယ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....
   
    ထို့ပြင် စိန်အဆင့် အဖွဲ့၀င်များက တိုင်းစကွဲ၌ အခွင့်ထူးခံများ ဖြစ်ကြသည်။
   
   
    အပယ်၍ သူတို့သာ မကျေနပ်ကြောင်း ကွန်ပလိန်း တက်လိုက်ပါက သူမတို့ တစ်ချက်လွှတ် အမိန့်ဖြင့် အလုပ်ထုတ်ခံရနိုင်သည်။
   
    တစ်ချိန်တည်းတွင် ဗာဆေ့စ်နှင့် အာမနီမှ ၀န်ထမ်းများကလည်း လင်းရီကို တစ်ပြိုင်တည်း မတ်တပ်ရပ်၍ နူးညွတ်တောင်းပန် ကြတော့သည်။
   
   
    "ကျွန်မတို့ အနူးအညွှတ် တောင်းပန်ပါတယ်ရှင့်.. လူကြီးမင်းကို စော်ကားဖို့ မရည်ရွယ်ခဲ့ပါဘူး..ကျေးဇူးပြုပြီး ကျွန်မတို့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက် ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင့်... "
   
    လင်းရီ အနီးပတ်ပတ်လည်ကို ကြည့်ကြည့်လိုက်သောအခါ သက်ဆိုင်ရာ ၀န်ထမ်းများက မတ်တပ်ရပ်၍ အလေးအနက် တောင်းပန်နေကြသည်ကို မြင်လိုက်ရသည်။
   
    ရှရှင်းယွီ၏ တိုက်ရိုက်ထုတ်လွင့်ခန်း ထဲတွင်တော့ လူပေါင်းများစွာ ဆင်နွဲနေသော ကာနီဗယ် ပွဲတော်ကြီး အဖြစ်သို့ ရောက်ရှိသွားသည်။
   
    "ငါကတော့ သူတို့ ဒီလောက် ပလီပလာ ပြောတတ်လိမ့်မယ်လို့ ထင်ကို မထင်ထားတာ ဇိမ်ခံ ပစ္စည်းလေးတွေ ရောင်းတာနဲ့ သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်နေကြတာ...ဘယ်သူကများ အဲ့လို သွေးနားထင်ရောက်အောင် မြောက်ပေးလိုက်လဲ မသိဘူး....."
   
    "မြန်မြန်..သူတို့ အကုန်လုံးကို ကွန်ပလိန်းတက်ပြီးတော့ အလုပ်ထုတ်ခိုင်း လိုက်တော့...."
   
   
    "သူတို့က ငါတို့ရဲ့ ကြီးမြတ်တဲ့ အစ်ကိုကြီး လင်းကို အထင်သေးရဲတယ်‌ပေါ့..သူတို့ ဘာလုပ် နေလဲ ဆိုတာ မသိဘူးလား..."
   
   
    "ဘာလို့ စထွင်မာတွေက ၀င်လို့ရတာလဲကွ...အဲ့
စထွင်မာတွေက မင်းတို့ဘိုးဘေးတွေရဲ့ အုတ်ဂူကို ဖောက်သွားလို့လား...."
   
    လီရှုချန်ကတော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် ထိုမျှ သောင်းကျန်းနေကြောင်းတော့ မသိပေ။
   
    သို့သော်လည်း သူ၏ အမူအရာကို ကြည့်ချင်းအားဖြင့် သေလောက်အောက် ဒေါသထွက်‌ နေကြောင်းတော့ ပြောနိုင်သည်။
   
   
    "မင်းတို့ကောင်တွေက ဘာဖြစ်ချင်နေကြတာလဲဟ ... ဖောက်သည်တွေကို အပေါ်ယံ ပုံစံလောက်ပဲ ကြည့်ပြီး မခွဲခြားပါနဲ့လို့ မင်းတို့ကို အကြိမ်ကြိမ် သတိပေးထားတယ်လေ... အကုန်လုံး အလုပ်ဖြုတ်ခံချင်နေကြတာလားကွ.. "
   
   
    ယခုလေးတင် လီရှုချန် လင်းရီ၏ သုံးစွဲမှုမှတ်တမ်းကို လျို့ဝှက်စစ်ဆေးထားပြီး ဖြစ်သည်။
   
    လင်းရီက ၁၇.၅ မီလီယမ်တန် နာရီကို ၀ယ်ရုံသာမက ဖုန်းအလုံး ၂၀ နှင့် နောက်ဆုံးပေါ် Mac book တစ်လုံးကိုလည်း ၀ယ်ထားပြီး ဖြစ်၏။
   
    ထိုသူက သူကြိုက်နှစ်သက်သည့် ပစ္စည်းများ တွေ့လျင် ဈေးကို ကြည့်တတ်သူမဟုတ်ပေ။ ဤဖြစ်ရပ်ကြောင့်သာ မဟုတ်ပါက နောက်ထပ် ယွမ် သောင်းအနည်းငယ်လော့ ထပ်သုံးသွားနိုင်၏။
   
    ခုတော့ ကောင်းရော...ဒီကောင်မတွေက ကြောင့် ပျက်စီးသွားပြီ...
   
    အမျိုးသမီး ၀န်ထမ်းများအားလုံး ခေါင်းကို ငုံ့ထားကြပြီး သူမတို့၏ မျက်နှာမှာတော့ ထောင်လွှားဖို့ နေနေသာသာ ဇီးရွက်လောက်သာ ကျန်တော့သည်။
   
    သူတို့၏ လက်ရှိအလုပ်လေးကို ဆက်လုပ်နိုင်ရန် တစ်ချို့ကတော့ ဆက်လက်၍ တောင်းပန်နေကြသည်။
   
   
    "တောင်းပန်ဖို့ မလိုပါဘူး..မင်းတို့ အလုပ်ကို မင်းတို့ ပြန်သွားလုပ်ကြတော့...."
   
    လင်းရီ လင်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ရှရှင်းယွီကို ခေါ်ကာ အောက်ထပ်သို့ ဆင်းသွားကြသည်။
   
   
    လီရှုချန်လည်း သူ၏ ၀န်ထမ်းများကို လက်ချာ အနည်းငယ်လောက် ရိုက်ပြီးနောက် အောက်ထပ်သို့ လင်းရီနှင့်အတူ လိုက်ပါသွားတော့သည်။
   
   
    ငါးထပ်မြောက်တွင်တော့ ဇိမ်ခံပစ္စည်း အများကတော့ ဒုတိယတန်းစား ဘရန်းများပင်။ သာမန် ဘရန်းများနှင့် နိုင်ငံခြား ဘရန်းများကတော့ ငါးလွှာ၏ တစ်၀က်လောက်ကို နေရာယူထားကြသည်။ ထို့ပြင် ဒီဇိုင်းများကလည်း ‌စုံစုံလင်လင်နှင့် သိပ်မဆိုးချေ။
   
   
    "မစ္စတာလင်း ..ဟိုး..နားလေးက  ပနားမီးရားက မစ္စတာလင်းရဲ့ ကားလား မသိဘူး..."
   
   
    ထိုကားမှာ ၂ မီလီယမ်ကျော် တန်ကြေးရှိပြီး လင်းရီ၏ အဆင့်အတန်းနှင့် ဆိုပါက ထိုကားမှာ သူ၏ကားဖြစ်လောက်၏။
   
    BWM တို့ကတော့ သူ၏ နေထိုင်မှု ပုံစံနှင့် ကိုက်ညီလောက်မည် မဟုတ်ပေ။
   
   
    လင်းရီ ခေါင်းရမ်းလိုက်ပြီး "ကျွန်တော့်ကားက ကားပါကင်ရဲ့ ဟိုဖက်မှာလေ..."
   
    လီရှုချန် လှည့်ကြည့်လိုက်သောအခါမျက်လုံးများ ပြူးကျယ်သွားပြီး  လေအေးတစ်ရှိုက် ရှုသွင်းမိလိုက်သည်။
   
   
    "ပန်....ပန်ဂနီ ဇွန်ဒါ...ဒီ..ဒီကား ယွမ်သန်း၂၀ ကျော်လောက် တန်ကြေးရှိတာလေ....."

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်Where stories live. Discover now